အထိနာ၍ ဒုစစ်ခေါင်းဆောင်ကိုယ်တိုင် လာရောက်အားပေးခြင်းဖြစ်ဟု PNLA ပြောကြား

ရှမ်းတောင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ရာချီရှိကာ အထိနာ၍ ဒုစစ်ခေါင်းဆောင်ကိုယ်တိုင် လာရောက်အားပေးခြင်းဖြစ်ဟု PNLA ပြောကြား ရှမ်းပြည်နယ်(တောင်ပိုင်း) တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာ၍ စစ်ရှုံးနေမှုကို စည်းရုံးရေး ဆင်းသည့်အနေဖြင့် ဒုစစ်ခေါင်းဆောင်ကိုယ်တိုင် လာရောက်အားပေးခဲ့ပြီး လက်ရှိတွင် တပ်အင်အား ပြန်စုစည်း၍ သံချပ်ကာ၊ တင့်ကား၊ လက်နက်ကြီးများ အသုံးပြုကာ ထိုးစစ်ဆင်နေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ထံက သိရသည်။ စစ်ကောင်စီ၏ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့ မတ် ၁၄ ရက်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့ရှိ စစ်ဆေးရုံ၌ သွားရောက်၍ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရထားသည့် ၎င်းတို့၏ လက်အောက်ခံ အရာရှိ၊ စစ်သည်၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို အားပေးစကား … Read more

စစ်ရှုံးကောင်တွေရဲ့ လက်နက်ချပွဲ

“စစ်ရှုံးကောင်တွေရဲ့ လက်နက်ချပွဲ” “ဟိုကောင်.. မင့်ကျည်ကာ ချွတ်” အပြောခံရတဲ့ကောင်က စစ်ရှုံး စစ်ကောင်စီတပ်က ဗိုလ်မှူး အဆင့်.. ပြောရရင် ဒီကောင်က လော်ဘီငဖား ကျော်ဖာ နဲ့ ဖားပြုတ် တို့တဲ့ထက် ပိုပြီး အဆင့်မြင့်တယ်.. “ဟို အဖိုးကြီး ကျည်ကာ ချွတ်၊ ကိုယ့်ပစ္စည်းကိုယ်ပဲ ယူသွား” ရက္ခိုင့်တပ်တော် AA က စစ်ခွေးတွေရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို သိမ်းယူတာမျိုး လုံးဝ မလုပ်ဘူး ဆိုတာ တာဝန်ကျ အာရက္ခ စစ်သည်တော်ရဲ့ အမှတ်တမဲ့ ပြောစကားက သက်သေပဲ..

တပ်ရင်းမှူး ရမ်းဗြဲသို့ စစ်ကူသွားရန် အမိန့်မနာခံ၍ စစ်ကောင်စီ ဖမ်းဆီးခဲ့ဟု စစ်သုံ့ပန်းအရာခံဗိုလ်ထွက်ဆို

မအီမြို့မှ ဆုတ်ခွာလာသည့် ခလရ(၃၆) တပ်ရင်းမှူး ရမ်းဗြဲသို့ စစ်ကူသွားရန် အမိန့်မနာခံ၍ စစ်ကောင်စီ ဖမ်းဆီးခဲ့ဟု စစ်သုံ့ပန်းအရာခံဗိုလ်ထွက်ဆို အမိန့်နာခံပြီး ရမ်းဗြဲသို့ စစ်ကူသွားသည့် စစ်ကြောင်း AA၏ တိုက်ခိုက်ချေမှုန်းခံရ မအီမြို့မှ စစ်​ကောင်စီဆုတ်ခွာချိန် မအီတံတား နှင့် ကျောက်ကြီးပေါက်တံတားကို စစ်​ကောင်စီ မိုင်းခွဲဖျက်ဆီး ရက္ခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့မှ တပ်စခန်းစွန့်ခွာလာသည့် စစ်ကောင်စီ၏ ခလရ(၃၆)မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်နိုင်ဝင်းကို အမိန့်မနာခံဟုဆိုကာ စစ်ကောင်စီက ပြန်လည်ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော်(AA) ဖမ်းဆီးမှု ခံခဲ့ရသည့် ခလရ(၃၆)မှ ဆေးမှူး ဒုအရာခံဗိုလ် မျိုးခန့်က ပြောကြားသည်။ ဖေဖော်ဝါရီ ၁၆ရက်၊ ၁၇ရက် နေ့များတွင် စစ်ကောင်စီက တောင်ကုတ်မြို့နယ် မအီမြို့အနီးရှိ မအီတံတား နှင့် မအီ-ကျောက်ဖြူ ကာလမ်း ရှိ … Read more

လူငယ်များနှင့် အုပ်ထိန်းသူမိဘများကို စစ်ကောင်စီက လိမ်ညာ စည်းရုံး

စစ်တပ်ထဲတွင် တစ်လ ၅ သိန်းကျော် လစာနှင့် ရိက္ခာ အပြည့် ပေးပြီး ပညာ သင် ပေးကာ ပျော်အောင်ထားမည်ဟု စစ်မှုထမ်းရမည့် လူငယ်များနှင့် အုပ်ထိန်းသူမိဘများကို စစ်ကောင်စီက လိမ်ညာ စည်းရုံး စစ်တပ်ထဲတွင် ဧပြီလကုန်ပိုင်း စတင်ဝင်ကြရမည့် လူငယ်များကို တစ်လလျှင် ငွေကျပ် ၅ သိန်းကျော်ပေးပြီး ပညာသင်ပေးကာ ပျော်အောင်ထားမည်ဟု အကြမ်းဖက်စစ်ကောင်စီက လိမ်လည် စည်းရုံးပြောဆိုမှုများ လုပ်ဆောင်နေကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် အုပ်ထိန်းသူမိဘတချို့က ပြောဆိုကြသည်။ နေပြည်တော်၊ ရန်ကုန်၊ ဧရာ၀တီတိုင်း၊ မန္တလေး အပါ အဝင် တစ်နိုင်ငံလုံးတွင် လူငယ်များကို ဧပြီလမှ စတင်မည့် စစ်မှုထမ်းအပတ်စဉ် ၁ တွင် တက်ရောက်ရန် နာမည်စာရင်းများဖြင့် ဆင့်ခေါ်နေပြီး လူငယ်များနှင့်အုပ်ထိန်းသူမိဘများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ထွက်မပြေးရန်နှင့် … Read more

စစ်ဗိုလ်ကတော်များက ခွေးနှင့်ဝက်များကို ပြေးခိုင်း၍

နေပြည်တော် နန်းဦးစေတီတွင် စစ်ဗိုလ်ကတော်များက ခွေးနှင့်ဝက်များကို ပြေးခိုင်း၍ တော်လှန်ရေးတပ်ဖွဲ့များ ခွေးပြေး၊ ဝက်ပြေး ပြေးစေရန်ယတြာချေ နေပြည်တော် နန်းဦးစေတီတွင် စစ်ဗိုလ်ကတော်များက ခွေးနှင့်ဝက်များကို ပြေးခိုင်း၍ တော်လှန်ရေးတပ်ဖွဲ့များ ခွေးပြေး၊ ဝက်ပြေး ပြေးစေရန်ယတြာချေမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။ နေပြည်တော်၊ ဇဗ္မူသီရိမြို့နယ်ရှိ နန်းဦးစေတီတော်၌ ယခုမတ်လ ပထမပတ်အတွင်းတွင် ရှေ့တန်းရောက် စစ်ဗိုလ်များ၏ ဇနီးဗိုလ်ကတော်များက ဘုရားရင်ပြင်တော်ပေါ်သို့ ခွေးနှင့် ဝက်များကို တင်ခေါ်လာပြီး ရိုက်နှက်၍ပြေးခိုင်းကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံမှ သိရသည်။ ထို့အပြင် အရာရှိကတော်များမှ စေတီရင်ပြင်တော်ပေါ်၌ ပရိတ်ရွတ်ဖတ်ခြင်းများ ပြုလုပ်၍ ခွေးနှင့် ဝက်များကို လက်ခုပ်တီးကာ ဝိုင်းဝန်းမောင်းထုတ်ခဲ့ကြသည်ဟု သိရသည်။ “နေပြည်တော်က နန်းဦးစေတီမှာ ကတော်တွေ ရွတ်ဖတ်ပြီးယတြာတွေချေတာ။ ခွေးတွေဝက်တွေကိုကြိုးတုပ်ခေါ်လာပြီး အဲ့ရောက်မှကြိုးဖြည်ပြီး ရင်ပြင်တော်ပေါ်မှာ လက်ခုပ်တွေဝိုင်းတီးပြီး … Read more

အောင်မြင်စွာ ထွက်ပြေးနေရတာလေးကိုက အရသာရှိနေတာ

အောင်မြင်စွာ ထွက်ပြေးနေရတာလေးကိုက အရသာရှိနေတာ..တဲ့ မိုးဟိန်း ပြောသလိုပဲ🤣 ဒီစစ်တပ်မှာ အောင်မြင်စွာ ခွာစစ် ဆင်နိုင်တာကိုပဲ ဝမ်း‌သာပြီး အရသာတွေ့နေတာ🤣 အောင်မြင်စွာ ထွက်ပြေးနေရတာလေးကိုက အရသာရှိနေတာ🤣 ဒတဆဖ

“ပြုတ်ပြုတ်ပြုန်းနေတဲ့ ‘ပ’ သုံးလုံး စစ်တပ်”

“ပြုတ်ပြုတ်ပြုန်းနေတဲ့ ‘ပ’ သုံးလုံး စစ်တပ်” ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ အနီးရှိ “မအီတံတား” နဲ့ မအီ-ကျောက်ဖြူ ကားလမ်းမပေါ်ရှိ “ကျောက်ကြီးပေါက်တံတား” တွေကို ဖေဖော်ဝါရီလ (၁၆/၁၇) ရက်နေ့တွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့မှုနဲ့ ပတ်သက်ပြီး မအီမြို့ တပ်စခန်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ခလရ (၃၆) မှ အရာခံဗိုလ် မျိုးခန့် (ကိုယ်ပိုင်အမှတ် – ၇၇၃၆၃၈) ရဲ့ ပြောကြားချက်ကို ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားတာပါ။ အဲ့ထဲမှာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး တစ်ယောက်ကို အမိန့်မနာခံမှုနဲ့ ကျောက်ဖြူ ဗျူဟာမှူး ဝဏ္ဏအောင် ဆိုတဲ့ကောင်က ဖမ်းဆီးထားပြီး အခုထိ ပြန်မလွှတ်သေးဘူးလို့ ထွက်ဆိုသွားတာကို တွေ့လိုက်ရတယ်။ သေချာတယ်။ စစ်တပ်ထဲမှာ သေတဲ့ကောင်ရယ်၊ … Read more

ဖားကန့်-ဝှေခါ၊ ဖားကန့်-တာမခန်လမ်းတို့ကို KIA က အပြည့်အ၀ ထိန်းချုပ်

နန့်မှော်၊ တန်သုံးထောင်စစ်စခန်းကို စစ်ကောင်စီတပ်များ စွန့်ခွာသွား၊ ရက်ပိုင်းအတွင်း ဖားကန့်တွင် စခန်း ၄ ခုသိမ်းဆည်းရရှိပြီး စစ်သား ၁၀၀ နီးပါး သေဆုံး ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်မှော် ၊ တန်သုံးထောင် စစ်ကောင်စီတပ်စခန်းကို စစ်သားများ စွန့်ခွာသွားသဖြင့် KIA တပ်များက နယ်မြေရှင်းလင်းပြီး သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။ ယနေ့ နံနက်ပိုင်းတွင် နန့်မှော် တန်သုံးထောင် စစ်စခန်းကို စစ်သားများက စွန့်ခွာသွားခြင်းဖြစ်ကြောင်း၊ လှမောင်ကုန်းနှင့် ဆိုင်းတောင်စခန်းကုန်းဘက်သို့ စစ်သားများ ဆုတ်ခွာသွားကြကြောင်း၊ စခန်းကို ရှင်းလင်းစဉ် လက်နက်ကြီးကျည်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။ “တန်သုံးထောင်စခန်းလို့ခေါ်တာက အဲဒီမှော်နားမှာ တန်သုံးထောင် ကျောက် စိမ်း တုံးကြီး ရဖူးလို့ တန်သုံးထောင် စခန်းလို့ ခေါ်တာ။ အဲဒါ ဒီမနက် အဲဒီစခန်းကနေ … Read more

စစ်တပ်က‌ ဖောက်ခွဲဖျက်ဆီးခဲ့မှု စစ်သုံ့ပန်း စစ်ဆေးအရာခံဗိုလ်မျိုးခန့် ဝန်ခံ(ရုပ်/သံ)

ရခိုင်ပြည်နယ်ရှိ မအီတံတားနှင့် ကျောက်ကြီးပေါက်တံတားကို စစ်တပ်က‌ ဖောက်ခွဲဖျက်ဆီးခဲ့မှု စစ်သုံ့ပန်း စစ်ဆေးအရာခံဗိုလ်မျိုးခန့် ဝန်ခံ(ရုပ်/သံ) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့အနီးရှိ မအီတံတားနှင့် ကျောက် ကြီးပေါက်တံတားတို့ကို စစ်ကောင်စီတပ်က မိုင်းဆွဲဖျက်ဆီးခဲ့ကြောင်း စစ် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စစ်တပ်၊ ဆေးအရာခံဗိုလ်မျိုးခန့်က ဝန်ခံထွက်ဆို ထားသည်။ AA က ယနေ့ ညနေပိုင်း ထုတ်ပြန်သော ဗီဒီယိုတွင် ၎င်းက အထက်ပါအတိုင်း ဝန်ခံလိုက်ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မအီမြို့တပ်စခန်းမှ စွန့်ခွာရန် အမိန့်ရရှိခဲ့ပြီးနောက် အထုပ်အပိုးပြင် ကာ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၈ နာရီခွဲခန့်တွင် မအီမြို့မှ စတင်ထွက်ခွာခဲ့ကြောင်း၊ မအီမြို့အ ထွက်၌ ခေတ္တရပ်နားပြီး မအီတံတားကို ဖောက်ခွဲလိုက်ကြောင်း၊ ထို့နောက် … Read more

လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ပြည်သူ ၂၁ ဦးသေဆုံး (ရုပ်သံ)

စစ်တွေမြို့မဈေးအတွင်းသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ပြည်သူ ၂၁ ဦးသေဆုံးနေသည့် ဗီဒီယို လက်ခံရရှိ ရခိုင်ပြည် မြို့တော် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်မှာရှိသည့် စစ်တွေရေတပ်ဌာနချုပ်စခန်း လက်အောက်ရှိ စစ်ကောင်စီရေတပ်က ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက်က စစ်တွေမြို့မဈေးကြီးကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၂၁ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီကျော် ဈေးအတွင်း လူစည်ကားနေချိန် စစ်ကောင်စီနေဗီက လက် နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ တမင်တကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဈေးသည်များနှင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ စစ်ကောင်စီ၏ ထိုပစ်ခတ်မှုတွင် အပြစ်မဲ့ပြည်သူ ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ အပြင်းစား ဒဏ်ရာရရှိသူ ၃၀ … Read more