လူ့အခွင့်အရေးများ ချိုးဖောက်နေ၍ ရန်ကုန်ကနေဒါသံရုံးက အပြင်းထန်ဆုံးရှုတ်ချ

မြန်မာစစ်တပ်က တိုင်းပြည်ကာကွယ်ရန် ပျက်ကွက်နေပြီး ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးများ ချိုးဖောက်နေ၍ ရန်ကုန်ကနေဒါသံရုံးက အပြင်းထန်ဆုံးရှုတ်ချ မြန်မာစစ်တပ်က တိုင်းပြည်ကာကွယ်ရန် ပျက်ကွက်နေပြီး ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးများ ချိုးဖောက်နေ၍ အပြင်းထန်ဆုံးရှုတ်ချကြောင်း ရန်ကုန်မြို့ရှိ ကနေဒါသံရုံးက ယနေ့ တရားဝင်ထုတ်ပြန်သည်။ ယနေ့ကျရောက်သော မြန်မာနိုင်ငံ၏ တပ်မတော်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ထိုသို့ ထုတ်ပြန်ခြင်းဖြစ်ပြီး မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်နေဆဲဖြစ်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို ကနေဒါနိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်ကြောင်း၊ စစ်တပ်၏ အခန်းကဏ္ဍမှာ ပြည်သူများကို စောင့်ရှောက်ရန်နှင့် တိုင်းပြည်ကို ကာကွယ်ရန်ဖြစ်ပြီး မြန်မာစစ်တပ်သည် ယင်းတာဝန်ကို ထမ်းဆောင်ရန် ဆက်လက် ပျက်ကွက်နေကြောင်း ကနေဒါသံရုံးက ထုတ်ပြန်ထားသည်။ နိုင်ငံတကာဥပဒေကို ကြီးလေးစွာ ချိုးဖောက်ခြင်းဖြစ်သည့် လူနေအိမ်များ၊ ကျောင်းများ၊ ကျန်းမာရေး စင်တာများ၊ ကိုးကွယ်ရာ … Read more

မင်းလှက စစ်တပ်သတင်း‌ပေးဆိုသူ သေနတ်နဲ့ ၁၂ ချက် ပစ်ခံရပြီးသေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ပေါ်က စစ်တပ်သတင်းပေးဆိုသူ အမျိုးသားသေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ မင်းလှမြို့၊ စက်ကြီးတန်းလမ်းမှာနေတဲ့ ကိုမျိုးမြင့်အောင် (ခ) အောင်အောင်ကို ဒီနေ့လယ် ၂ နာရီခွဲဝန်းကျင်လောက်မှာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ နဲ့ မင်းလှ ပကဖ က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ သေနတ်နဲ့ ၁၂ ချက်ပစ်ခတ်ခံရပြီး ကိုမျိုးမြင့်အောင်ဟာ သူရဲ့နေအိမ်မှာပဲ သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ သူဟာ ဒေသတွင်း တော်လှန်ရေးအဖွဲ့ တွေနဲ့ပက်သက်တဲ့သတင်းတွေကို စစ်တပ်ဆီသတင်းဖမ်းဆီးခိုင်းတာတွေလုပ်သလို လက်နက်ကိုင်ဆောင်ထားသူလည်း ဖြစ်တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ် “ (မျိုးမြင့်‌အောင်က) စစ်ကောင်စီသတင်းပေးအစစ်။ သေနတ်လည်း … Read more

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို လက်မှတ်ရေးထိုး

ဆားလင်းကြီးတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို လက်မှတ်ရေးထိုးဆန့် ကျင်ကန့်ကွက်သော လှုပ်ရှားမှုတွင် ကြံ့ဖွတ်ပါတီဝင်များပါ ၎င်းတို့၏ ဆန္ဒအရ ပါဝင်လက်မှတ်ရေးထိုး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီ၏ မတရားသော စစ်မှုထမ်းဥပဒေကို လက်မှတ်ရေးထိုး ဆန့်ကျင်ကန့်ကွက်သော လှုပ်ရှားမှုများဖြင့် လက်မှတ်များ စုဆောင်းလျက်ရှိရာတွင် ကြံ့ဖွတ်ပါတီဝင်များပါ ဖိအားပေးမှု တစ်စုံတစ်ရာမရှိဘဲ ၎င်းတို့၏ ဆန္ဒအရ ပါဝင်လက်မှတ်ရေးထိုးလာကြောင်း ဒေသပြည်သူများကပြောဆိုသည်။ ဆားလင်းကြီးမြို့နယ်တွင် စစ်မှုထမ်းဥပဒေကို ဆန့်ကျင်​ရေး မြေပြင်သပိတ်များအပြင် လက်မှတ်ရေးထိုး စု ဆောင်း သော လှုပ်ရှားမှုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ လက်မှတ်များကို ကောက်ယူရာတွင် စစ်တပ်ထောက်ခံသော ကြံ့ဖွတ်ပါတီဝင်များကိုယ်တိုင် စစ်မှုထမ်းဥပဒေကို မထောက်ခံကြောင်း ပြောဆိုလာကြပြီး လက်မှတ်ရေးထိုးလှုပ်ရှားမှုတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လက်မှတ်ရေးထိုးကြကြောင်း သိရှိရသည်။ “မတ်လ ၂၅ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုနဲ့ မုံရွာတက္ကသိုလ်ကျောင်း … Read more

လော်ဘီ ကိုကျော်စိုးဦး အာမခံဖြင့် ပြန်လွတ်

စစ်ကောင်စီလော်ဘီ ကိုကျော်စိုးဦး အာမခံဖြင့် ပြန်လွတ် မြင်းမူမောင်နိုင်မိုး ကြားဝင်ညှိနှိုင်းပေးခဲ့သည်ဟုဆို စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနနှင့် စစ်တပ် အကြီးပိုင်းအရာရှိများကို ဝေဖန်ပြောဆိုမှုကြောင့် နေပြည်တော်အချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ စစ်ကောင်စီ ဝါဒဖြန့် People Media မှ အယ်ဒီတာချုပ် ကိုကျော်စိုးဦးကို မတ်လ ၂၅ ရက် ညနေပိုင်းက စစ်ကောင်စီမှ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း စွဲဆိုခံထားရသည့် အမှုကိုမူ ရုတ်သိမ်းခြင်းမရှိသေးကြောင်း Myanmar Now သတင်းဌာနမှ ဖော်ပြသည်။ ၎င်းဖမ်းခံရပြီးနောက် ရပ်တန့်သွားသည့် People Media ၏ သတင်းစာမျက်နှာများဖြစ်သည့် Facebook နှင့် တယ်လီဂရမ်ချန်နယ်တို့မှ လွတ်မြောက်သည့် မတ်လ ၂၅ ရက်နေ့မှာပင် ပုံမှန်အတိုင်း သတင်းများပြန်လည်တင်ဆက်လာသည်ကို တွေ့မြင်ခဲ့ရသည်။ ကိုကျော်စိုးဦးကို မတ်လ ၂၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန … Read more

ဘဘ ကိုယ်တိုင်က (သရော်စာ)

(က) “သင်္ကြန်နှစ်ဦး တူးပို့ တူးပို့ မြူး တူး တေး သံ သာ . . . သင်္ကြန်မယ်များ တူးပို့ တူးပို့ ထူး မာ ရဲ့ နော် ဗျာ . . . ငွေငန်းသံစုံ တူးပို့ တူးပို့ အာ ရုံ ပျော် စေ ရာ မယ်တို့ကိုလည်း တူးပို့ တူးပို့ မာ ပါ စေ ခ င် ဗျာ . . .” အဘစိမ်းမောင်တို့အိမ်ခြံဝကို ရောက်တော့ အနှီသင်္ကြန်တေးသံကို ကြားကြရလေ၏။ အိမ်ထဲရောက်တော့ အဘစိမ်း၏သားငယ် သိမ်းကိုကို ခေါ် စိမ်းကိုကိုနှင့် သားကြီး လေးမောင် ခေါ် … Read more

မင်းလှက စစ်တပ်သတင်း‌ပေးဆိုသူ သေနတ်နဲ့ ၁၂ ချက် ပစ်ခံရပြီးသေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ပေါ်က စစ်တပ်သတင်းပေးဆိုသူ အမျိုးသားသေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ မင်းလှမြို့၊ စက်ကြီးတန်းလမ်းမှာနေတဲ့ ကိုမျိုးမြင့်အောင် (ခ) အောင်အောင်ကို ဒီနေ့လယ် ၂ နာရီခွဲဝန်းကျင်လောက်မှာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ နဲ့ မင်းလှ ပကဖ က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ သေနတ်နဲ့ ၁၂ ချက်ပစ်ခတ်ခံရပြီး ကိုမျိုးမြင့်အောင်ဟာ သူရဲ့နေအိမ်မှာပဲ သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ သူဟာ ဒေသတွင်း တော်လှန်ရေးအဖွဲ့ တွေနဲ့ပက်သက်တဲ့သတင်းတွေကို စစ်တပ်ဆီသတင်းဖမ်းဆီးခိုင်းတာတွေလုပ်သလို လက်နက်ကိုင်ဆောင်ထားသူလည်း ဖြစ်တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ် “ (မျိုးမြင့်‌အောင်က) စစ်ကောင်စီသတင်းပေးအစစ်။ သေနတ်လည်း … Read more

တပ်သားသစ်စုဆောင်းမှုနှင့် စာရင်းကောက်ယူမှုများ ငြိမ်သက်လာ

စစ်မှုထမ်းရန် စာရင်းကောက်ယူသည့် အုပ်ချုပ်ရေးမှူးတချို့ သတ်ဖြတ်ခံရပြီးနောက် တပ်သားသစ်စုဆောင်းမှုနှင့် စာရင်းကောက်ယူမှုများ ငြိမ်သက်လာ စစ်ကောင်စီက အတည်ပြုခဲ့သည့် ပြည်သူ့စစ်မှုမထမ်း မနေရ ‌ဥပဒေကို ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျေးရွာ၊ ရပ်ကွက်များအတွင်း ပြည်သူများကိုဖိအားပေး စာရင်းကောက်ယူမှုများလုပ်ဆောင်ကာ မဲနှိုက်၍ လူရွေးချယ်မှုများပါ ပြုလုပ်ခဲ့ကြသည်။ စစ်ကောင်စီလက်အောက်ခံ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသည် အဆိုပါဥပဒေကို အကြောင်းပြုကာ စီးပွားရေးဆန်ဆန်ပြုလုပ်၍ ခြိမ်းခြောက်မှုများ၊ ငွေကြေး ကောက်ခံမှုများ ရှိလာခဲ့သည်။ စစ်မှုထမ်းဥပဒေအပေါ် ပြည်သူများ၏ စိုးရိမ်ထိတ်လန့်မှုကို အခွင့်အရေးယူကာ စီးပွားရေးစျေးကွက်တစ်ခုပမာ လုပ်ဆောင်လာသည့် အုပ်ချုပ်ရေးမှူးများကို တော်လှန် ရေးအဖွဲ့များက သတိပေးစာများ ထုတ်ပြန်ခဲ့သော်လည်း ရပ်တန့်မှုမရှိသည့်အတွက် ပစ်ခတ် သတ်ဖြတ်ခံရခြင်းများ ရှိလာခဲ့သည်။ မြို့နယ်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ ယင်းသို့ ပစ်ခတ် သတ်ဖြတ် ခံရပြီးနောက် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် … Read more

စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ဆောင်ရွက်ခြင်း မပြုလုပ်ရန် လောင်းလုံး PDF က သတိပေး

လောင်းလုံးမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ဆောင်ရွက်ခြင်း မပြုလုပ်ရန် လောင်းလုံး PDF က သတိပေး တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ဆောင်ရွက်ခြင်း မပြုလုပ်ရန် သတိပေး ကြေညာချက် ထုတ်ပြန်ထားကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ မတ်လ ၂၄ ရက်နေ့တွင် လောင်းလုံး PDF က အကြမ်းဖက် စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် လုပ်ကိုင်နေသော လောင်းလုံးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊အကြမ်းဖက် စစ်အုပ်စု၏ ဝန်ထမ်းများ အနေဖြင့် ပြည်သူများကို ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မဖမ်းဆီးခြင်း၊ စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်း၊ သင်တန်းပေးခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် … Read more

သင်းတံတား တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

ရေးမြို့နယ်၊ ခံသင်းတံတား တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခံသင်းတံတား တပ်စခန်းကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးခဲ့ပြီး စစ်တပ်က ထောင်ထားသည့် မိုင်းကြောင့် ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း ရေဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။ မတ်လ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ခံသင်းတံတားတပ်စခန်းကို ရေးဘီလူး အဖွဲ့က သိမ်းပိုက်ရန် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဒီနေ့ ခံသင်းတံတားဂိတ်စခန်းကို ဝင်တိုက်တာ။ စခန်းကိုက ရနေပြီ။ ရန်သူ့အင်အားလည်းများတယ်။ စခန်းထဲရောက်ချိန် ရန်သူ့ထောင်တဲ့ မိုင်းကြောင့် … Read more

စစ်မှုထမ်းရန် မဲပေါက်သဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်

ကျောက်ပန်းတောင်းမြို့နယ်၊ ထောက်ရှာကျေးရွာမှ အသက် ၂၇ နှစ်အရွယ် မောင်အောင်လင်းနိုင် စစ်မှုထမ်းရန် မဲပေါက်သဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင် မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်၊ ထောက်ရှာကျေးရွာမှ အသက် ၂၇ နှစ်အရွယ် မောင်အောင်လင်းနိုင်သည် စစ်မှုထမ်းရန် မဲပေါက်သဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ပြီး ကွယ်လွန်သွားကြောင်း ဆွေမျိုးများနှင့် မိတ်ဆွေများက အတည် ပြု ပြောဆိုသည်။ မတ်လ ၂၁ ရက်နေ့ ညနေပိုင်း ကျောက်ပန်းတောင်းမြို့နယ်၊ ဆိတ္တိန်းကျေးရွာ အုပ်စု၊ ထောက်ရှာကျေးရွာမှ ဦးစောဌေးနှင့် ဒေါ်မြင့်ရီတို့၏ သားဖြစ်သူ မောင်အောင်လင်းနိုင် အသက် ၂၇ နှစ်သည် ကျေးရွာအုပ်ချုပ်ရေးရုံး၏ မဲနှိုက်ပွဲတွင် တွင် စစ်မှုထမ်းရန် မဲပေါက်ခဲ့ကြောင်း၊ ထို့ကြောင့် ထွက်ပြေးရန် လုပ်ဆောင်သော်လည်း မိဘများနှင့်ဆွေမျိုးများက ကျန်ရစ်ခဲ့မည့် မိသားစုဝင်များကို စစ်တပ်က … Read more