ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာမှ ပျူစောထီး ၁၂၀ ဦး ခန့် လက်နက်ချ အညံ့ခံ
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာမှ ပျူစောထီး အင်အား ၁၂၀ ခန့် လက်နက်ချအညံ့ခံခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယနေ့ ဧပြီလ ၈ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က ဟုမ္မလင်းမြို့နယ်၊ ကျွန်းကုန်း ကျေးရွာအခြေပြု ကျွန်းကုန်းရွာ ၊ သောင်သွတ်ရွာ ၊ အင်းကြင်းမော်ရွာ ၊ မနော်သာရွာမှ ပျူစောထီးများအား ၉ ရက်အ ကြာ ပိတ်ဆို့ထားပြီး လက်နက်ချ အလင်းဝင်ရန် လော်စပီကာဖြင့် လှုံ့ဆော်တိုက်တွန်းခဲ့ရာ လက် နက်ချအညံ့ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ လက်နက်ချအညံ့သူ ပျူစောထီးအင်အား ၁၂၀ ခန့်ရှိကြောင်း၊ ကျွန်းကုန်းရွာတိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၁၃၀ လက်အပါအဝင် ခဲယမ်းမီးကျောက်မျိုးစုံ သိမ်းပိုက်ရရှိခဲ့ကြောင်း ပြည်သူ့ … Read more