Missဝင်ပြိုင်နေတဲ့ သဲသဲကို Boycott လုပ်ဖို့ တော်လှန်ပြည်သူတွေကို အသိပေး

Missဝင်ပြိုင်နေတဲ့ သဲသဲကို Boycott လုပ်ဖို့ တော်လှန်ပြည်သူတွေကို အသိပေး

Missဝင်ပြိုင်နေတဲ့ သဲသဲကို Boycott လုပ်ဖို့ တော်လှန်ပြည်သူတွေကို အောက်တိုဘာ၂၁ရက် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက အသိပေးဆိုထားပါတယ်။

“Missတစ်ယောက်ဟာ နိုင်ငံ တစ်နိုင်ငံရဲ့ ဂုဏ်ဆောင်တဲ့။အဲ့လိုလူတစ်ယောက်ဟာ ကိုယ့်နိုင်ငံ့အရေး မပြောနဲ့၊ ကိုယ့်နိုင်ငံကို ဖျက်ဆီးနေတဲ့

– နိုင့်ထက်စီးနင်း အကြမ်းဖက်မှုတွေ၊

– ရက်စက်စွာ သတ်ဖြတ်ခံရမှုတွေ၊

– အပြစ်မဲ့ ပြည်သူတွေဆီကပါ အသက်၊ အိုးအိမ် လုယူ ဖျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ တစ်ခွန်းမှ ဟမသွားတာဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်လို့ ပြောရင် ဒီနိုင်ငံဟာ ဂုဏ်သိက္ခာမဲ့ရာ ကျသွားပါလိမ့်မယ်။ Miss နဲ့ နိုင်ငံရေး ဘာမှမဆိုင်ဘူးဆိုသူတွေကို မေးချင်တာက အဲ့ဒီ ပြိုင်ပွဲရဲ့ Concept & Moto (ဆောင်ပုဒ်) ဖြစ်တဲ့ ” Stop the War and Violence” ဆိုတာနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ဘယ်ဘက်မှမပါဘဲတောင် Speak out ဘာလို့ လုပ်မသွားရတာလဲ”လို့ဆိုပါတယ်။

နိုင်ငံအတွက် ဘာအကျိုးပြုမှုမှမရှိဘဲ အချိန်တစ်ခုရောက်တဲ့အခါ ပြည်သူတွေဆီကပဲ ပိုက်ဆံတွေ သဲ့ယူသွားတဲ့ Organization နဲ့ Miss အပါအဝင် အားလုံးကို အပြင်းအထန် ရှုံ့ချတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစုကဖော်ပြပါတယ်။

“ဒီလို အကျိုးမရှိဘဲ ပြည်သူတွေဆီကသာ အမြတ်ထုတ်နေတဲ့ပွဲတွေကြောင့် လူတွေကြားရောက်သင့်တဲ့ သတင်းတွေ ဘယ်လောက်တောင် အမှောင်ဖုံးနေခဲ့ပြီးပြီလဲ သတိပြုမိကြရဲ့လား။ မတရားမှုကို မျက်ကွယ်ပြုသူတို့ဟာ မတရားမှု ကျူးလွန်သူတွေကို အားပေးအားမြောက်ပြုရာ ရောက်ကြောင်း ထပ်မံ သတိပေးရင်း ဒီလိုလူတွေကို Boycott လုပ်ဖို့ တော်လှန်ပြည်သူတွေကို သတိပေးလိုက်ရပါတယ်”လို့ ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *