ကနီမြို့ကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းယူ၊ စစ်ကောင်စီတပ်သား (၁၂) ယောက်အရှင်မိ
ကနီမြို့ကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းယူ၊စစ်ကောင်စီတပ်သား (၁၂) ယောက်အရှင်မိ၊စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပြင်းအထန်ပြုလုပ်နေ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့ကို ဒေသခံတော်လှန်ရေးပူးပေါင်းအဖွဲ့က မတ်လ(၆) ရက် ညနေပိုင်းမှာ အပြီးသတ်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က လေကြောင်း တိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်နေတယ်လို့ဒေသခံတော်လှန်ရေးအဖွဲ့၀င်တစ်ဦးကပြောပါတယ်။ ဖေဖော်ဝါရီလ(၂)ရက်နေ့ကစပြီး ကနီမြို့ကိုဒေသခံတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်းမြေပြင်ခံစစ်အပြင် လေကြောင်းတိုက်ခိုက်မှုနဲ့ပါ အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ “တစ်မြို့လုံး ထိန်းချုပ်လိုက်ပြီ။ အရှင် (၁၂)ကောင်မိ” လို့ မြေပြင်နဲ့နီးစပ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။ ကနီမြို့ကို ဒေသခံတော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူနေစဉ် စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးနဲ့မဆိုင်တဲ့ကျေးရွာတွေကိုပါ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူတစ်ချို့သေဆုံးထားပြီးထိခိုက်ဒဏ်ရာရသူအများအပြားနဲ့ နေအိမ်ပျက်စီးမှုတွေ ရှိတယ် လို့ သိရပါတယ်။ ကနီမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်ရရှိ စစ်ကိုင်းတိုင်း၊ ကနီမြို့ကို ယနေ့တွင် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ အတည်ပြုသိရသည်။ ကနီမြို့ရှိ … Read more