ခြောက်ပစ်ကင်းပြီး သဲလဲစင်တယ်ဆိုတဲ့ အဘ

😏😏 ခြောက်ပစ်ကင်းပြီး သဲလဲစင်တယ်ဆိုတဲ့ အဘ

“တရွာလုံးနဲ့ တယောက်” ဆိုတဲ့ စကားပုံကို ကြားဖူးကြလိမ်မယ်.

၄နှစ်အတွင်း မြန်မာပြည်ကြီး ခုလို ပျက်စီးသွားရတာဟာ

(၁) အာဏာကို ဖြတ်လမ်းနည်းနဲ့ အတင်းအဓမ္မ ရယူချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကြောင့်

(၂)မဲစာရင်း ၁၂သန်းကို ခိုးယူခဲ့တဲ့ NLDပါတီနဲ့ အနီထောက်ခံသူတွေကြောင့်

(၃)ဘဏ်အပ်ငွေတွေကို ထိမ်းချုပ်ပစ်တဲ့ အမေရိကန်နဲ့ CIAကြောင့်

(၄)ရိုဟင်ဂျာတွေကိုပဲ ထောက်ပံ့ပေးတဲ့ OICကြောင့်

(၅)စီပွါးရေး ဆန်ရှင် လုပ်ခဲ့တဲ့ EU နဲ့ အနောက် ဥရောပနိုင်ငံတွေကြောင့်

(၆)ဦကျော်မိုးထွန်းကို မထုတ်ပယ်တဲ့ UNကြောင့်

(၇)နိုင်ငံတော် မတည်ငြိမ်အောင် လက်နက်စက်ရုံတွေထောင်ပြီး ထောက်ပံ့ပေးတဲ့ တရုတ်ကြီးကြောင့်

(၈)NUGကို အပြတ် ထောက်ခံတဲ့ အရှေ့တီမောကြောင့်

(၉)မူငါးချက်ကို အကြောင်းပြပြီး ထိုင်ခုံပေါ်က ကန်ချထားတဲ့ အာစီယံကြောင့်

(၁၀)အနှစ်၇၀ကျော် စစ်တပ်ကို တိုက်ခိုက်လာတဲ့ ကရင့်တပ်မတော် KNUကြောင့်

(၁၁)ဝမ်ပေါင်နိုင်ငံ ထူထောင်မယ့် KIAကြောင့်

(၁၂)နိုင်ငံက ခွဲထွက်ချင်တဲ့ ချင်းတပ် CDFတွေကြောင့်

(၁၃)ကျားဖျန့်ကို အကြောင်းပြပြီး စစ်တပ်ကို စောက်ရှက် ကွဲအောင်လုပ်ခဲ့တဲ့ MNDAAကြောင့်

(၁၄)အပစ်အခပ် ရပ်ဆဲရေးကို အခွင့်ကောင်းယူပြီး သစ္စာဖေါက်တဲ့ သစ္စာဖေါက် AAကြောင့်

(၁၅)အသိညဏ်ပညာတိမ်တဲ့ PDFကြောင့်

(၁၆)လေလှိုင်းထဲက အစိုးရ NUGကြောင့်

(၁၇)ဘဏ်ပိုင်ရှင်တွေကြောင့်

(၁၈)တဘို့တည်းသမား စီးပွားရေးလုပ်ငန်းရှင်တွေကြောင့်

(၁၉)ဆန်ကုန်သည်တွေကြောင့်

(၂၀)ရွှေကုန်သည်တွေကြောင့်

(၂၁)ဆီကုန်သည်တွေကြောင့်

(၂၂)ဝိသမ လောဘသား ငွေလဲလှယ်သူတွေ့ကြောင့်

(၂၃)”တုံး”တဲ့ “အ” တဲ့ဗမာတွေကြောင့်

(၂၄)TNLA အပါအဝင် မြောက်သုံးကောင်ကြောင့်

(၂၅)ချေးငွေနဲ့ ငွေကြေးအထောက်အပံ့တွေ ဆက်မပေးတဲ့ ကမ္ဘာ့ဘဏ်ကြောင့်

(၂၆) လာရောက် မရင်းနှီးမမြုပ်နှံတဲ့ နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းတွေကြောင့်

(၂၇)ပထဝီနိုင်ငံရေးကို နားမလည်တဲ့ ပြည်သူတွေကြောင့်

(၂၈)စာမတတ်တဲ့ တောသူတောင်သား အညာသားတွေကြောင့်

(၂၉)နိုင်ငံတော် တိုးတက်ရေးကို နှောင့်ယှက် ဖျက်ဆီးလိုသူတွေကြောင့်

(၃၀)လက်နက်နဲ့ အနိုင်ကျင့်ပြီး ဥပဒေမဲ့နယ်မြေတွေကို ရယူလိုသူတွေကြောင့်

(၃၁)အပြင်မှာစိမ်းပြီး အထဲမှာနီနေတဲ့ ဖရဲသီးတွေကြောင့်

(၃၂)ပျုစောထီးဆိုတဲ့ ပျုစောပျက်တွေကြောင့်

(၃၃)အကျင့်ပျက်ဝန်ထမ်းဆိုးတွေကြောင့်

(၃၄)ဒေါ်လာစား အကျင့်ပျက်မီဒီယာတွေကြောင့်

(၃၅)အကြမ်းဖက်တွေကို အားပေးထောက်ခံတဲ့ ပြည်သူတချို့ကြောင့်

(၃၆)အသက်ပေးပြီး တိုပ်ပွဲမဝင်ခဲ့တဲ့သူရဲဘောကြောင်တဲ့ စစ်သည်တွေကြောင့်

(၃၇)အချောင်နေရာ ယူလိုတဲ့ နိုင်ငံရေးသမားတွေကြောင့်

(၃၈)အပစ်မဲ့ ပြည်သူတွေကို အဆိပ်ခပ်တဲ့ အနုပညာရှင်အမည်ခံတွေကြောင့်…လို့ မအလက လက်ညိုးထိုးပြီး စွပ်စွဲခဲ့ပါတယ်

နိဂုံးချုပ်ရရင် တိုင်းပြည်ကြီး အခုလိုဖြစ်သွားရတာဟာ အာဏာကို ထိမ်းခဲ့ရုံသာ ထိမ်းခဲ့မိတဲ့ မအလနဲ့ စောက်တပ်မှာ ဘာအပစ်မှ မရှိပါဘူး ဆိုပဲ.

“တရွာလုံးမှာသာ အပစ်ရှိ”သတဲ့

ငိုးမ အဘ 😏

ချစ်ကိုကြီး
၇.၉.၂၄


Comments

Leave a Reply

Your email address will not be published. Required fields are marked *