ရန်ကုန် မန္တလေးက ဇိုးတွေ ဘယ်အချိန် ရှင်းခံရမလဲ

🔺ရန်ကုန် မန္တလေးက ဇိုးတွေ ဘယ်အချိန် ရှင်းခံရမလဲ🔺

တော်လှန်ရေး အားကောင်းတဲ့ အညာဒေသမှာလဲ ခေတ်အဆက်ဆက် ရဲနဲ့ပေါင်းပြီး ထောင်ထဲ ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ ခိုးဆိုးလုနှိုက်တွေ ရှိခဲ့တယ်.. အထူးသဖြင့် ဆိုင်ကယ် သူခိုးတွေ များပါတယ်..

မင်းအောင်လှိုင် အာဏာသိမ်းပြီး နောက်ပိုင်း သူခိုးဂျပိုးတွေကို ထောင်ကနေ လွှတ်ပေးခဲ့တယ်.. ခေတ်က မကောင်းရတဲ့အထဲ သူခိုးဂျပိုးရန်ပါ ကြောက်ရတော့ ရပ်ရွာက ပိုပြီး မအေးမချမ်း ဖြစ်ရပါရောလား..

မကြာပါဘူး လက်နက်ကိုင် တော်လှန်ရေး စဖြစ်လာတယ်..

တူမီးခေတ်ကတည်းက အညာဒေသ တချို့မြို့တွေမှာ တော်လှန်ရေး ရဲဘော်တွေက သူခိုးဂျပိုးတွေကို စပြီး ရှင်းလင်းရေး လုပ်ခဲ့တယ်.. ပစ္စည်းခိုးရုံမက ပြည်သူတွေကိုပါ ရန်ရှာလေ့ရှိတဲ့ နာမည်ထွက်ပြီးသား လက်ရဲဇက်ရဲ သူခိုးဂျပိုးတွေကိုတော့ ထောင်ကထွက်လာလို့ မိတာနဲ့ ကိစ္စတုံး လုပ်ပလိုက်တယ်..

နောက်လိုက်နောက်ပါ အစွယ်အပွား သူခိုးဂျပိုးတွေကိုတော့ သက်ဆိုင်ရာ နယ်မြေတွေမှာ မလှုပ်ရှားဖို့နဲ့ ကောင်းကောင်းမွန်မွန် နေထိုင်ကြဖို့ သတိပေးပြီး တော်လှန်ရေး တပ်တွေက နယ်နှင်ဒဏ် ပေးတယ်.. သတိပေးထားတဲ့ကြားထဲကမှ ပြစ်မှု ကျူးလွန်လား.. မိတာနဲ့ ဆန်ကုန် မခံဘူး အပြတ်ရှင်းပလိုက်တယ်..

အခုတော့ တော်လှန်ရေး အားကောင်းတဲ့ အညာဒေသမှာ ခေတ်အဆက်ဆက်က နာမည်ရှိခဲ့တဲ့ သူခိုးဂျပိုးတွေ တစ်ကောင်မှ မရှိတော့ဘူး.. အုပ်စုဖွဲ့ပြီး စစ်ကြောင်းလိုက် ခိုးတဲ့ စစ်ခွေး ရဲခွေးတွေပဲ ရှိတော့တာ.. ဒါလဲ တစ်နှစ်မှ တစ်ခါလောက်ပဲ ထွက်ခိုးနိုင်ကြတော့တာပါ..

ရန်ကုန် မန္တလေးက ဇိုး အမည်ခံထားတဲ့ သူခိုးဂျပိုးကောင်တွေ ဆိုတာ တစ်ဦးချင်း တစ်ယောက်ချင်း ဇ ရှိကြတဲ့ ကောင်တွေ မဟုတ်သလို အုပ်စုလိုက် သောင်းကျန်းတာတောင်မှ လက်နက်မဲ့ ပြည်သူကိုပဲ ရမ်းကားရဲတဲ့ ငစနူကောင်တွေ..

တကယ် ဇ ရှိတဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ ဒီကောင်တွေ တွေ့ကြည့်ပါလား.. ဘာဖြစ်သွားမလဲလို့.. 😅

အခုတော့ ကြောင်မရှိ ကြွက်ထ ဆိုသလို တော်လှန်ရေး ရဲဘော်တွေ မြို့ပေါ်ကို ခြေမချနိုင်ခင် ခဏသာ ဒီကောင်တွေ ဇောင်းကြွရဲတာပါ.. ရော်ဘဲတွေ မြို့ပေါ် ရောက်တာနဲ့ ဇိုး ဆိုတဲ့ ကောင်တွေလဲ ရှောက်သီးဆေးပြားသည်တွေ ဖြစ်ကုန်ပြီး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်မှာ မယုံရင် စောင့်ကြည့်လိုက်..

ဘူမသိ ကိုးမသိ အူကြောင်ကြား တစ်ကောင် နှစ်ကောင်လောက်တော့ ကျန်ကောင်းကျန်နေလိမ့်မယ်.. အဲ့ကောင်တွေကတော့ ထုံးစံအတိုင်း သုတ်သင်ခံရမှာပါပဲ..

ဒီပွဲက စစ်အာဏာရှင်ကိုပဲ အမြစ်ပြတ် သုတ်သင်ရမယ့်ပွဲ မဟုတ်ဘူး.. သူတို့ရဲ့ ခိုင်းဖတ် အစေအပါးတွေကိုပါ အမြစ်ပြတ် သုတ်သင်ရမယ့်ပွဲမို့ အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စုမှာ တိုင်းပြည်အတွက် ဘယ်နေရာမှ သုံးစားမရတဲ့ သူခိုးဂျပိုး ဇိုး ဆိုတဲ့ ငစနူတွေကို အရှင်ထားလို့ မရပါဘူး.. သေချာပေါက်ကို သုတ်သင်ရမှာပါ..

ခွေးရူးကောင်းစား တစ်မွန်းတည့် ဆိုရင် ဇိုးကောင်းစား ငပေါက် တစ်သက်ပေါ့လေ.. မန္တလေးကတော့ သိပ်မကြာတော့ပါဘူး.. ဒီကောင်နဲ့အတူ ဇိုး ဇာတ် သိမ်းတော့မှာ.. 😇


Comments

Leave a Reply

Your email address will not be published. Required fields are marked *