မြစ်ကြီးနား အကျဉ်းထောင်တွင် ဆန္ဒပြမှုများဖြစ်ပွားပြီး စစ်တပ်က ထောင်အတွင်း ဝင်ရောက်ပစ်ခတ်
မြစ်ကြီးနား အကျဉ်းထောင်တွင် ဆန္ဒပြမှုများဖြစ်ပွားပြီး စစ်တပ်က ထောင်အတွင်း ဝင်ရောက်ပစ်ခတ် စစ်ကားနှင့်လူနာတင်ကားများ အဝင်အထွက်မြင်တွေ့ရဟုဆို စစ်တပ်၏ ပစ်ခတ်မှုကြောင့် အကျဉ်းသားများ သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်နေ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားအကျဉ်းထောင်တွင် ဆန္ဒပြမှုများဖြစ်ပွားပြီး စစ်တပ်က ဝင်ရောက်ပစ်ခတ်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသပြည်သူတချို့နှင့် အကျဉ်းဦးစီးဌာ သတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယနေ့ ဧပြီ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မြစ်ကြီးနားအကျဉ်းထောင်အတွင်းမှ အကျဉ်းသားများ၏ စုပေါင်း သပိတ် မှောက်သည့် ဟစ်ကြွေးသည့် အသံများကြားရကြောင်း၊ အသံများမှာ ဝေးကွာလွန်းသည့်အတွက် မည်သည့် အကြောင်းအရာကို အော်ဟစ်ဆန္ဒပြသည်ကို မသိရှိရကြောင်း၊ ယင်းနောက် စစ်ကားများ ဝင်ရောက်သွားပြီးနောက် စစ်တပ်က ပစ်ခတ်သော သေနတ်သံ အချက် အနည်းဆုံး ၂၀ ကျော်ခန့်မှ အချက် … Read more