AAက ၆ လအတွင်း ၁၀ မြို့နယ် သိမ်းပိုက်ထိန်းချုပ်

ရခိုင်ပြည်နယ်ထက်ဝက်​ကျော်ကိုသိမ်းပိုက်ထားနိုင်ပြီးတစ်ပြည်နယ်လုံးသိမ်းပိုက်ဖို့ ၈ မြို့နယ်သာကျန် အာရက္ခတပ်​တော် (AA)က ဘူးသီး​တောင်တစ်မြို့နယ်လုံးကစစ်​ကောင်စီတပ်စခန်း​တွေကို ​မေ ၁၈ ရက်မှ သိမ်းပိုက်လိုက်ပြီဖြစ်တာ​ကြောင့် အခုဆိုရင် ရခိုင်ပြည်နယ်မှာ AA သိမ်းပိုက်ထိန်းချုပ်နိုင်တဲ့မြို့နယ်​ပေါင်း ၉ မြို့နယ်အထိရှိလာပြီဖြစ်ပါတယ် ။ ရခိုင်ပြည်နယ်မှာ မြို့နယ်​ပေါင်း ၁၇ မြို့နယ်ရှိတာ​ကြောင့် ပြည်နယ်ရဲ့ထက်ဝက်​ကျော်ကိုသိမ်းပိုက်ပြီး ၈ မြို့နယ်ပဲ ကျန်​တော့တာပါ။ ဒါ​တောင် ​ဘူးသီး​တောင်နဲ့ ကပ်ရပ်တည်ရှိတဲ့ ​မောင်​တောမြို့နယ် တစ်ခုလုံးမှာ စစ်​ကောင်စီတပ် ဗျူဟာ ၁ ခုနဲ့ ရဲတပ်ရင်း ၅ ရင်းပဲကျန်ပါ​တော့​တယ်။ အဲစခန်း​တွေကိုလည်း AA က ပိတ်ဆို့ဝိုင်းရံထားပြီး ထိုးစစ်ဆင်တိုက်ခိုက်​နေတာ​ကြောင့် မကြာခင် ​မောင်​တောမြို့နယ်ဟာ AA သိမ်းပိုက်နထိန်းချိုပ်နိုင်ပါလိမ့်မယ်။ ဒါအပြင် AA က အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ )တည်ရှိရာ အမ်းနဲ့ သံတွဲမြို့နယ်​တွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်​နေပါတယ်။ ဒါ​ကြောင့် … Read more

နွားထိုးကြီးမြို့နယ်၊ ထန်းတောမရွာတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ထန်းတောမရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ် ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Natogyi People Defence Force အဖွဲ့ထံမှ သိရသည်။ မေလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ခန့်တွင် နွားထိုးကြီးမြို့နယ် ထန်းတောမကျေးရွာ အတွင်း တပ်စွဲလာသော အင်အား ၄၀ ခန့်ရှိ အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ ၃ … Read more

ခေတ်ကြီးတစ်ခေတ်လုံးကို ထမ်းပိုးခဲ့သူတွေဟာ ခေတ်အဆက်ဆက်မှာလဲ လူငယ်တွေပါပဲ

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တိုက်ခိုက်ရေး တပ်ဖွဲ့ (၂) ရဲဘော်များ စက်ပစ်ကွင်းဆင်းနေကြစဉ် ” ခေတ်ကြီးတစ်ခေတ်လုံးကို ထမ်းပို့ခဲ့ သူတွေဟာ ခေတ်အဆက်ဆက်မှာလဲ လူငယ်တွေဘဲဖြစ်တယ် လူမမယ် အရွယ်တွေဘဲဖြစ်တယ် သူတို့ ကျောင်းသားတွေ ဖြစ်ခဲ့မယ် အခု ဘ၀ပေး အခြေအနေအရ ပြည်သူ့စစ်သားလဲ ဖြစ်လာရတယ် ” ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ – ၂

မင်းတုန်းမြို့နယ်တွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပြီး စစ်သား ၃၇ ဦး သေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံး

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း၌ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကာင်စီတပ်သား ၃၇ ဦး သေဆုံးကာ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။ မေလ ၁၄ ရက်နေ့က မင်းတုန်းမြို့နယ်၊ မင်းတုန်းမြိုနယ် ပြောင်း-သဖန်ရောင်-ဝက်ကော်ကျေးရွာ များမှ တစ်ဆင့် ငကုန်းကျေးရွာသို့ အင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသောအကြမ်းဖက် စစ် ကြောင်းသည် မေလ ၁၆ ရက်နေ့တွင် ငကုန်းကျေးရွာအနီးအရောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက် နက်ကြီးဖြင့် ပစ်ခတ်ပြီး လေကြောင်းပစ်ကူခေါ်ခဲ့ရာ မွန်းတည့် ၁၂ နာရီအချိန်၌ ငကုန်းကျေးရွာ ဘန်ုးကြီးကျောင်း စာသင်ကျောင်းနှင့် ရွာကုန်းထိပ်များပေါ် ဂျက်ဖိုက်တာဖြင့် ၆ ကြိမ်အထိ ပျံဝဲ ပစ်ခတ်ပြီး စစ်ကြောင်းမှာ ငကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။ … Read more

ဝုန်း💥ကနဲဆို လှချက်ကွာ …

စစ်ခွေးတပ်ဟာ ဖြည်းဖြည်းချင်းသတိထားပြီး လမ်းလျှောက်လာပါတယ်ခင်ဗျာ ။ ဒီလိုလျှောက်လာတဲ့ အချိန်မှာပဲ လမ်းတဘက်ကနေ သေနတ်ပစ်သံတွေ ကြားလိုက် ရပါတယ် ။ ဒီလို သေနတ်သံကြားရတယ်ဆိုရင်ပဲ စစ်ခွေးတပ်ဖွဲ့ဟာ ကျည်မလာတဲ့ လမ်းဘေးဘက်ကိုဆင်းပြေးပြီး အပြေးအလွှားဝပ်ကြပါတယ်။ နောက်မှာ ကျန်ခဲ့တဲ့ကောင်တွေဟာလည်း ရှေ့ကိုတက်ရမလို နောက်ပြန်လှည့်ပြေးရမလိုဖြစ်ပြီး ဝေခွဲမရဖြစ်နေပါတယ်။ ဒီလို ဘာဆက်လုပ်ရမှန်းမသိဖြစ်နေချိန်မှာပဲ စစ်ခွေးတွေဝပ်နေတဲ့ နေရာကနေ ဝုန်း!!! ဆိုတဲ့ အသံကြီးတဲ့အတူ တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းသံကြီးနဲ့အတူ မီးခိုးလုံးတွေတက်လာပါတော့တယ် ။ စစ်ခွေးတွေ သေတာကလွဲပြီး ကျန်တာဘာမှ မဖြစ်ပါစေနဲ့ကွာ … GenZ Phoe Maung

မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့နှစ်ဖွဲ့ စစ်ရေးဆိုင်ရာပူးပေါင်းမှုစတင်

နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF နဲ့ MSDF တို့ဟာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေပြီလို့ နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ MSRF နဲ့ MSDF တို့ ဟာ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ပြတ်တဲ့အထိ တိုက် ပွဲဝင်သွားပြီး အချုပ်အခြာအာဏာနဲ့ ပြည့်ဝတဲ့ မွန်ပြည်ထူထောင်နိုင်တဲ့အထိ မဟာမိတ်တပ်တွေအဖြစ် အတူတကွပူးပေါင်း တိုက်ပွဲဝင်သွားဖို့ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့မှာ သဘောတူခဲ့တာပါ။ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက နှစ်ဘက်တပ်တွေ သဘောတူညီထားတဲ့ ကြေညာချက်အတိုင်း ပူးပေါင်းမှုတွေ အများကြီး လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ “သဘောတူညီချက်အတိုင်းပဲ ထုတ်ပြန်ကြေညာထားတဲ့အတိုင်းပဲ ပူးပေါင်းဆောင်ရွက်မှုတွေ အ များကြီးလုပ်ဆောင်နေတာ ရှိပါတယ်။ သင်တန်းတွေလည်း အတူတကွတက်ရောက်နေတာတွေ ရှိပါတယ်။ အဲဒါအပြင် … Read more

ရှမ်းပြည်တွင်း ခေါ်ယူနေတဲ့ စစ်မှုထမ်းတွေမှာ ဆေးသမားနဲ့ သူခိုးအများဆုံးပါဝင်

စစ်ကောင်စီက ရှမ်းပြည်တွင်း ခေါ်ယူနေတဲ့ စစ်မှုထမ်းတွေမှာ ဆေးသမားနဲ့ သူခိုးအများဆုံးပါဝင် စစ်ကောင်စီရဲ့ ရှမ်းပြည်တွင်း စစ်သင်ပေးနေတဲ့ သင်တန်းသား စစ်မှုထမ်းတွေဟာ ရပ်ရွာတွင်း အလုပ်အကိုင်မဲ့ ဆေးသမားနဲ့ သူခိုးတွေသာ အများဆုံးဖြစ်တယ်လို့ ဒေသတွင်း သင်တန်းသားတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ စစ်ကောင်စီက စစ်အခြေခံသင်တန်းကို ရှမ်းပြည်အနှံအပြားမှာ ဖွင့်လှစ်နေရာ မြို့ပေါ်နဲ့ ကျေးရွာတွေက အိမ်ခြေမဲ့ ဆေးသမားနဲ့ သူခိုးတွေကို အများဆုံးခေါ်ပြီး စစ်သင်တန်းပေးနေတာပါ။ ရှမ်းတောင် ဘောဆိုင်မြို့က ဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ရက်က လူလာခေါ်သွားတာ အိမ်ခြေမဲ့ လမ်းဆုံလမ်းခွနဲ့ ဇရပ်ပျက်တွေမှာ နေထိုင်ကြတဲ့ မူးယစ်ဆေးသုံးဖို့အတွက် ရပ်ကွက်တစ်ကာ လှည့်လည်ခိုးနေတဲ့ သူခိုးတွေပါသွားတာ”လို့ ပြောပါတယ်။ စစ်ကောင်စီက စစ်သင်တန်းကို အခြေခံ ၁၅ ရက် နဲ့ နောက် ၃၀ ရက် စုစုပေါင်း … Read more

သံတွဲတိုက်ပွဲ စစ်ကောင်စီ တပ်ရင်းလိုက်ပျောက်သွားသဖြင့်

သံတွဲတိုက်ပွဲ စစ်ကောင်စီ တပ်ရင်းလိုက်ပျောက်သွားသဖြင့် တပ်ရင်းမှူးက ဒေသခံများကို ဖုန်းဆက်ကာ တပ်အကြောင်းမေးနေရ ရခိုင်ပြည်နယ် သံတွဲမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်များ သေဆုံးသူများကာ တပ်ဆုတ်သွားပြီး တပ်ရင်းလိုက်ပျောက်ဆုံးသွားသည့် တပ်များပင်ရှိသဖြင့် တပ်ရင်းမှူးက ဒေသခံများကို ဆက်သွယ်ကာ တပ်ရင်းအကြောင်းမေးနေရသည်ဟု သိရသည်။ သံတွဲမြို့ လင်းသီရွာနှင့် ကျောင်းကုန်းတံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင် တိုက်ခိုက်ကာ တပ်ရင်းလိုက်ပျောက်ဆုံး၊ သေဆုံးသူများပြီး တချို့မှာ တပ်ဆုတ်သွားကြောင်း သိရသည်။ “လင်းသီမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ကျောင်းရွာအနီးက ဘုရားတောင်ကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်ကတော့ မနေ့က အပြန်အလှန်ပစ်တော့ သေသွားကြပြီ။ ဘယ်လောက်သေတယ်ဆိုတာ အတိအကျပြောဖို့တော့ခက်တယ်။”ဟု စစ်ရေးသတင်းအရင်းမြစ်ကပြောသည်။ လင်းသီရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တချို့သည် တိုက်ပွဲမဖြစ်ပွားခင်က ‌ရွှေလှေတိုက်နယ်ဆေးရုံတွင် တပ်စွဲထားပြီး ယမန်နေ့က AA က ဝင်တိုက်ရာ အားလုံးသေဆုံးသွားနိုင်သည်ဟုလည်း … Read more

မြဝတီ လဝက မြို့နယ်မှူး ကျော်စိုးထွန်း တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် စစ်ကောင်စီ ဖမ်းဆီးချုပ်နှောင်စစ်ဆေးနေ

မြဝတီ လဝက မြို့နယ်မှူး ကျော်စိုးထွန်း တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် စစ်ကောင်စီ ဖမ်းဆီးချုပ်နှောင်စစ်ဆေးနေ မြဝတီလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန -လဝက မြို့နယ် ဦးစီးမှူးကျော်စိုးထွန်းအား တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်စစ်ဆေးနေကြောင်း လဝက ဝန်ထမ်းနှင့်နီးစပ်သူမြို့ခံထံမှ သိရသည်။ ကျော်စိုးထွန်းသည် တရားမဝင်လက်နက်ကိုင်ဆောင်ပြီး UID စမတ်ကဒ် ပွဲစားတစ်ဦးအား ဦးခေါင်း ထုရိုက်အကြမ်းဖက်ဖြစ်စဉ်ကို မြဝတီ (လဝက) ခရိုင်မှူးကျော်ကျော်သန်းက သတင်းပေးတိုင်ကြား ခြင်းကြောင့် မေလ ၁၅ ရက်တွင် မြဝတီမြို့မရဲတပ်ဖွဲ့က ၎င်းအားဖမ်းဆီးချုပ်ထားလိုက်ခြင်းဖြစ်ကြောင်း လဝက ဝန်ထမ်းနှင့်နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။ ၎င်းက “အဲဒီမြို့နယ်မှူးက ဆက်ဆံရေး ရိုင်းစိုင်းတယ်။ ပစ္စတို ပွိုင့် ၃၈ သေနတ်ဝယ်ကိုင်ထားတယ်။ ရုံးထဲမှာ သေနတ်ခါးထိုးထားပြီး နေတယ်။ စမတ်ကဒ် ပွဲစားနဲ့ ပြဿနာ ဖြစ်ပြီးရုံးထဲမှာ ပွဲစားကို … Read more

နိုင်ငံတစ်ဝန်း လျှပ်စစ်မီးများ အလွန်ပြတ်တောက်နေသည့် ကာလတွင် မီတာခများအားလုံး ၂ ဆကျော်မြင့်တက်

အမှန်တကယ်သုံးစွဲခြင်းမရှိသော ယူနစ်များကို ကောက်ခံ၍ တိုင်ကြားရာ “ကိုယ်သုံးတာ ကိုယ်ပေးရမယ်။ ရူးနေလား” ဟု လျှပ်စစ်ရုံးက တုံ့ပြန်ဟုဆို မြန်မာနိုင်ငံတစ်ဝန်း ဧပြီလနှင့် မေလအတွင်း လျှပ်စစ်မီးများ အလွန်ပြတ်တောက်နေသော်လည်း စစ်ကောင်စီက ကောက်ခံသည့် မီတာခမှာမူ ၂ ဆကျော်မြင့်တက်သွားကြောင်း ရန်ကုန်နှင့်မန္တလေးမှ ပြည်သူများကပြောဆိုကြသည်။ ဧပြီလနှင့် မေလများသည် လျှပ်စစ်မီး အလွန်ပြတ်တောက်သော လများဖြစ်ပြီး တစ်နေ့လျှင် လျှပ်စစ်မီးရရှိချိန်သည် ရန်ကုန်မြို့တွင် တစ်နေ့ ၃ နာရီဝန်းကျင်နှင့် မန္တလေးမြို့တွင် တစ်နေ့ ၂ နာရီ ဝန်းကျင်သာရရှိကြောင်း၊ သို့ရာတွင် လျှပ်စစ်မီတာခများ ကောက်ခံရာတွင် ယခင် ကောက်ခံနေသော မီတာခများထက် ၂ ဆကျော်မြင့်တက်သွားကြောင်း၊ ပုံမှန် လျှပ်စစ်မီတာခ တစ်လလျှင် ၂​ သောင်းဝန်းကျင် ကျသင့်သူများမှာ မီတာခ ၅ သောင်းသို့လည်းကောင်း၊ … Read more