ရန်ကုန် 💥 မန္တလေး 💥 ​မေမြို့

ရန်ကုန်တိုင်း မင်္ဂလာဒုံရဲစခန်း၊ မန္တလေးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ကား နှင့် မေမြို့ရှိ အုပ်ချုပ်ရေးမှူး နေအိမ်တို့တွင် ဗုံးများပေါက်ကွဲပြီး ရဲ ၃ ဦးဒဏ်ရာရ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့မရဲစခန်းတွင် မိုင်းပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင် ၃ဦးဒဏ်ရာရရှိကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ပြောဆိုသည်။ ဧပြီလ ၉ ရက်နေ့ ညပိုင်းတွင် Dark Shadow အဖွဲ့က “Urban Freedom” စစ်ဆင်ရေး အဖြစ် မင်္ဂလာဒုံမြို့မရဲစခန်း ကို ဖောက်ခွဲတိုက်ခိုက်မှု ဆောင်ရွက်ရန် လုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် သတ်မှတ်ထားသည့်အချိန်အတွင်း မြေပြင်လုံခြုံရေးအခြေအနေကြောင့် ပြင်းအားမြင့် မိုင်းများကို မင်္ဂလာဒုံမြို့မရဲစခန်းတွင် တပ်ဆင်ထားခဲ့ပြီး ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ယနေ့ ဧပြီလ ၁၀ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီက ရဲစခန်းမှ … Read more

အောင်လကို ဂျေးထဲပို့တော့မယ့် နန်းမွေ့စံရဲ့ မိခင်

အန်တီ့သမီးကိုနံမည်ဖျက်နေကြသော သမီးနံမည်နှင့် ယခင်ကတင်ထားသောဓါတ်ပုံများကို သွားရောက်ပို့ခဲ့သည်ဆိုပါက ၄င်းမှာ သမီးပို့ခြင်းမဟုတ်၍ ဆက်လက်၍ ဤသို့ နံမည်ပျက်အေါင်ဆက်လုပ်နေပါက တရားဥပဒေအရ အရေးယူကါ တရားစွဲဆိုသွားပါမည်။ အန်တီ့သမီးသည် သူတပါးယောက်ကျားကိုဘယ်သောအခါမှ စိတ်ကူးနှင့်တေါင်မပစ်မှားသူဖြစ်ပါသည်။ ထေါင်ထည်းကတေါင်မလွတ်သေးတဲ့ မိန်းခလေးကို တဖက်သတ် နံမည်ပျက်သထက်ပျက်အေါင် ရည်ရွယ်ချက်ဖြင့်လုပ်နေသော နန်းမွေစံနံမည်နှင့် လုပ်စားနေသော နံမည်တူသမီးနံမည်နှင့် ယခင်က ဓါတ်ပုံများကိုသွားရောက်ပို့နေကြပါက ထိုပို့သူမှာသမီးမဟုတ်၍ဆက်လကိ၍ ဤကဲ့သို့လုပ်နေမည်ဆိုပါက တရားဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်းအငိပေးအပ်ပါသည်။ သတ်ပုံ မူရင်း အသံဖိုင် နားဆင်ရန်

ဦးဝင်းထိန် အပူချိန်မြင့်တက်ပြီး Heat exhaustion ဖြစ်လို့ မန္တလေးဆေးရုံကိုပို့ဆောင်ကုသပေးထားရ

ရာသီဥတုအပူချိန်မြင့်တက်လာပြီး ကျန်းမာရေးမကောင်းဖြစ်လာတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန် ကို ဧပြီ ၉ ရက် မနေ့ ညနေပိုင်းက မန္တလေးဆေးရုံကြီးကို ပို့ဆောင်ကုသပေးထားရတယ်လို့ နီးစပ်သူတချို့ကပြောပါတယ်။ မန္တလေးအိုးဘိုထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဦးဝင်းထိန်ကို မန္တလေးဆေးရုံကြီးကို ပို့ဆောင်ထားတာဖြစ်ပြီး ဒီကနေ့မှာတော့ အနည်းငယ်ပြန်လည်သက်သာလာတယ်လို့ ဆိုပါတယ်။ ” ရာသီဥတု ကအပူချိန်အရမ်းများတော့ လူကြီးဆိုတော့ အပူရှပ်( Heat exhaustion) ဖြစ်တာပါ။ အခုတော့ ဆေးရုံမှာသက်သာပါတယ်” လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။ အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံရတဲ့ အသက် ၈၃ နှစ်အရွယ် ဦးဝင်းထိန်ဟာ လက်ရှိမှာ မန္တလေး အိုးဘိုထောင်မှာ ထိန်းသိမ်းခံထားရတာဖြစ်ပြီး စစ်ကောင်စီကသူ့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုပြီး အမြင့်ဆုံးထောင်ဒဏ် … Read more

ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေတို့ ဒဏ်ရာရနိုင်သူများထဲတွင် ပါဝင်နိုင်ပြီး အရာရှိကြီးပိုင်းမှ ၃ ဦး သေဆုံး

မော်လမြိုင်မြို့ရှိ ရတခ ဌာနချုပ်အတွင်း အသေခံဒရုန်း ၅ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု အကြမ်းဖက်စစ်ကောင်စီ၏ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေတို့ ဒဏ်ရာရနိုင်သူများထဲတွင် ပါဝင်နိုင်ပြီး အရာရှိကြီးပိုင်းမှ ၃ ဦး သေဆုံး မော်လမြိုင်မြို့ရှိ ရတခ ဌာနချုပ်အတွင်း အသေခံဒရုန်း ၅ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု အကြမ်းဖက် စစ်ကောင်စီ၏ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေတို့ ဒဏ်ရာရရှိသူအများအပြားထဲတွင် ပါဝင်နိုင်ကာ အရာရှိကြီးပိုင်းမှ ၃ ဦးသေဆုံးပြီး ၃၀ ကျော်ထိခိုက်ဒဏ်ရာ ရရှိ ထား ကြောင်း Alpha Bats Drone Force မှ တာဝန်ရှိသူတစ်ဦးကပြောကြား သည်။ ယနေ့ ဧပြီလ ၉ ရက် မွန်းလွဲ ၁ နာရီ … Read more

ခလရ ၁၄၂ မှ စစ်သားများ နှင့် Non-CDM ဝန်ထမ်းများ တရုတ်ပြည်အတွင်းသို့ ထွက် ပြေး (ရုပ်/သံ)

KIA သိမ်းပိုက်ထားသော လွယ်ဂျယ်မြို့ရှိ မြို့စောင့်တပ် ခလရ ၁၄၂ မှ စစ်သားများ နှင့် Non-CDM ဝန်ထမ်းများ တရုတ်ပြည်အတွင်းသို့ ထွက် ပြေး ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ တရုတ်-မြန်မာ နယ်စပ် လွယ်ဂျယ်မြို့တွင် ကျန်ရှိနေသော ခလရ ၁၄၂ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် Non-CDM ဝန်ထမ်းများအားလုံး တရုတ်ပြည်အတွင်းသို့ ဝင်ရောက် ထွက်ပြေးသွားသဖြင့် စစ်ကောင်စီ ကင်းစင်သော မြို့အဖြစ် KIA က တရားဝင် သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်ကပြောဆိုသည်။ “လွယ်ဂျယ်မြို့ထဲမှာ ကျန်ရှိနေတဲ့ မြို့စောင်တပ်နဲ့ Non-CDM ဝန်ထမ်းတွေကို တရုတ်ဘက်က လက်ခံလိုက်တယ်။ အဲဒါကြောင့် အကုန် တရုတ်ပြည်ထဲ ထွက်ပြေးကုန်ပါပြီ။ ဒါကြောင့် လွယ်ဂျယ်မှာ စစ်ကောင်စီကင်းစင်တဲ့ မြို့ဖြစ်သွားပြီးတော့ KIA လက်အောက်ကို အပြီးကျရောက်သွားပါပြီ။ … Read more

ဇော်မဲလုံးဂျီးးး ဖမ်းခံရပြီတဲ့ဟေ့

ဇော်မဲလုံးဂျီးးး ဖမ်းခံရပြီတဲ့ဟေ့😁 စိုးထွဋ်ရယ်… မိုးမြင့်ထွန်းရယ်.. ဇော်မဲလုံးရယ် စားတွဲတွေဖြစ်ပီ (ပဲဟင်း)🤣🤣🤣 မအလ ကတော့ ကြောက်ချီးပန်းပီး သူ့လူတွေကို ဖြုတ် ထုတ် သ တ် လုပ်ကုန်ပီ😂 ချ ချ ငါတို့လူတွေ ကျ ည် ကုန် သက်သာဒယ်😎

ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့သော စစ်ကောင်စီ၏ ရဟတ်ယာဉ်ပျက်ကို ဗိုလ်ဒါဘော ကြည့်ရှုစစ်ဆေး (ရုပ်/သံ)

သင်္ဃန်းညီနောင်တွင် ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့သော စစ်ကောင်စီ၏ ရဟတ်ယာဉ်ပျက်ကို ဗိုလ်ဒါဘော ကြည့်ရှုစစ်ဆေး (ရုပ်/သံ) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ် အစပ် သင်္ဃန်းညီနောင်တွင် ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့သော စစ်ကောင်စီ၏ ရဟတ်ယာဉ်ပျက်ကို ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက တွေ့ရှိ စစ်ဆေးကြောင်း သိရှိရသည်။ ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး သင်္ဃန်းညီနောင်တွင် သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်ကို ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့ပြီး တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ၅ ဦးခန့်သေဆုံးခဲ့ခြင်းဖြစ်သည်။ သင်္ဃန်းညီနောင် ခမရ ၃၅၅ သို့ လာသည့် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့ရာတွင် ရဟတ်ယာဉ်ပေါ်ပါ … Read more

စိုးဝင်း မော်လမြိုင်၊ ရတခဌာနချုပ်တွင် အစည်းအဝေး ကျင်းပနေစဉ် ဒရုန်းဖြင့် တိုက်ခိုက်

အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်း မော်လမြိုင်၊ ရတခဌာနချုပ်တွင် အစည်းအဝေး ကျင်းပနေစဉ် ဒရုန်းဖြင့် တိုက်ခိုက် စစ်တပ်က တန်ပြန် လေယာဉ်၊ ဒရုန်းများဖြင့် ဗုံး ပြန်ကျဲ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် အကြမ်း ဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ရေးဆိုင်ရာ အစည်းအဝေး ကျင်းပနေစဉ် တော်လှန်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်လိုက်ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဧပြီလ ၈ ရက်နေ့ ည​နေ ၅နာရီ ၁၀မိနစ်အချိန် အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းရုံးအတွင်း စစ်​ကောင်စီဒု​စစ်ခေါင်း​ဆောင် စိုးဝင်းနှင့်အဖွဲ့ စစ်ဆင်​ရေးကွပ်ကဲမှုအစည်းအ​ဝေးလုပ်​နေ​ကြောင်း သတင်းရရှိ၍ ရှာထူး​ဝေါ်နည်းပညာ တပ်ဖွဲ့ ၏ Alpha bats တပ်ခွဲ က ​မြေပြင်လုံခြုံ​ရေးပူး​ပေါင်းတပ်များ အကူအညီဖြင့် Fixed Wing … Read more

လှည်းတန်းခုံးကျော်တံတားပေါ် ယာဥ်တိုက်မှုအမျိုးသားတစ်ဦး သေဆုံး၊လေးဦး ဒဏ်ရာရ

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းခုံးကျော်တံတားပေါ်တွင် ယနေ့ ညနေ ၃နာရီခွဲကျော်က ယာဥ်တိုက်မှုဖြစ်ပွားပြီး ယာဥ်မောင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။ ယနေ့ညနေ ၃ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် လှည်းတန်းခုံးကျော်တံတားပေါ်၌ ဟိုက်ဂျက်ယာဥ်နှင့် SUV အမျိုးအစား အိမ်စီးကားတို့ တိုက်မိခဲ့ပြီး ယင်းတိုက်မိသည့်အရှိန်ကြောင့် ဟိုက်ဂျက်ယာဥ်မှာ ပျက်စီးသွားကာ ယာဥ်မောင်းအမျိုးသားလည်း နေရာတွင် သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူပြည်သူတစ်ဦးက ဆိုသည်။ “ညနေက လှည်းတန်းခုံးတံတားပေါ်မှာ ကားနှစ်စီးတိုက်တာပါ။ ဟိုက်ဂျက်က အရှိန်လွန်ပြီး တိုက်တာလို့တော့ ပြောနေကြတယ်။ အရှိန်တော့ တော်တော်ပြင်းတယ်။ ဟိုက်ဂျက်တစ်စီးလုံး ပြားချပ်သွားတာပဲ။ ယာဥ်မောင်းက နေရာမှာတင် ပွဲချင်းပြီး သေသွားပါတယ်။ တစ်ဖက်ကားက လူ လေးယောက်လည်း ထိခိုက်ဒဏ်ရာ ရသွားပါတယ်”ဟု မျက်မြင်တွေ့ရှိခဲ့သူက ပြောသည်။ “ဟိုက်ဂျက်က လမ်းပြောင်းပြန်ကျော်တက်ပီး တိုက်ကြတာဖြစ်မယ်။ … Read more

မြဝတီကဝန်ထမ်းတွေကို ပြန်ခေါ်ရေးကိစ္စ မြန်မာဘက်က ကမ်းလှမ်းခဲ့ကြောင်း ထိုင်းအစိုးရ အတည်ပြု

တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီမြို့က စစ်ကောင်စီဝန်ထမ်းတွေကို ပြန်ခေါ်ရေးကိစ္စ မြန်မာဘက်က ကမ်းလှမ်းခဲ့ ကြောင်း ထိုင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၈ ရက် ဒီနေ့ အတည်ပြုပြောဆိုပါတယ်။ ဧပြီ ၇ ရက်၊ ၈ ရက်နဲ့ ၉ ရက်တွေမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အထူးလေယာဥ်တွေ ဆင်းသက်ခွင့်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးကတစ်ဆင့် မြန်မာစစ်ကောင်စီက ဧပြီလ ၆ ရက်နေ့မှာ တောင်းဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ဧပြီလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ထိုင်းအစိုးရက လူသားချင်းစာနာမှုအရ လေယာဥ်ဆင်းသက်ခွင့် ပြုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ မြဝတီမြို့ပေါ်က လက်နက်ချထားတဲ့ စစ်ကောင်စီတပ်သား ခြောက်ရာကျော်ကို လာရောက်ခေါ်ဆောင်တဲ့ မြန်မာ အမျိုးသားလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်း ဧပြီ ၇ … Read more