“တကယ်ဆိုရင် အချစ်ပဲလိုတယ်” ဂီတပွဲတွင် စစ်အာဏာရှင် ဆန့်ကျင်ခဲ့သော အဆိုတော်တချို့ကိုပါ ထည့်သွင်းလာ

မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်၏ စီးပွားဘက် ဝေမင်းမောင် (Hay Play) စီစဥ်သည့် Novotel Hotel မှ “တကယ်ဆိုရင် အချစ်ပဲလိုတယ်” ဂီတပွဲတွင် စစ်အာဏာရှင် ဆန့်ကျင်ခဲ့သော အဆိုတော်တချို့ကိုပါ ထည့်သွင်းလာ

အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်၏ စီးပွားဖက်ဖြစ်သော ဝေမင်းမောင် (Hay Play) က စီစဥ်သည့် “တကယ်ဆိုရင် အချစ်ပဲလိုတယ်” ဂီတ ဖျော်ဖြေပွဲ ကို Novotel Hotel တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းဖျော်ဖြေပွဲတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့ကြသော အဆိုတော်များကို ထည့်သွင်းလာကြောင်း အနုပညာ အသိုင်းအဝိုင်းက ပြောဆိုသည်။

ဩဂုတ်လ ၁၀ ရက်နေ့တွင် အဆိုပါ ဖျော်ဖြေပွဲကို ပြုလုပ်မည်ဖြစ်ပြီး တေးရေး မေသော် ၏ သီချင်းများကို ဇော်ပိုင် ၊ ဟေမာနေဝင်း ၊ ချောစုခင် ၊ ဖြိုးပြည့်စုံ ၊ အိုင်ရင်းဇင်မာမြင့် ၊ ချမ်းမြေ့မောင်ချို ၊ အောင်ထက် ၊ နေမင်းအိမ် ၊ မီးနို ၊ ဂျူဝယ် ၊ ကေကေမိုး ၊ ဝတ်ရည်ထက် ၊ ဖြူဖြူဟန် နှင့် ဆုထက်လှိုင် တို့ ပါဝင်သီဆိုမည်ဖြစ်ကြောင်း ၊ယင်း ဖျော်ဖြေပွဲကို မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်၏ စီးပွားဖက်ဖြစ်သော ဝေမင်းမောင် (Hay Play) က စီစဥ်ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများ ဖျော်ဖြေပွဲတွင် ထည့်သွင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဝေမင်းမောင်နှင့် မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန် သည် Hay Play တွင် ရှယ်ယာများ ပါဝင်ထားကြောင်း၊ Hay Play ကို မြန်မာနိုင်ငံ စက်သုံးဆီများအသင်း ဥက္ကဋ္ဌ ဝင်းမြင့် ၏ သားဖြစ်သူ မြတ်မေတ္တာမွန် ဆီဆိုင်များ ပိုင်ဆိုင်သော ထက်ခိုင်ဝင်း က ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ထက်ခိုင်ဝင်းသည် ပိုင်တံခွန်နှင့် ခွေး ၁ ကောင် အဓိက သရုပ်ဆောင်ထားသော ကံကောင်း ရုပ်ရှင်ကို ထုတ်လုပ်သူလည်း ဖြစ်ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top