မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီးက စစ်ဘေးရှောင်များ အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ မုဒိမ်းကျင့်ခြင်းများကျူးလွန်

ပြင်ဦးလွင်တွင် စစ်တပ်ကိုးကွယ်သည့် မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီးက စစ်ဘေးရှောင်များ အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ မုဒိမ်းကျင့်ခြင်းများကျူးလွန်ပြီး အသက်အန္တရာယ် ခြိမ်းခြောက် “သူက ဘုရားအလောင်းဖြစ်တဲ့ အတွက် ပါရမီဖြည့်ဖက် လုပ်ရမယ်။ ဒါကြောင့် သူနဲ့ကလေးမွေးပေးရမှာ။ အဲ့ကလေးကို မျိုးဆက်ချန်ရမှာ” ဟု ပြောဆို လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် စစ်တပ်က ကိုးကွယ်သည့် မြကျောက် အပ္ပမာဒမဟိဒ္ဓိကျောင်းထိုင် ဘုန်းကြီးက စစ်ဘေးရှောင် အပါအဝင် အမျိုးသမီး ၂၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားပြီး အသက် အန္တရာယ် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ကျူးလွန်ခံရသူတချို့နှင့် အနီးကပ်နေထိုင်ခဲ့ရသူတချို့က ပြောဆိုသည်။ ပြင်ဦးလွင်မြို့နယ်၊ အင်းကြီးစံပြရွာ၊ အနီးစခန်း စည်သာဆည်အနီးရှိ မြကျောက်အပ္ပမာဒမဟိဒ္ဓိကျောင်းတွင် နေထိုင်သော … Read more

ဟားခါးအနီးရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ် တစ်ရက်တည်း သိမ်းပိုက်

စစ်ကောင်စီတပ် ၁၄ ဦးထက်မနည်းသေဆုံး၊ ၁၉ဦး အရှင်မိ၊ လက်နက်မျိုးစုံ ၅၀ခန့် သိမ်းရဟုဆို ချင်းပြည်နယ်၏ မြို့တော်ဟားခါးမြို့အနီးရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်များ ပါဝင်သည့် ချင်းပြည်ကောင်စီပူးပေါင်းတပ်က နိုဝင်ဘာ ၃၀ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဟု ချင်းသတင်းရင်းမြစ်က ပြောသည်။ စနေနေ့က ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သည့်စခန်းများမှာ အွန်ပူပွက်နာ့(Umpu Puaknak )စခန်း၊ နွန်ထလော့ဘို(Nawn Thlawk Bo)စခန်းနှင့် ရယ်ဗဇုန်(Ruavazung) စခန်းတို့ ဖြစ်သည်ဟု ဆိုသည်။(တပ်စခန်းအမည်ဘာသာပြန်မှုကွဲလွဲမှု ရှိနိုင်ပါသည်) ဟားခါးမြို့အနီးရှိ Ruavazung စခန်းကို နိုဝင်ဘာ ၃၀ရက် နံနက်စောတွင် ထိုးစစ်ဆင်ခဲ့ရာ နံနက် ၉နာရီခွဲတွင် စခန်းသိမ်းရခဲ့ပြီး စစ်ကောင်စီတပ်သား ၁၉ဦး အရှင်ဖမ်းမိသာ လက်နက်မျိုးစုံ ၃၅လက်ထက်မနည်း ရရှိခဲ့သည်။ ထို့ပြင် တပ်ရင်းမှူးအပါအဝင် … Read more

ယင်းမာပင်မြို့ပေါ် ရဲစခန်းနှင့် ကြေးနီ ယာဉ်တန်းကို ဒရုန်း၊ မိုင်းများဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ် ရဲစခန်းနှင့် ကြေးနီ ယာဉ်တန်းကို ဒရုန်း၊ မိုင်းများဖြင့် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Ar Lar Wa Ka LPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ယင်းမာပင်မြို့ပေါ် ရဲစခန်းကို Ar Lar Wa Ka LPDF နှင့် မဟာမိတ် တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ယင်းမာပင်မြို့ပေါ်ရှိ မြောက်ယမားချောင်းအနီးတွင် ကြေးနီကား ယာဥ်တန်းကို Ar Lar … Read more

AA၏ ရခိုင်တောင်ပိုင်းထိုးစစ်အရှိန် ပြည်မရှိတိုင်းဒေသကြီး၃ခုထိ ရိုက်ခတ်လာ

အာရက္ခတပ်တော်( AA) ၏ရခိုင်တောင်ဘက်ပိုင်းတွင်ဆင်နွှဲနေသည့်ထိုးစစ်အရှိန်မှာရခိုင်နှင့်ဆက်စပ်တည်ရှိနေသည့်တိုင်းဒေသကြီး၃ခုသို့အထိရိုက်ခတ်မှုရှိနေကြောင်းဒေသခံများကပြောဆိုသည်။ လက်ရှိတွင်အာရက္ခတပ်တော်( AA)သည်ဗမာပြည်မနှင့်အဓိကကူးလူးဆက်ဆံမှုအများဆုံးမြို့များဖြစ်ကြသည့်ရခိုင်မှတောင်ကုတ်၊ဂွနှင့်အမ်းမြို့ (၃) မြို့အားသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေရာ ၎င်းမြို့များမှာကျလုနီးပါး အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသအတွင်းမှစစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။ CDM ဗိုလ်ကြီးဇင်ယော်က“အခုအေအေက အမ်း၊တောင်ကုတ်၊ဂွ ၃မြို့လုံးကို တစ်ပြိုင်နက်တည်းတိုက်ခိုက်နေတယ်။ ဒီနှစ်၂၀၂၄မကုန်မီမြို့တစ်မြို့ (သို့မဟုတ်) နှစ်မြို့မှာAA လက်ထဲသို့ကျရောက်သွားနိုင်ပါတယ်”ဟု သုံးသပ်ပြောဆိုထားသည်။ AA သည်၂၀၂၄ခုနှစ်၊နိုဝင်ဘာလ (၄) ရက်မှတောင်ကုတ်မြို့ကိုစတင်ထိုးစစ်ဆိုင်ရာ(၁၇) ရက်ကြာထိုးစစ်အပြီးတွင် တောင်ကုတ်ရှိစခန်း (၁၀) ခုအား သိမ်းပိုက်ရရှိခဲ့သည်။ နိုဝင်ဘာလ (၂၄) ရက်နေ့တွင် တောင်ကုတ်မြို့တစ်ခုလုံးအား သိမ်းပိုက်ထားပြီးဆက်လက်ပြီးစကခ (၅) နှင့်တပ်ရင်း၂ရင်းတို့အားဆက်လက်တိုက်ခိုက်နေကြောင်းနိုဝင်ဘာ၂၉ရက်တွင် သတင်းထုတ်ပြန်သည်။ တောင်ကုတ်မြို့သည် ရခိုင်ပြည်နယ်မှ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့်ဧရာ၀တီတိုင်းများသို့ ထွက်ပေါက်ဖြစ်ပြီးတိုင်း၃ တိုင်းနှင့် ဆက်သွယ်ထားသောမြို့ ဖြစ်သည်။ တောင်ကုတ်မြို့နှင့် ထိစပ်နေသည့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ ပန်းတောင်းမြို့သည် တောင်ကုတ်မြို့နှင့်၃၉မိုင်သာ ကွာဝေးပြီးအဆိုပါပန်းတောင်းမြို့နယ်တွင်အမှတ် … Read more

မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကို သတင်းအတုများက ဟန့်တားဖျက်ဆီးနေဟု မင်းအောင်လှိုင် ပြောပြန်

မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကို သတင်း အတုအယောင်များက ဟန့်တားဖျက်ဆီးနေကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။ ယနေ့ ပြုလုပ်သည့် ၇၅ ကြိမ်မြောက် စိန်ရတု အမျိုးသားစာပေဆုပေးအပ်ပွဲတွင် ၎င်းက နိုင်ငံ တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေရ ခြင်းမှာ သတင်းအတု အယောင်များကြောင့် ဖြစ်သည်ဟု တရားခံရှာ ပြောဆိုသွားခြင်းဖြစ်သည်။ “ကျနော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးမှု အရှိန်အဟုန်ကို သတင်းအတုအယောင်တွေ အမုန်းစကားတွေ ကျင့်ဝတ်သိက္ခာမဲ့တဲ့ သတင်းအချက်အလက်တွေက ဟန့်တားဖျက်ဆီးလျက်ရှိနေပါတယ်။ တိုင်းရင်သားစည်းလုံးညီညွတ်မှုကိုလည်းပျက်စီးစေနိုင်ပါတယ်။ ကျနော်တို့အားလုံး မျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်” ဟု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။ အကြမ်းဖက်စစ်ခေါင်းဆောင်က နိုင်ငံတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားရခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်များ၏ အကြမ်းဖက်ကြောင့်ဟုလည်းကောင်း၊ သတင်းမီဒီယာများကြောင့်ဟုလည်းကောင်း၊ NLD ပါတီ၏ မဲသမာမှုကြောင့်ဟု လည်းကောင်း … Read more

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းမှ အကြမ်းဖက်တပ်သား ၅ဦး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းမှ အကြမ်းဖက်တပ်သား ၅ဦးက နိုဝင်ဘာလ ၂၆ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ ဗျူဟာ(၃၁)မှ မနေ့ညက ထုတ်ပြန်လိုက်ပါတယ်။ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ(၃၁)ထံကို အလင်းဝင်ရောက်လာတဲ့ အောင်ဇေယျစစ်ကြောင်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၅ဦးကို တစ်ဦးလျှင် ကျပ်ငွေ ၅သိန်းစီ ဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အဆင့် သတ်မှတ်ထားတဲ့ အောင်ဇေယျစစ်ကြောင်းမှ ဗျူဟာ(၃၁)ထံကို အလင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ဦး ဝန်းကျင်ခန့်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆီဆိုင်မြို့နယ်၊ အောင်ကလပ်ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်က သံဃာတော်များလိုက်ပါသော ကားကို ပစ်ခတ်

ဆီဆိုင်မြို့နယ်၊ အောင်ကလပ်ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်က သံဃာတော်များလိုက်ပါသော ကားကို ပစ်ခတ်မှု ထီးစဲခါး ရေတံခွန်ကျောင်းဆရာတော် ပျံလွန်တော်မူပြီး ဆရာတော် ၂ ပါး ဒဏ်ရာရ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ်၊ အောင်ကလပ်ကျေးရွာ တွင် တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်က ထီးစဲခါးရေတံခွန်ကျောင်း ဆရာတော်၏ ကားကို ပစ်ခတ်ခဲ့ရာထီးစဲခါး ရေတံခွန် ကျောင်းဆရာ တော် ပျံလွန်တော်မူပြီး ကျန်သံဃာ ၂ ပါး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန် ကြားရေးဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ပြောကြားသည်။ ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်က ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-လွိင်ကော်လမ်းမကြီး ပေါ် အောင်ကလပ်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များက ထီးစဲခါးရေတံခွန် ကျောင်းမှ ဆရာတော်၏ကားကို ဝိုင်းဝန်း ပစ်ခတ်ခဲ့ရာ … Read more

စစ်ကောင်စီအသက်ဆက်နိုင်ရေး ယွမ်ငွေဘီလီယံချီ တရုတ်ကူညီမည်

စစ်ကောင်စီအသက်ဆက်နိုင်ရေး ယွမ်ငွေဘီလီယံချီ တရုတ်ကူညီမည် စစ်ကောင်စီအသက်ဆက်နိုင်ရေးအတွက် ဘီလီယံချီသည့်ယွမ်ငွေများ အကူအညီပေးရန် တရုတ်အစိုးရက ပြင်ဆင်နေကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။ စစ်ကောင်စီအသက်ဆက်နိုင်ရေးအတွက် ယွမ်ငွေ ဘီလီယံချီသည့် အကူအညီပေးရန် တရုတ်အစိုးရက ပြင်ဆင်နေကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။ Myanmar Now က ရရှိသည့် စစ်ကောင်စီ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတွင်း စာရွက်စာတမ်းများအရ သန်းခေါင်စာရင်းကောက်ယူရေးအပါအဝင် တရုတ်ယွမ်ငွေ ၁ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၃၀ သန်းကျော်) ကုန်ကျမည့် စီမံကိန်းအခု ၂၀ ကို တရုတ်အစိုးရပေးမည့် အကူအညီဖြင့်လည်ပတ်မည်ဟုဆိုသည်။ နှစ်ဖက်ဆွေးနွေးမှုသည် နိုဝင်ဘာလဆန်းတွင်စတင်ခဲ့ပြီး မကြာသေးမီက စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်အတွင်း ထိုစီမံကိန်းများကို သဘောတူခဲ့ကြောင်း နားလည်ရသည်။ စစ်ကောင်စီဘက်ကတောင်းဆိုသည့် နောက်ထပ်စီမံကိန်း ၇၇ ကိုလည်း အကူအညီပေးရန် တရုတ်နှင့်စစ်ကောင်စီတို့ အကြား … Read more

ကန်ပိုက်တီးမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

စစ်ကောင်စီနှင့် ပြည်သူ့စစ်များ ထိန်းချုပ်ထားသော တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီးမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်နေ၊ စစ်တပ်မိသားစုနှင့်ဝန်ထမ်းများ ထွက်ပြေးနိုင်ရန် တရုတ်က ဂိတ်ဖွင့်ပေးထား ကချင်ပြည်နယ်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိန်း ထိန်းချုပ်ထားသော တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်သည့် ကန်ပိုက်တီးမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ကန်ပိုက်တီးမြို့ကို စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး မြို့ထဲတွင်ပါ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကန်ပိုက်တီးမြို့ထဲရှိ ဟိုတယ်တွင် တပ်စွဲထားပြီး အပြင်းအထန်ခုခံနေကြောင်း သိရှိရသည်။ “ကန်ပိုင်တီ မြို့ထဲမှာတိုက်ပွဲပြင်းထန်နေပြီ။ စစ်ခွေးတွေ … Read more

ဌာနဆိုင်ရာက ဦးစီးအရာရှိတွေ ရုရှားဘာသာစကားပြော သင်တန်းတက်ရ

မြန်မာနိုင်ငံကို ရုရှားနိုင်ငံက မကြာခဏလာရောက်နေတဲ့အတွက် ဌာနဆိုင်ရာက ဦးစီးအရာရှိတွေ ရုရှားဘာသာစကားပြော အခြေခံသင်တန်းကို တက်ရောက်နေရတယ်လို့ ဌာနဆိုင်ရာဝန်ထမ်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ မြန်မာနိုင်ငံကို ရုရှနိုင်ငံက အကြီးအကဲတွေနဲ့စီးပွားရေးလု ပ်ငန်းရှင်တွေလာရောက်ခဲ့ပြိးနောက် စစ်ခေါင်း ဆောင်က ဝန်ထမ်းတွေကို ရုရှားဘာသာစကားပြောသင်တန်းကို တက်ခိုင်းတာ ဖြစ်တယ်လို့ ဟို တယ်နှင့်ခရီးသွားလာရေးဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ “ဌာနဆိုင်ရာက အကုန်တက်ရပါတယ် တိုင်းအ စိုးရ ၊ထွေအုပ်၊ဟိုတယ်ခရီး၊နိုင်ငံရေး ခြားရေး ဝ န်ကြီးဌာနနဲ့ပြည်ထဲရးက လူတွေပါ အပါတ်စဥ် ၁ တောင် ပြီးခဲ့တဲ့လကမှ သင်တန်းဆင်းတာ အ ပါတ်စဥ် ၂ မှာ ဧရာဝတီနဲ့မန္တလေးက ဝန်ထမ်း တွေပါတယ် “လို့ ပြောပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ နိုဝ င်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက်က … Read more