ဗိုလ်ချုပ်ရာပြည့်၏ တရုတ်ခရီးစဉ်မှာ ကျားဖြန့်ကိစ္စတင်ပြရေး ဖြစ်ဖွယ်ရှိ
ထိပ်တန်း စစ်အရာရှိတချို့၊ ကြံ့ခိုင်ရေးပါတီအမတ်တချို့ကို ဖမ်းပေးခဲ့ရပြီးနောက် ကျားဖြန့်ကိစ္စ ကိုင်တွယ်ရသည့် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး တရုတ်ပြည် ရောက်နေသည်။ စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ရာပြည့်သည် တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong ၏ ဖိတ်ကြားချက်အရ ယမန်နေ့မှစတင်ပြီး တရုတ်သို့ အလုပ်သဘောခရီးအဖြစ် ၅ ရက်ကြာ သွားရောက်နေသည်ဟု စစ်ကောင်စီထုတ်သတင်းစာများက ယနေ့ (ဧပြီ ၂၅) တွင် ရေးသားကြသည်။ ဖိတ်ခေါ်သည့် တရုတ်ပြည်သူ့လုံခြုံရေးဌာနသည် ကျားဖြန့်တိုက်ဖျက်ရေးတွင် အဓိကအကျဆုံးဌာနဖြစ်သည်။ ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့က တရုတ်သံအမတ်ကြီး ချန်းဟိုင်သည် နေပြည်တော်တွင် ဒုဗိုလ်ချုပ်ကြီးရာပြည့်နှင့် တွေ့ဆုံခဲ့ပြီး ကျားဖြန့်နှိမ်နှင်းရေး ဆက်လက်အရှိန်မြှင့်ရန် တရုတ်အစိုးရထံမှ သတိပေးချက်ကို လက်ဆင့်ကမ်းခဲ့သည်။ ထို့နောက် သီတင်းနှစ်ပတ်အကြာတွင် စစ်ကောင်စီပြည်ထဲရေးဝန်ကြီး၏ တရုတ်ခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းနှင့်အတူ … Read more