‘ငါ့အကြောင်းသိစေရမယ်ကွ’ လို့ ခြိမ်းခြောက်တဲ့ စစ်အုပ်စုဒေါက်တိုင် အုပ်ချုပ်ရေးမှူးကို တော်လှန်ရေးတပ်ဖွဲ့တွေ ရှင်းလင်း

မကွေးတိုင်း ပွင့်ဖြူမှာ စစ်အုပ်စုရဲ့အဓိကဒေါက်တိုင်အဖြစ် ကျေးရွာနေပြည်သူတွေကို စစ်သင်တန်းတက်ဖို့ ပို့ ဆောင်ပေးနေပြီး တော်လှန်ရေးအင်အားစုတွေကို ငါ့အကြောင်းသိစေရမယ်ကွလို့ ခြိမ်းခြောက်စာပို့တဲ့ အုပ်ချုပ်ရေး မှူးကို ရှင်းလင်းပစ်ခဲ့တယ် လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း သတင်းနဲ့ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးက ပြောပါ တယ်။ ပွင့်ဖြူမြို့ ဆည်တော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းဟာ ဆည်တော်ကျေးရွာမှာ ပျူစောထီး အဖွဲ့ ဖွဲ့စည်းတာ၊ ကျေးရွာနေပြည်သူတွေကို စစ်သင်တန်းတတ်ဖို့ ပို့ဆောင်တာ၊ ငွေကြေးကောက်ခံတာတွေ အပြင် တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ နေရာကို စစ်တပ်ကို သတင်ပေးမယ်လို့ ခြိမ်းခြောက်နေခဲ့တာတွေကြောင့် အခုလို ရှင်းလင်းခဲ့တာလို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဆိုပါတယ်။ “ပွင့်ဖြူမြို့နယ်ထဲက မင်းဘူးခရိုင်တပ်ရင်းတွေကို နေရာပြောင်းရွှေ့ဖို့ သတိပေးစာ‌ လာရောက်ပို့ ဆောင်ခဲ့တာ ဖြစ်ပြီး … Read more

ညောင်လေးပင်၊ ရွှေကျင်နှင့်ဖာပွန်တို့တွင် နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်သား ၃၀ ဦး ထက်မနည်း ထိခိုက်သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တို့တွင် နိုဝင် ဘာလ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း Spring Warriors Column မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖာပွန်ခရိုင်၊ တပ်ရင်း – ၁ (P27001) – Spring Warriors Column စစ်သည်ရဲဘော်တို့များအနေဖြင့် မဟာမိတ်တပ်ဖွဲ့များနှင့်ပူးပေါင်းကာ မြေပြင်စစ်ဆင်ရေး ၂ နေရာနှင့် Drone စစ်ဆင်ရေး ၁ နေရာ စုစုပေါင်း စစ်ဆင်ရေးနေရာ ၃ ခု ဖော်ဆောင်ခဲ့ရာ မြေပြင် တိုက်ပွဲ ၁၁ ကြိမ်နှင့် Drone စစ်ရေး ၈ ကြိမ် … Read more

ထီးလင်းမြို့ကို စစ်တပ်က ဗိုလ်ကြီး ၄ ဦးဖြင့် အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေပြီး တိုက်ပွဲတွင် ၁ ဦးသေဆုံးသွား၍ အစားထိုး ခန့်အပ်ရန် လုပ်ဆောင်နေ

ထီးလင်းမြို့ကို စစ်တပ်က ဗိုလ်ကြီး ၄ ဦးဖြင့် အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေပြီး တိုက်ပွဲတွင် ၁ ဦးသေဆုံးသွား၍ အစားထိုး ခန့်အပ်ရန် လုပ်ဆောင်နေ စစ်သား အင်အား ၁၀၀ ခန့်သာ ကျန်ရှိတော့၍ မြို့ပေါ်ကိုသာ စိုးမိုးနိုင်တော့ မကွေးတိုင်း၊ ထီးလင်းမြို့ကို အကြမ်းဖက် စစ်တပ်က ဗိုလ်ကြီး ၄ ဦးဖြင့် အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေပြီး တိုက်ပွဲတွင် ၁ ဦးသေဆုံးသွား၍ အစားထိုး ခန့်အပ်ရန် လုပ်ဆောင်နေပြီး စစ်သား အင်အား ၁၀၀ ခန့်သာ ကျန်ရှိတော့၍ မြို့ပေါ်ကိုသာ စိုးမိုးနိုင်တော့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ သခန်းကြီးတိုက်ပွဲတွင် ဗိုလ်ကြီး ၄ ဦးထဲမှ … Read more

ဟ — အဘကို ထူကြဦး

ဟ — အဘကို ထူကြဦး။ 😂😂 ❝ ICC က ဖမ်းဝရမ်းထုတ်ပါပြီတဲ့။ တကယ်ဖမ်းမှာမို့လား— ဟဟ ❞ လုပ်နေ၊ ဟိုကဖြင့်မူးလဲနေပြီ။ ❝ အေး..တကယ်ဖမ်းချင်မှ ဖမ်းမှာ သိသားပဲ— ဟဟ ❞ နင်တို့ ဘောမတွေ ကလည်း နားဝေးလိုက်တာ။ ဖမ်းတာ၊ မဖမ်းတာ အဓိကမဟုတ်ဘူး။ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) က ‘လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်တဲ့ ရာဇဝတ်ကောင်’ လို့ တံဆိပ်တပ်ခံလိုက်ရတာ ငါတို့အတွက် အရမ်းကိုမြတ်တာ။ မင့်တို့ အဘ မင်းအောင်လှိုင် နာမည်က ICC မှာ ကမ္ဘာတည်သရွေ့တည်ရှိနေမှာ ပြဿနာပဲကွ။ အဲ့ဒီ့ နာမည်ဆိုးကြီးက မင့်အဘ မင်းအောင်လှိုင်ရဲ့တစ်သက်တာလုံး နောက်ယောင်ခံလိုက်နေမယ်၊ နောင်လာနောက်သား မျိုးဆက်တွေက အဲ့ဒီ့အရိပ် အောက်မှာနေရမှာနော်။ … Read more

ပွင့်ဖြူမြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေ၊ လက်နက်ခဲယမ်းအချို့ရဟု PDF ခရိုင်တပ်ရင်းပြော

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ် – မုံရွာလမ်းပိုင်းရှိ စစ်ကောင်စီ၏ မဲဇလီ-ဆည်တော်ကြိုးတံတားစစ်ဆေးရေးဂိတ်အား ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ဦး သေဆုံးပြီး လက်နက်ခဲယမ်းအချို့ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ နိုဝင်ဘာ ၂၇ ရက် နံနက် ၆ နာရီခွဲခန့်က မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ဆည်တော် ကြိုးတံတား ဆည်တော်ဘက်ခြမ်းကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်စဥ် အဆိုပါဂိတ်ရှိ စစ်ကောင်စီတပ်သား ၃ ဦးသာရှိပြီး မိနစ် ၂၀ခန့်တိုက်ခိုက်ပြီးနောက် စစ်သားတစ်ဦးသေဆုံးကာ နှစ်ဦးထွက်ပြေးသွားခဲ့သည်။ ထို့နောက် ထွက်ပြေးသူနှစ်ဦးကိုပါ လိုက်လံပစ်ခတ်ရာ တစ်ဦးထပ်မံသေဆုံးကြောင်း မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်က ပြောသည်။ “သူတို့က မဲဇလီစခန်းဘက်ကို ပြေးတာ။တံတားရဲ့ မဲဇလီဘက်ခြမ်းကို။ သေဆုံးတစ်ဦးကို အကာကွယ်ယူပြီးပြန်ပစ်တာ”ဟု ၎င်းက … Read more

ထီးလင်းတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၄ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိ

ထီးလင်းတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၄ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျောက်ထုမြို့မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ၄ ရက်တာ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၂၄ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ လည်း သိမ်းဆည်းရရှိခဲ့ကြောင်း Yaw Army – YA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် နာရီအချိန် ထီးလင်းမြို့မှ ထွက်ခွာလာသော အင်အား ၈၀ ကျော်ပါ အကြမ်း ဖက်စစ်တပ် စစ်ကြောင်းက … Read more

Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်နှင့်တွေ့ဆုံခြင်း

“မင်းအောင်လှိုင်က ကမ္ဘာ့ချဉ်ဖတ်။ ဝရမ်းပြေး ဘဝနဲ့တော့ နိုင်ငံကို အုပ်ချုပ်လို့ ရမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ဒီ ဝရမ်းပြေးဘဝနဲ့ နိုင်ငံတွင်းမှာ နေလို့ရတယ်။ အာဏာကို ဆက်ပြီး ကိုင်ထားဖို့ တော်တော်လေးကို ခဲယဉ်းတယ်” Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်နှင့်တွေ့ဆုံခြင်း ရခိုင်ပြည်မှ ရိုဟင်ဂျာတွေနဲ့ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတာကြောင့် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ပေးဖို့ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)ရဲ့ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့ လျှောက်ထားလိုက်ပါတယ်။ အဲဒီလို ICC က ဖမ်း၀ရမ်းထုတ်မယ့် အာရှမှ စစ်ခေါင်းဆောင်တစ်ဦးဖြစ်လာမယ့် … Read more

ဟားခါးရှိ စစ်တပ်စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်

ဟားခါးရှိ စစ်တပ်စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ၂၀ ဦးနီးပါးသေဆုံးကာ လက်နက် ၅၇ လက်၊ ဒရုန်းနှင့် ခဲယမ်းများ ရရှိ၊ ဟားခါးတိုက်ပွဲများတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၃ ဦးသေဆုံး ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါးနှင့် ထန်တလန် အကြား သီမြစ်ချောင်းအနီးမှ စစ်ကောင်စီတပ်စခန်းများ၊ ဟားခါးမြို့ကာကင်းစခန်းများ စုစုပေါင်း စစ်ကောင်စီတပ်စခန်း ၄ ခုကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း CNA သတင်းရင်းမြစ်က ပြောဆိုသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့ ဟားခါး နှင့် ထန်တလန်အကြားရှိ သီမြစ်စခန်း၊ Umpu Puaknak စခန်း၊ Nawn Thlawk Bo စခန်း နှင့် Kiamtlang/Ruavazung စခန်းများကို ချင်းပြည်အစိုးရ … Read more

ရန်ကုန်မှာ ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် အစည်းအဝေးတစ်ခုအပြီး မူးလဲလို့ ဆေးကုလိုက်ရ

ရန်ကုန်တိုင်းကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုဝင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခု အပြီးမှာ မူးလဲသွားခဲ့တာကြောင့် ခေတ္တခဏ အနားယူခဲ့ရပြီး ဆေးကုသခဲ့ရတယ်လို့ ခိုင်မာတဲ့အရင်းအမြစ်ထံက သိရပါတယ်။ မင်းအောင်လှိုင်ဟာ ဖိအားများနေပြီး အိပ်မပျော်တာကြောင့် ယခင်ကတည်းက အိပ်ဆေးသောက်ပြီး အိပ်နေရတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်ထံက သိရပါတယ်။ မင်းအောင်လှိုင်ဟာ အသက်အားဖြင့် ၆၈ နှစ်အရွယ် ရောက်ရှိနေပြီ ဖြစ်တာကြောင့် ခန္ဓာကိုယ်ကျန်းမာရေးဟာ တစ်နေ့တစ်ခြား ယုတ်လျော့လာတာဖြစ်သလို တနိုင်ငံလုံးမှာလည်း စစ်ရေးရှုုံးနိမ့်နေတာကြောင့် ဖိအားတွေ များနေတဲ့အပြင် ICC မှာလည်း ဖမ်းဝရမ်း ထုတ်ဖို့ လျှောက်ထားခံရတဲ့အတွက် ဖိအားတွေ ပိုမိုတိုးလာရတာကြောင့် မူးလဲတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ICC ရှေ့နေချုပ် Karim A.A. Khan KC … Read more

ပျူစောထီး မင်းမင်း သေဆုံးပြီးနောက် အလောင်း ပြန်လည်မရရှိသေး၍ ရှာဖွေနေ

နာမည်ကျော် မဘသ၊ သွေးသောက်အဖွဲ့ဝင်နှင့် အစွန်းရောက် အမျိုးသားဝါဒီ၊ စစ်တပ်လော်ဘီ ပျူစောထီး မင်းမင်း သေဆုံးပြီးနောက် အလောင်း ပြန်လည်မရရှိသေး၍ ရှာဖွေနေ ၊ သွေးကြွေးကို လက်တုံ့ပြန်မည်ဟု အစွန်းရောက် အမျိုးသားရေးသမားများ ကြွေးကြော် နာမည်ကျော် မဘသ၊ သွေးသောက်အဖွဲ့ဝင်နှင့် အစွန်းရောက် အမျိုးသားဝါဒီ၊ စစ်တပ်လော်ဘီ ပျူစောထီး မင်းမင်း သေဆုံးပြီးနောက် အလောင်း ပြန်လည်မရရှိသေး၍ ရှာဖွေနေပြီး အလောင်းနှင့် ခေါင်းပါ ပြန်လည်ရရှိရေး ကြိုးစားရှာဖွေနေကြောင်း အစွန်းရောက် အမျိုးသားရေးသမားများက ပြောဆိုသည်။ နိုဝင်ဘာလ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်အချိန် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းရန် နေပြည်တော်၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော် -တောင်ညိုလမ်းအတိုင်း ကားဖြင့် ဆင်းလာသော အကြမ်းဖက်စစ်တပ် လော်ဘီအကြီးစား မင်းမင်းနှင့် … Read more