ဟ — အဘကို ထူကြဦး။ 😂😂
❝ ICC က ဖမ်းဝရမ်းထုတ်ပါပြီတဲ့။ တကယ်ဖမ်းမှာမို့လား— ဟဟ ❞ လုပ်နေ၊ ဟိုကဖြင့်မူးလဲနေပြီ။
❝ အေး..တကယ်ဖမ်းချင်မှ ဖမ်းမှာ သိသားပဲ— ဟဟ ❞ နင်တို့ ဘောမတွေ ကလည်း နားဝေးလိုက်တာ။ ဖမ်းတာ၊ မဖမ်းတာ အဓိကမဟုတ်ဘူး။
နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) က ‘လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်တဲ့ ရာဇဝတ်ကောင်’ လို့ တံဆိပ်တပ်ခံလိုက်ရတာ ငါတို့အတွက် အရမ်းကိုမြတ်တာ။
မင့်တို့ အဘ မင်းအောင်လှိုင် နာမည်က ICC မှာ ကမ္ဘာတည်သရွေ့တည်ရှိနေမှာ ပြဿနာပဲကွ။
အဲ့ဒီ့ နာမည်ဆိုးကြီးက မင့်အဘ မင်းအောင်လှိုင်ရဲ့တစ်သက်တာလုံး နောက်ယောင်ခံလိုက်နေမယ်၊ နောင်လာနောက်သား မျိုးဆက်တွေက အဲ့ဒီ့အရိပ် အောက်မှာနေရမှာနော်။
ကမ္ဘာ့သတင်း မီဒီယာတွေမှာ မင့်အဘ နဲ့ ICC အတူတွဲပါလာတာကို နေ့တိုင်း မီးမောင်းထိုးနေတာ အမြတ်..။
လက်ရှိ သူတို့နဲ့လက်တွဲနေတဲ့ (သို့) လက်တွဲဖို့ စိတ်ကူးနေတဲ့ စီးပွားရေးသမားတွေ လက်တွန့်၊ အရှိန်လျော့သွားတာက အမြတ်။
ဘောမတွေ ကြားမှာ “အဘ တရုတ်ဆီပြေး.. ရုရှားဆီပြေးလည်း အခြေအနေက မကောင်းသေးပါလား” လို့ တွေးမိသွားတာဟာ အမြတ်။
ကမ္ဘာအနှံ့က မြန်မာ့အရေး activist တွေဟာ သူတို့အသိုင်းအဝိုင်းကြားမှာ “ငါတို့ တောက်လျှောက် ဆန့်ကျင် တွန်းလှန်နေတာဟာ ဒီမိစ္ဆာကောင်ပဲ” လို့ အသံကျယ်ကျယ်နဲ့ လက်ညိုးထိုးပြပြီး မိုတီယူလို့ ရတာဟာ အမြတ်။
ဒီလို လူဆိုးခေါင်းဆောင်လို့ အမည်တပ်ခံရတာ ကမ္ဘာမှာ ဘယ်နှစ်ယောက် ရှိလို့လဲ။ စာဖတ်ဦးဟေ့..။
ခေတ်သစ်သမိုင်းမှာ ဒီလိုနာမည်ကြီးတဲ့ ခေါင်းဆောင် ဘယ်နှစ်ယောက်ရှိလဲ။ အကြမ်းဖက်တွေနဲ့ တန်းတူနော်။
တကယ် အရေးယူခံရသည် ဖြစ်စေ မခံရသည် ဖြစ်စေ ..လတ်တလော အကျိုးကျေးဇူးတွေက အများကြီး။
ဖမ်းတာ မဖမ်းတာ လာငြင်းမနေနဲ့။ အကျိုးဆက်တွေက နေ့တိုင်းနေ့တိုင်း—
ကမ္ဘာက အာရုံစိုက်လာတယ်။ မြန်မာမှာ စီးပွါးရေးပျက်နေတာရယ်၊ တက်ကြွလှုပ်ရှားသူတွေကို ဘယ်လောက် ရက်စက်လိုက်မလဲတွေးလာကြတယ်။ လာမေးကြတယ်။
ဝရမ်းထွက်လာရင် တရားခံပြေးလို့ တံဆိပ်ကပ်ခံရဦးမှာ..။
အခုတောင် “ဝရမ်းပြေး..ဘာညာ” ရိုက်ခတ်သွားပြီ။ တောင်ကိုရီးယားမှာ လာမေးနေကြတယ်။ အနည်းဆုံးတော့ ‘ဒီလူဟာ လူသတ်သမား’ ဆိုတာ ခေါင်းထဲဆွဲကုန်ကြတာ။
ဘောမတွေအတွက် တရုတ် သို့မဟုတ် ရုရှားပဲရှိတော့တယ်။ ပြေးကြ၊
ပရော်ဖက်ရှင်နယ်လေသံနဲ့ပြောရရင်
“နိုင်-ငံ-ရေး-သေ-တာ’’။
▬▬▬▬▬▬▬▬
Leave a Reply