ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းရှိ ကုတင် ၁၀၀ စစ်ဆေးရုံစစ်သားများ အလံဖြူထောင် လက်နက်ချလိုက်တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၁ ရက်နေ့တွင် လေယာဉ်ကွင်းကို သိမ်းပိုက်ထားသော MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတပ်တွေက ရှေ့သို့ ချီတက်လာစဉ် လားရှိုး ကုတင် ၁၀၀ စစ်ဆေးရုံတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတိုက်ပွဲဖြစ်ပွားစဉ် MNDAA တပ်များက ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ရာ စစ်ဆေးရုံတပ်တွေ အကျဆုံးများစွာဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ၊ ပင်မရုံးချုပ်ဘက်သို့ ဆုတ်ခွာသွားတာဖြစ်ပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၏ ကိုယ်ရေးအရာရှိ သေဆုံးခဲ့သည့်အပြင် ဆေးရုံတက်ကုသမှု ခံယူနေရသည့် စစ်အရာရှိကြီးတချို့ပါ တစ်ပါတည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ဆုတ်ခွာသွားတဲ့ တပ်တွေဟာ ဒီကနေ့ မှာတော့ MNDAA ဆီမှာ လက်နက်ချလာပြီး အင်အား ရာနှင့်ချီ၍ ရှိတယ်လို့လည်း သိရပါတယ်။