စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာချုပ် တည်ရှိရာ ရှမ်းမြောက် ကျောက်မဲမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တဲ့ တအာင်းတပ်မတော်-TNLA နဲ့ ပူးပေါင်းတပ်တွေကို လူထုတွေကြိုဆိုတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။
ကျောက်မဲမြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ၁ လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မနေ့ ဩဂုတ် ၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း ၂ ဖက်တပ်ဘက် ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကိုပြောပါတယ်။
ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာချုပ်(စကခ-၁)နဲ့ ခြေမြန်တပ်ရင်း-၅၀၁၊ ၅၀၂နဲ့ အမြောက်တပ် တို့ အခြေစိုက်ထားတာ ဖြစ်ပါတယ်။
ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA က ၄ မြို့မြောက်အဖြစ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကျောက်မဲတိုက်ပွဲအတွင်း လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပစ်ခတ်ခံရတာတွေကြောင့် ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ အရပ်သား ၄၀ ကျော် သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ ကျောက်မဲမြို့ သိမ်းပိုက်ခံရတာနဲ့ ပတ်သက်ပြီး တစ်စုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
၁၀၂၇ ဒုတိယလိုင်းအတွင်း နောင်ချို၊ မိုးကုတ်၊မိုးမိတ်နဲ့ ကျောက်မဲမြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Leave a Reply