လောင်းလုံးမြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Guerilla Dawei (ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မ ရဲစခန်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို Guerrilla Dawei တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ထားဝယ် ပလဖ ၏ မြို့ပြစစ်ဆင်ရေး အဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပစ်ခတ်မှုသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး Guerrilla Dawei တပ်ဖွဲ့က ပစ်ခတ်သော ၄၀ မမ ဗုံးသီး ထိမှန်ပြီး … Read more