ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီ၏ ရိက္ခာပို့သင်္ဘောများကို ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီ၏ ရိက္ခာပို့သင်္ဘောများကို ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာတွင် အကြမ်းဖက်စစ်တပ် ရိက္ခာပို့ သင်္ဘောများကို RPG ၊ စနိုက်ပါလက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိမှန်မှုရှိခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့ ညနေ ၃ နာရီအချိန် မုံရွာမြို့နယ်၊ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်း မြစ်အတိုင်း ဆန်တက်လာသော အကြမ်းဖက်စစ်တပ် ရိက္ခာပို့ စစ်သင်္ဘော ၁၇ စီးကို ကနီမြို့နယ် အတွင်း ချင်းတွင်းမြစ်ကမ်းတနေရာမှ စောင့်ကြိုပြီး RPG ၊ စနိုက်ပါ လက်နက် ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောများကို ထိမှန်မှုရှိပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ ၊ ဗျူဟာ ၄၅ KLG PDF (ကျောက်လုံးကြီး)အဖွဲ့မှ ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

“ဒီမနက်တော့ ကနီကတော့ ထွက်သွားပြီ၊ ခန္တီးအထိ ဆက်တက်မယ်လို့ သတင်း ရတယ်။ မနေ့က တိုက်ပွဲမှာတော့ စစ်သင်္ဘောတွေကို RPG 7 နဲ့ပစ်တာထိတယ်။ စခတွေဘက်က ပြန်ပစ်တာလည်း ထန်းပင်တွေပါ ပြတ်ထွက်တယ်။ ကျနော်တို့ရဲဘော်တွေရော၊ ပြည်သူတွေရော ထိခိုက်မှုမရှိပါဘူး။ ညက လက် နက်ခဲယမ်းရိက္ခာတွေကို မီးထွန်းပြီး ချနေတုန်းမှာလည်း Rocket နဲ့ပစ်ခတ်ခဲ့သေးတယ်။ ထိခိုက်ပျက်စီးမှုကတော့ လောလောဆယ် စုံစမ်းမရသေးဘူး” ဟု ကျောက်လုံးကြီး KLG PDF တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ထို့ပြင် အကြမ်းဖက် သင်္ဘောများ ကနီမြို့သို့ ကမ်းကပ်ပြီး လက်နက်ခဲယမ်း၊ ရိက္ခာများ ချနေစဉ် အမှတ် ၁ စစ်ဒေသ ၊ ဗျူဟာ ၄၅ KLG PDF (ကျောက်လုံးကြီး)အဖွဲ့နှင့် Chindwin Rocket Brother -CRB တို့ ပူးပေါင်းပြီး Rocket များဖြင့် ပစ်ခက် တိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုများကြောင့် ချင်းတွင်းမြစ်တွင်းသွားလာလှုပ်ရှားနေသော စစ်သင်္ဘောနှင့် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၄ ၊ နမခ လက်အောက်ခံ ထပရ ၉၂၉ တပ်တို့မှ အကြမ်းဖက်စစ်သားများ ထိ ခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top