မင်းအောင်လှိုင် ဝန်ခံရပြီ

မင်းအောင်လှိုင် ဝန်ခံရပြီ

ဒါမှမဟုတ်

အရင်က အောက်လက်ဝန်ကြီးဌာနတွေကစာရင်းလိမ်တင်ခဲ့လို့ ဆိုပြီး အောက်လက်တွေအပေါ်ပုံချတော့မှာလား?

NLD အစိုးရဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ သူလည်းတတ်နိုင်သလောက်လုပ်ခဲ့မှာပါ။

ဒါပေမယ့် သူအုပ်ချုပ်လိုက်ပြီးမှတိုင်းပြည်စီးပွားရေးဦးမော့လာခဲ့တယ်လို့ လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ပေမယ့် ယခုအခုမှာတော့ မြေပြင်အခြေအနေနဲ့စာရင်းအခြေအနေတွေကွဲပြားနေတယ် စီးပွားရေး ကျရှုံးနေတာကိုထုတ်ဖော်ပြောကြားလာရပါပြီ။

သူညံ့လို့ ဝန်မခံချင်လို့ အောက်ကစာရင်းလိမ်တင်တာခံရတယ်ဆိုပြီး အပြစ်တွေကိုငယ်သားတွေဆီပုံချလိုက်တာပါ။

လက်ရှိတိုင်းပြည်အာဏာက မင်းအောင်လှိုင်လက်ထဲမှာပါ။

တိုင်းပြည်ရဲ့ကောင်းခြင်း ဆိုးခြင်းကို မင်းအောင်လှိုင် အပြည့်အဝတာဝန်ယူရမှာပါ။

NLD လက်ထက်လျှပ်စစ်မီးကို တောရွာတွေထိ တိုးချဲ့မီးပေးနိုင်ခဲ့ပေမယ့် မင်အောင်လှိုင်လက်ထက် တိုင်းပြည်ရဲ့လျှပ်စစ်လိုအပ်ချက် 35% သာပေးနိုင်တော့တဲ့ထိ ဆုတ်ယုတ်လာခဲ့တာပါ။

ဒါကလိမ်မရပါဘူး

တတိုင်းပြည်လုံးအရှင်းကြီးမြင်တွေ့ခံစားနေရတာကို လျှပ်စစ်လုံလောက်ပါတယ်လိမ်ညာလို့မရပါဘူး။

အဘက်ဘက်ကကျဆုံးနေတဲ့ တိုင်းပြည်အခြေအနေကို အရင်လိုပြန်လုပ်နိုင်ဖို့ မင်းအောင်လှိုင် ဘာမှမတတ်နိုင်တော့ပါဘူး။

သူလုပ်နိုင်တာက ကျန်တဲ့နေရာတွေထပ်ဖျက်စီးမယ် ပြည်သူကိုရန်သူလိုသဘောထားမယ်ဆိုတာပဲ တတ်နိုင်ပါတော့တယ်။

လက်လွတ်လိုက်ရတဲ့နေရာတွေကို ပြန်ရယူဖို့ ဘယ်လိုမှမတတ်နိုင်တော့ဘဲ လက်လွတ်လိုက်တဲ့နေရာကို အုပ်ချုပ်ခွင့်မရအောင် အစွမ်းကုန်ဖျက်ဆီး ပြာပုံဘဝရောက်အောင်သာလုပ်နိုင်တော့တာပါ။

ဆုတ်လဲစူးစားလဲရူးဘဝကိုရောက်နေပါပြီ။

ရှေ့တိုးတော့တံပိုး နောက်ဆုတ်မယ်ဆိုတော့လှည်းအိမ် ဆိုသလို ဖြစ်နေပါပြီ။

သူတိုထောက်ခံတဲ့မီဒီယာတွေ အားပေးသူတွေတောင် စိတ်ဓာတ်ကျ နေကြပါပြီ။

ပေါက်တဲ့နဖူးမထူးဘူးဆိုပြီး ကျားကျားမီးယပ်လုပ်နေတဲ့ တချို့သာကျန်ပါတော့တယ်။

တဖြေးဖြေး ဘေးထွက်ထိုင်ကုန်ကြပါပြီ။

တဘက်ကတော်လှန်ရေးအရှိန်ကတော့ ရွာလုံးကျွတ်မီးရှို့ရင် ရွာလုံးကျွတ်တော်လှန်မယ် ဆိုတဲ့စိတ်က ခိုင်မာလာခဲ့တာပါ။

ကိုယ်စိုက်တာ ကိုယ်ပြန်ရိတ်သိမ်းရမယ့်အချိန်ရောက်ပါပြီ။

ဆက်တောင့်ထားပါပြည်သူတို့

မကြာခင် ပြည်သူတွေမြင်ချင်တဲ့မြင်ကွင်းရှင်းရှင်းလင်းလင်း မြင်ရတော့မှာပါ။

အရေးတော်ပုံအောင်နေပြီ။

Lawka Parla


Comments

Leave a Reply

Your email address will not be published. Required fields are marked *