အဲ့သမှာ ဇွတ်ဖြူနေလိုက်

အလင်းကိုစူးနေအောင်ထားပြီး ရိုက်တာတောင် စွပုဆင်က ဖြူမလာဘူး။ ဒါကို အားရပါးရနဲ့ ပြောနေတာ ဆင်ဖြူတဲ့ ။ ဟိုသတင်းကြေငြာတဲ့ ကောင်မလည်း ပြောနေရင်း ရယ်ချင်စိတ်မဖြစ်ဘူးလား မသိဘူး။ ကျမသာ သူ့နေရာမှာဆို သတင်းကြေညာရင်းနဲ့ ထရယ်မိတာ ။ ဒါလား ဆင်ဖြူဆိုပြီး – ဒင်းတို့ လိမ်ချက်က သူများတင်မကဘူး ကိုယ့်ကိုယ်ကိုပါ ပြန်လိမ်တာ ။ ဒီဆင်ကို ဘယ်နားမှာ ဖြူတာတွေ့လဲ ။ သက်သက်မဲ့ ဘုရင်ရူး ရူးတဲ့ကောင်က မဖြူတဲ့ဆင်တောင် ဖြူတယ်လုပ်ပြီး ဖီးလ်က တက်နေတယ် ။ ဆင်ကိုကြည့်တော့ ဇော်မဲလုံးနဲ့စပ်ပြီး သားကျထားတဲ့ရုပ်နဲ့ အဲ့မှာဇွတ်ဖြူနေလိုက် — 🤭 Ma Shwe Moe

ထားဝယ်စီမံကိန်းအတွက် ရုရှားကို ရွေးချယ်မှု တရုတ် စိတ်ပျက်ဒေါသထွက်

မြန်မာစစ်ကောင်စီဟာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံစေဖို့ ရုရှားကို မကြာသေးခင်ကပဲ ရွေးချယ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို စိတ်ဝင်စားမှု ပြထားတဲ့ တရုတ်နဲ့ မြန်မာစစ်ကောင်စီအကြား ဆက်ဆံရေးတင်းမာလာခဲ့ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ တနင်္သာရီတိုင်းဒေသကြီး ၊ ရေဖြူမြို့နယ် ၊ နဘုလယ်ဒေသ ကမ်းရိုးတန်းမှာ တည်ရှိပါတယ်။ ထိုင်းကုမ္ပဏီ အီတာလျံထိုင်း နဲ့ မြန်မာအစိုးရကြား နှစ်နှိင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အနေနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ၂၀၀၈ ခုနှစ်က စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ အစိုးရကြားက စီမံကိန်း အဖြစ် ပြောင်းသွားခဲ့ပါတယ်။ တရုတ်ရဲ့ လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရုရှားနဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ ကြိုးစားနေတဲ့ မြန်မာစစ်ကောင်စီဟာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်ပြီး ရုရှားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ တန်ချိန် ၁၀ သန်း ခံနိုင်ဝန်ရှိတဲ့ … Read more

လျို့ဝှက်စစ်ဘက်သုံးဒေတာစင်တာတွင်လည်း ဗိုလ်မှူးကျော်ဇောရဲပတ်သက်နေပြီး ရုရှားနှင့် ဘီလာရုစ်တို့မှ အရာရှိများတက်ရောက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူယုံဖြစ်သော ဗိုလ်မှူးကျော်ဇောရဲပတ်သတ်နေသော Myanmar Data Science and Satellite Technology Center (MSTC)ကို ယနေ့ (မေလ ၁၉ ရက်) နေ့တွင် ရန်ကုန်မြို့မှာဖွင့်လှစ်သွားမှာဖြစ်ပြီး ရုရှားနှင့် ဘီလာရုစ်နိုင်ငံများမှ အရာရှိများလည်း တက်ရောက်မှာဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းဖော်ထုတ်သိရှိရသည်။ ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် အကောင်အထည်ဖော်နေခဲ့သော MSTC တွင် ဗိုလ်မှူးကျော်ဇော်ရဲမှာ ပါမောက္ခအဖြစ်စာရင်းသွင်းထားပြီး လုံခြုံရေးပိုင်းဆိုင်ရာဌာနအကြီးအကဲအဖြစ်တာဝန်ယူထားသည်။ ရုရှားနှင့် ဘီလာရုစ်မှ အရာရှိဧည့်သည် နှစ်ဒါဇင်ခန့်နှင့်အတူ အိန္ဒိယပုဂ္ဂလိကဏ္ဍမှလူပုဂ္ဂိုလ်များ တက်ရောက်ရန် ဖိတ်ကြားထားသည်ကို စုံစမ်းသိရှိရသည်။ အဆိုပါစင်တာသည် ကောင်းကင်ဂြိုလ်တုဓာတ်ပုံများရိုက်ကူးမှု၊ spatial သတင်းအချက်အလက်များ၊ Geospatial data များစီမံခန့်ခွဲမှုတို့ပါဝင်ကာ စစ်ကောင်စီက အားထုတ်မြှင့်တင်နေသော ဒရုန်းတိုက်ခိုက်မှုများနှင့်လည်း ဆက်နွယ်နေပြီး သင်တန်းများပို့ချမှာဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီတပ်က တရုတ်နိုင်ငံမှ ကောင်းကင်ဓာတ်ပုံရိုက်ကူးမှုဆိုင်ရာစနစ်ကို … Read more

တံတားဦးနှင့် ငါန်းဇွန်မြို့နယ်အတွင်း လှည့်လည်ပြီး ကျေးရွာနှင့်နေအိမ်များကို မီးရှို့ဖျက်ဆီး ပစ္စည်းများ လုယက် နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြား

တံတားဦးနှင့် ငါန်းဇွန်မြို့နယ်အတွင်း လှည့်လည်ပြီး ကျေးရွာနှင့်နေအိမ်များကို မီးရှို့ဖျက်ဆီး ပစ္စည်းများ လုယက် နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြား မန္တလေးတိုင်း၊ တံတားဦးနှင့် ငါန်းဇွန်မြို့နယ်အတွင်း လှည့်လည်ပြီး ကျေးရွာနှင့်နေအိမ်များကို မီးရှို့ဖျက်ဆီး ပစ္စည်းများ လုယက် နေသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားကြောင်း တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဒုတာဝန်ခံ ကိုလေးလှိုင်ကပြောဆိုသည်။ မေလ ၁၂ ရက်နေ့မှ မေလ ၁၄ ရက်နေ့အထိ တံတားဦးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့အတွင်း လှည့်လည်သွားလာ၍ ကျေးရွာများ၊ ပြည်သူ့နေအိမ်များကို ဖျက်ဆီးခြင်း၊ ပစ္စည်းဥစ္စာများ အတင်းအဓမ္မ လုယက်ယူခြင်းများ ပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ကို တံတားဦးမြို့နယ် ပကဖနှင့်အတူ တော်လှန်ရေး အင်အားစုများ ပူးပေါင်း၍ မိုင်းမစ်ရှင်၊ ဒရုန်းမစ်ရှင်၊ … Read more

မင်းကွန်းရဲစခန်း ဝင်အစီးခံရ၊ စစ်သား၂ယောက်သေ

စစ်ကိုင်းတိုင်း၊ မင်းကွန်းရဲစခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အလစ်အငိုက်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက်သေ အများအပြားဒဏ်ရာရသွားတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့ မနက်၁နာရီခွဲမှာ အင်အား ၃၀ နဲ့တပ်စွဲထားတဲ့ရဲစခန်းကို အလစ်ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ၂ ယောက်သေ၊ ၆ ယောက်ဒဏ်ရာရသွားသလို ဆေးရုံပေါ်မှာထပ်မံသေဆုံးမှုတွေရှိနိုင်တယ်လို့သိရပါတယ်။ တိုက်ပွဲဖြစ်ပြီး မနက် ၃ နာရီမှာ တပ်မ ၃၃ ကနေ သံပြားကာကား ၂ စီးနဲ့ မင်းကွန်းရဲစခန်းကို အင်အားဖြည့်တင်းခဲ့သလို မင်းကွန်းတဖက်ကမ်း နန်းတော်ကျွန်း ကျေးရွာကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သိရပြီး လက်နက်ကြီးကျည်က မင်းကွန်းဘိုးဘွားရိပ်သာထဲကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။ ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မင်းကွန်း၊ Royal Falcon၊ Phoenix SGG ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

သံတွဲမြို့တွင် AAနှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်နေ

ယမန်နေ့တိုက်ပွဲအတွင်း ကျေးရွာများအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အရပ်သား ရှစ်ဦးသေဆုံး သံတွဲမြို့နယ်တွင် ယနေ့ တိုက်ပွဲပြင်းထန်နေပြီး ယမန်နေ့(မေလ ၁၈ရက်)တိုက်ပွဲအတွင်း စစ်ရေးပစ်မှတ်နေရာမဟုတ်သည့် ကျေးရွာများအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အရပ်သား ပြည်သူ ရှစ်ဦးသေဆုံးကြောင်း ဒေသခံများကပြောသည်။ သံတွဲမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင် တပ်တော်(AA)တို့ ယနေ့ (မေလ ၁၉ရက်)နံနက်က စတင် တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။ သံတွဲမြို့ ရွှေလှေကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ” မနက်ကတည်းက လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲကို ပစ်ခတ်နေတာ။ လေကြောင်းနဲ့ကော စစ်ကူတွေကို ပို့နေတယ်”ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။ သို့သော် တိုက်ပွဲအခြေအနေကို အသေးစိပ်မသိရသေးကြောင်း ၎င်းက ဆိုသည်။ AAက … Read more

ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုရွာကို စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် မုပ္ပလင်ဂိတ်ကို ရန်ကုန်တိုင်း ပကဖနှင့် ERO ညီနောင်များ ပူးပေါင်း စစ်ကြောင်းက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် မုပ္ပလင် စစ်ဆေးရေး ဂိတ်ကို ရန်ကုန်တိုင်း ပကဖနှင့် ERO ညီနောင်များ ပူးပေါင်း စစ်ကြောင်းက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပကဖ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံကပြောဆိုသည်။ မေလ ၁၈ ရက်နေ့တွင် အင်္ဂဘို ကျေးရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တိုက်ခိုက်ရေးတပ်ဖွဲ့ – ၁၊ တပ်ဖွဲ့ – ၂၊ ရန်ကုန်တိုင်း ဒရုန်းတပ်ဖွဲ့နှင့် ERO ညီနောင်များ ပူးပေါင်း၍ ပြင်းအားမြင့် ဗုံးသီးများဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “ဗီဒီယိုထဲမှာတော့ စစ်ခွေးတွေကို ထမ်းထုတ်သွားတာမျိုး တွေ့ရပါတယ်။ … Read more

မံစီတွင် စစ်ရှုံးကောင်စီ လေတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် Cluster Bomb တွေ ကြဲချ တိုက်ခိုက်

‼️Breaking News – မံစီတွင် စစ်ရှုံးကောင်စီ လေတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် Cluster Bomb တွေ ကြဲချ တိုက်ခိုက်‼️ ■ ခမရ ၃၁၉ ထဲသို့ ကျရောက် ပေါက်ကွဲပြီး အကြမ်းဖက် စစ်သားတွေနဲ့ တပ်မိသားစုဝင်တွေ သေဆုံးမှု အလွန်များနိုင် မေလ ၁၉ ရက်နေ့ ဒီကနေ့ မနက် ၁၂ နာရီ ၃၇ မိနစ်နဲ့ ၃၉ မိနစ်ခန့် အချိန်တွေက ကချင်ပြည်နယ် မံစီမြို့ကို စစ်ရှုံးကောင်စီရဲ့ အကြမ်းဖက် လေတပ်က တံတားဦး လေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးဖြင့် Cluster Bomb တွေ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ … Read more

မန္တလေးက သင်တန်းဆင်းစ ပျူတွေကို တိုက်ပွဲတွေ ဖြစ်နေတဲ့ မတ္တရာနယ်ဘက် ချက်ချင်းပို့

မန္တလေးမြို့၊ နန်းမြို့တွင်းက စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ မှာ သင်တန်းဆင်းပွဲ လုပ်ပြီးနောက် စစ်သားသစ်နဲ့ ပျူတွေကို ချက်ချင်း ကားပေါ်တင်ကာ မတ္တရာဘက် ပို့နေတာ တွေ့ရတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေကပြောပါတယ်။ ဒီနေ့ မေ(၁၈)ရက် မနက်ပိုင်း စစ်ယူနီဖောင်း အသစ်တွေ ဝတ်ထားတဲ့ လူအပြည့်တင်ထားတဲ့ ဖောကားနှစ်စီး မန္တလေးမြို့ အရှေ့ဘက် မြို့ပတ်လမ်းကနေ မတ္တရာမြို့ဘက်ကို ထွက်သွားတယ်လို့ ဆိုပါတယ်။ “ကားပေါ်မှာ ထိုင်နေတဲ့ သူတွေရော၊ ဘေးတန်းတွေမှာရော၊ လူအပြည့်ပဲ။ နောက်ဆုံးက လူငယ်လေးတွေ။ တချို့ဆို နေကာမျက်မှန် အနက် တပ်ထားပြီး ရယ်မောနေကြတယ်။ အဲဒီ ကားက မြို့ပတ်လမ်းက နေပြီး ရွှေကျင် တိုးဂိတ်ကို ထွက်သွားတာ။ ကားနှစ်စီး။ လူအပြည့်ပဲ”လို့ … Read more

မင်းလှ‌မြို့နယ်ထွေအုပ်နဲ့ ရဲစခန်းကို PDF ဗုံးသီးချတိုက်ခိုက်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့မရဲစခန်းကို မေ ၁၈ ရက် မနက် အစောပိုင်းက ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Yoma Phoenix Drone Force က သတင်းထုတ်ပြန်ထားပါတယ်။ အုပ်ချုပ်ရေးမှူးရုံးကို မနက် ၁ နာရီမထိုးခင်မှာ ဗုံးသီးတလုံးကြဲချပြီး မြို့မရဲစခန်းကိုတော့ မနက် ၂ နာရီကျော်မှာ ဗုံးတလုံးကြဲခဲ့တာလို့ ဆိုပါတယ်။ ”ထွေအုပ်ရုံးက စကစတွေ အိပ်တဲ့ နေရာကို ဗုံးကြဲချတာပါ။ စစ်**တွေက ဒရုန်းကို သေနတ်နဲ့ လိုက်ပစ်တယ်။ ရုံးအပြင်တော့ ထွက်မလာဘူး။ အဲ့ဒါနဲ့ ရဲစခန်းကို ထပ်ပြီးဗုံးကြဲခဲ့တာ“ လို့ Yoma Phoenix Drone Force ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ရဲဘော် ကိုမောင်က ပြောပါတယ်။ ရဲစခန်းကိုကြဲတဲ့ ဗုံးသီးဟာ စခန်းမကြီးရဲ့ ခေါင်းရင်းခန်းပေါ်ကို ကျကွဲတာဖြစ်လို့ … Read more