စခန်း ၃၀ ကျော် ခဝေး ၃၀၀ ကျော်

KIA ၏ ၁၁ ရက်အကြာ စစ်ဆင်ရေး ကာလအတွင်း စခန်း ၃၀ ကျော် သိမ်းဆည်းရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် အရှင်ဖမ်းဆီးရရှိထား ကချင်ပြည်နယ်တွင် KIA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်များက မတ်လ ၇ ရက်နေ့စတင်ပြီး စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေရာ ယနေ့ မတ်လ ၁၈ ရက်နေ့အထိ စခန်းပေါင်း ၃၀ ကျော် သိမ်းဆည်းရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်ကို အရှင်ဖမ်းဆီးရရှိထားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ “မနေ့က စခန်း ၇-ခု သိမ်းပိုက်ရရှိပါတယ်။ ဒီမနက်မှာလည်း စစ်တပ်စခန်း စခန်း ၂ ခု ထပ်မံ သိမ်းပိုက်ရရှိပါတယ်။ မနေ့နဲ့ ဒီနေ့မှာ အားလုံး စခန်း ၉ခု … Read more

ယ နေ့ ည မုန့် ဟင်း ခါး ( ‌၁၇.၃.၂၀၂၄ )

မုန့်ဟင်းခါးအထွက်တိုးဖို့ ကျနော်တို့ 9/7 Day ရဲ့ Messanger မှာ တစ်ပွဲ ၃၀၀၀ နှုန်းနဲ့ ပါဝင်အားဖြည့်ပေးနိုင်ပါတယ်ခင်ဗျာ… 👇👇👇👇👇 ၁။ ကလေး​၊ ကျောင်းတိုက်တိုက်ပွဲ အလှူ – ၈ 👇👇👇👇👇 ၂။ နွားထိုးကြီးမြို့နယ် တိုက်ပွဲ – ၁၀ 👇👇👇👇👇 ၃။ လက်ပံတန်းမြို့ နယ် – ၆ 👇👇👇👇👇 ၄။ ရေဦးမြို့ပေါ် စခအလှူ – ၃ 👇👇👇👇👇 ၅။ ချောင်းဦးမြို့နယ် မိုင်းဆွဲ စခ – ၂ 👇👇👇👇👇 ၆။ ထီးလင်းမြို့နယ် စခအလှူ – ၁၀ 👇👇👇👇👇 ၇။ မြဝတီမြို့နယ် ခမရ ၃၅၅ အလှူ … Read more

ကိုမိုက်ကယ်ရေ….

ကိုမိုက်ကယ်ရေ…. အကိုလုပ်ခဲ့တာပြည်သူအတွက်ဗျ ကျနော်တို့ဂုဏ်ယူတယ်လေးစားတယ် သို့ပေမဲ့ ကျနော်တို့အတိုင်းထက်အလွန်ဝမ်းနည်းနေရပါတယ် ကျနော်တို့ပြည်သူတွေ အကိုအတွက်ပါ ဒီတော်လှန်ရေးကြီးကိုပိုအားစိုက်ပြီးလုပ်ဆောင်သွားပါ့မယ် ဂတိပေးပါတယ်😇😇💪 ကိုမိုက်ကယ် ဘေးကင်းပါစေ အမြန်ဆုံးလွတ်မြောက်ပါစေ🙏 “ကိုမိုက်ကယ် ကိစ္စ” စိတ်ပူပြီး မေးကြတဲ့သူတွေ ရှိနေလို့ သိရသလောက် ပြန်တင်ပေးတာပါ။ ကိုမိုက်ကယ်ကို ထိုင်းရဲတွေက ဖမ်းထားတယ် ဆိုတာ မှန်ပါတယ်။ မြန်မာပြည်မှာ လူသတ်မှုတွေ ကျူးလွန်ပြီး ထိုင်းဘက်ကို ထွက်ပြေးနေတဲ့ ငပျူကောင်ကို သတ်မှုနဲ့ ဖမ်းခဲ့တာပါ။ ထိုင်း ဥပဒေအရ အခုချိန်အထိ ကိုမိုက်ကယ်ဟာ သံသယ တရားခံပဲ ရှိပါသေးတယ်။ သူ့အမှုကို ရင်ဆိုင်ရမှာကလဲ ထိုင်းမြေပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပြစ်မှုအတွက် ထိုင်းတရားရုံးမှာပဲ ရင်ဆိုင်ရမှာပါ။ ဒီနေရာမှာ စာမတတ် ပေမတတ် ဥပဒေပညာကို နကန်းတလုံးမှ နားမလည်တဲ့ ဘောမလော်ဘီ ငစနူတွေက ကိုမိုက်ကယ် … Read more

စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ပေးတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ထိထိရောက်ရောက် အရေးယူမယ်

စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ပေးတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ထိထိရောက်ရောက် အရေးယူမယ်လို့ မွန်ပြည်သစ် (AD) က သတိပေးချက် ထုတ်ပြန် စစ်ကောင်စီ ရဲ့ စစ်မှု ထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနေတဲ့ ရပ်ကွက် နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ထိထိရောက်ရောက်အရေးယူသွားမယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) မှ ပြောခွင့်ရ နိုင်ဗညားမွန်ကပြောဆိုပါတယ်။ စစ်ကောင်စီ က မွန်ပြည်နယ် ၊ ကျိုက်မရော မြို့နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ကို စစ်မှုထမ်း ဥပဒေအရ လူ ၁၀၀ စုဆောင်းပေးဖို့ ညွန်ကြားထားတာနဲ့ပတ်သက်လို့ ဆောင်ရွက်ပေးနေတဲ့ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အရေးယူမယ်လို့ ထုတ်ပြန်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ “စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ ရပ်ကျေးတွေကနေ လုပ်ဆောင်နေတာ ရှိပါတယ်။ အဲဒါတွေ … Read more

နွားထိုးကြီးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

နွားထိုးကြီးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နနွမ်းတော်ဘိုးကျေးရွာနှင့် ကန်စွယ်ကျေးရွာကြားတွင် အကြမ်း ဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်နည်းသေဆုံး ခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။ မတ်လ ၁၄ ရက်နေ့က နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ဘိုးရွာနှင့် ကန်စွယ်ကျေးရွာအကြားသို့ အင် အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်တ်တိုက်ပွဲ ၁ နာရီခွဲ ခန့်ကြာမြင့် ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး ထက်မနည်းသေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရ … Read more

Cobra ကိုရှောင်ကွ

၃၅၅ ဆိုတာမင်းတို့လား Cobra ကိုရှောင်ကွ😍 အယ်ဘရေ အယ်ဘရေ မြဝတီက🚒ကားတွေလွတ်ပေးပါ ၃၅၅ 🔥လောင်နေပြီ 😁😁😁

လိုင်ဇာအနီးတွင် စစ်တပ်စခန်းမရှိတော့ဘဲ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွား

KIO ဌာနချုပ် လိုင်ဇာအနီးတွင် စစ်တပ်စခန်းမရှိတော့ဘဲ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီး ထွက်ပြေးနေသည့် စစ်သားများကို KIA က လိုက်လံရှင်းလင်းနေ ကချင်ပြည်နယ်၊ KIO ဌာနချုပ် လိုင်ဇာအနီးတွင် စစ်ကောင်စီတပ်စခန်း ကြီးကြီးမားမားမရှိတော့ဘဲ ထွက်ပြေးနေသည့် စစ်သားများကို KIA က လိုက်လံရှင်းလင်းနေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုသည်။ မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်တွင် KIO ဌာနချုပ် လိုင်ဇာအနီးရှိ စစ်ကောင်စီတပ်စခန်းများကို KIA က ချေမှုန်းတိုက်ခိုက်ခဲ့ပြီဖြစ် ကြောင်း၊ နောက်ဆုံးကျန်ရှိသည့် ဘွမ်ရယ်ဘွမ်တောင်ကုန်းပေါ်ရှိ ကျန်ရှိသော စစ်တပ်စခန်းကို KIA နှင့် မဟာမိတ်တပ်များက အပြီးသတ် ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ “အခုလုပ်နေတာက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA ပူးပေါင်းအဖွဲ့က … Read more

ဖလူးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထိုင်းဘက်ခြမ်း ထွက်ပြေး

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ ဖလူးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ KNU ဗဟိုက မတ် ၁၅ ရက်နေ့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ဖလူးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့က မတ် ၁၁ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၂၀ အချိန်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီ ၂၅ မိနစ်မှာ စခန်းတစ်ခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။ ၅ မိနစ်အတွင်း သိမ်းပိုက်ရရှိခဲ့တဲ့ ဖလူးစခန်သိမ်းတိုက်ပွဲမှာ စစ်ကောင်စီထံကနေ လက်နက်ခဲယမ်း အမြောက်အမြားနဲ့ ဆန်အပါအဝင် အခြားရိက္ခာခြောက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပြည်သူ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က … Read more

ကျောက်ဆစ်ပုံ အမြောက်တပ်ကို ရှော့ကတ်အလုံး၅၀ ပစ်သွင်းတိုက်ခိုက်

ကျောက်ဆစ်ပုံ အမြောက်တပ်ကို ရှော့ကတ်အလုံး၅၀ ပစ်သွင်းတိုက်ခိုက်ခဲ့လို့ တပ်အဆောက်အဦးတွေမီးလောင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊အမတ ၅၀၈ ကျောက်ဆစ်ပုံအမြောက်တပ်ကို ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ရှော့ကတ်အလုံး၅၀ပစ်သွင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်ပြီး တပ်ထဲက အဆောက်အဦးအချို့မီးလောင်ပျက်စီးသွားတယ်လို့ ရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄)ပြောခွင့်ရသူကပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၄ရက်နေ့ ၅နာရီခွဲအချိန်က တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ပေါင်းကာ ရော့ကတ်အလုံး၅၀နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။ “ထိခိုက်မှုများမယ်ဗျ၊ ဘာလို့ဆို ကျနော်တို့ပစ်လို့ တပ်ထဲမှာမီး၂နာရီကြာလောင်နေတာဆိုတော့ သေချာပေါက်ထိခိုက်မှုရှိမယ်”လို့ ပြောခွင့်ရသူကပြောပါတယ်။ အထိနာသွားတဲ့ စစ်အုပ်စုက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိနိုင်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကိုတော့ မုံရွာခရိုင်တပ်ရင်း (၄) မှ ဦးစီးပြီး မုံရွာခရိုင်တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa the Boys) ၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၂) Monywa Commando Force ၊ … Read more

ကနီမြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီဝင် (၄၇) ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့အား ယင်းမာပင်ခရိုင် တပ်ပေါင်းစုမှ မတ်လ (၂) ရက်မှ မတ်လ (၁၂) ရက်ထိ တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီဝင် (၄၇) ဦး သေဆုံးခဲ့ပြီး အလောင်း (၁၁) လောင်း ရရှိခဲ့သည်။ ကနီမြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံ၊ စာသင်ကျောင်းတို့တွင် အခြေချနေသော ခလရ (၈၇၊ ၈၉၊ ၂၂၂)၊ ခမရ-၃၁၃ ပူးပေါင်းအင်အား (၁၀၀) ကျော်၊ အင်မထီးရွာမှ လေကြောင်းဖြင့် အင်အားပို့ချလာသော ထပ်တိုးအင်အား (၁၂၀) ခန့်နှင့် ရေဦးမြို့မှ စစ်ကူလာသော ဘီလူးစစ်ကြောင်း အင်အား (၈၀) ခန့်တို့အား ယင်းမာပင်ခရိုင် ကွပ်ကဲရေး၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၊ ၂၊ ၆၊ … Read more