Author name: Admin

စွပု…ဘာပြောမလဲ

မန်းလေးက ရခိုင်တွေထွက်သွား၊ရခိုင်ဆိုင်က အားမပေးနဲ့ ရခိုင်ဆိုင်တွေ မစားနဲ့ပြောပြီး မဟာမုနိဘုရားကြီးကိုတော့ ထမင်းနဲသွားကပ်တယ်နော်။ ဘတ်ဘတ်ကြီးတို့က လူတွေကြတော့ ပြန်ခိုင်းပြီး ရခိုင်ကဘုရားကြီးကိုတော့ ဇွတ်ကြီးယူထားတုန်း.. ခင်ဗျားတို့တွေ များတင်လို့မထင်ဘူးလာ့။ #ShweMoe

စွပု…ဘာပြောမလဲ Read More »

နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် နွားထိုးကြီးမြို့နယ်၊ နားဘူးအိုင်ဘက်မှ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်း ထိုး လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဖောင်ချဉ်းကျေးရွာအနီး အရောက် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ နာရီ ခန့် အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးကာ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “လက်ရှိ ခွေးစစ်ကြောင်းက တည်ပင်ရွာမှာရောက်နေတယ်၊ အခုတော့ အထုပ်အပိုးတွေ ပြင်နေ တယ်၊ ဘယ်ထွက်မလဲဆိုတော စောင့်ကြည့်နေကြတုန်းပဲ၊

နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး Read More »

ဆင်ဘိုမြို့ အနီးရှိ ခလရ(၁၄၁) တပ်ရင်းကို ယနေ့မနက်တွင် KIA/KPDF ပြန်လည်ထိုးစစ်ဆင်

ဆင်ဘိုမြို့ အနီးရှိ ခလရ(၁၄၁) တပ်ရင်းကို ယနေ့မနက်တွင် KIA/KPDF ပြန်လည်ထိုးစစ်ဆင် ▪︎KIA သတိပေးချက်ကြောင့် တပ်စခန်းစွန့်သွားသည့် မြို့လှဒေသကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား ထားမြတ်/People’s Spring ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့မနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။ ဖေဖော်ဝါရီ ၂၄ရက် မနက် ၇နာရီမှစတင်ပြီး ခလရ(၁၄၁) တပ်ရင်းကို KIA၊ KPDF ပူးပေါင်းတပ်က ပြန်လည်တိုက်ခိုက်နေကြောင်း ၎င်းက အသိပေးသည်။ KIA ပူးပေါင်းတပ်သည် ဆင်ဘိုမြို့ ကို ဖေဖော်ဝါရီ ဒုတိယ ပတ်တွင် တိုက်ခိုက်ခဲ့ရာ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ ထို့ပြင် မြို့နှင့်မိုင်အနည်းငယ်အကွာရှိ ခလရ(၁၄၁) စစ်ကောင်စီတပ်ရင်းကို တိုက်ခိုက်ခဲ့သော်လည်း တစ်ရက်အကြာ တွင်

ဆင်ဘိုမြို့ အနီးရှိ ခလရ(၁၄၁) တပ်ရင်းကို ယနေ့မနက်တွင် KIA/KPDF ပြန်လည်ထိုးစစ်ဆင် Read More »

မောင်တောမြို့ရှိ စစ်ကောင်စီ၏ ရန်အောင်ပြင်ကင်းစခန်းကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်

မင်းပြားမြို့မှ စစ်တပ်၏ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ၆ ရက်မြောက်အဖြစ် ထိုးစစ်ဆင်နေ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ ရန်အောင်ပြင် ကင်းစခန်းကို AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း AA က သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၃၂ မိနစ်အချိန် AA ထံတွင် လက်နက် ချ အညံ့မခံသည့် စစ်တပ်စခန်းများထဲမှ တစ်ခုဖြစ်သော မောင်တောမြို့ ရန်အောင်ပြင် ကင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် အချိန်တွင် ၎င်းစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထို့ပြင် အဆိုပါစခန်း ပတ်ဝန်းကျင်ရှိ လက်ကျန်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း AA က

မောင်တောမြို့ရှိ စစ်ကောင်စီ၏ ရန်အောင်ပြင်ကင်းစခန်းကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက် Read More »

စစ်​ကောင်စီစစ်ကိုင်းတိုင်းဝန်ကြီးချုပ်ယာဥ်တန်းတိုက်ခိုက်ခံရ၊စစ်ဗိုလ် ၁ ဦး​သေပြီး မိုင်းထိ​သောမာစီးဒီးကားကိုထားခဲ့

||Breaking News|| စစ်​ကောင်စီစစ်ကိုင်းတိုင်းဝန်ကြီးချုပ်ယာဥ်တန်းတိုက်ခိုက်ခံရ၊စစ်ဗိုလ် ၁ ဦး​သေပြီး မိုင်းထိ​သောမာစီးဒီးကားကိုထားခဲ့ ▪︎အဆိုပါယာဥ်တန်းတွင် စစ်​ကောင်စီပြန်ကြား​ရေးတာဝန်ခံဗိုလ်ချုပ်​ဇော်မင်းထွန်းပါရှိ​ကြောင်းသတင်းထွက်​ပေါ်​နေ​သော်လည်း အတည်မပြုနိုင်​သေး စစ်ကိုင်းမြို့ တိုင်းရင်းသားဒီကရီကောလိပ်မှ ပြန်လာသည့် စစ်‌ကောင်စီ၏ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် အရာရှိများလိုက်ပါလာသည့် ယာဉ်တန်းအား ​တော်လှန်​ရေးအဖွဲ့များ ကယ​​မန်နေ့( ဖေဖော်ဝါရီ ၂၂ရက်)နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးပြီး စစ်ဗိုလ်တစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။ “တိုင်းရင်းသားဒီကရီကောလိပ်ကအပြန် မိုင်းဆွဲတိုက်ခိုက်တာမှန်တယ်။ ဗိုလ်တစ်ယောက်သေတယ်။ ကားပျက်စီးတယ်” ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ အဆိုပါယာဉ်တန်း၌ စစ်ကောင်စီအတွက် အဓိက ဝါဒဖြန်ချီ​ပြောကြား​ပေး​နေသူ စစ်​ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းပါဝင်ကြောင်း သတင်းထွက်​ပေါ်​နေ​သော်လည်း သီးခြားအတည်မပြုနိုင်​သေးပါ။ သို့​သော်အဆိုပါယာဉ်တန်းတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းပါ အတည်ပြုမရ​သေးသေးသော်လည်း စစ်ကောင်စီ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးတို့ ပါဝင်သည်ဟု စုံစမ်းသိရသည်။ မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂

စစ်​ကောင်စီစစ်ကိုင်းတိုင်းဝန်ကြီးချုပ်ယာဥ်တန်းတိုက်ခိုက်ခံရ၊စစ်ဗိုလ် ၁ ဦး​သေပြီး မိုင်းထိ​သောမာစီးဒီးကားကိုထားခဲ့ Read More »

စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုး သမီး၊ အမျိုးသား ၁၄ သန်းရှိဟု အကြမ်းဖက် ဇော်မင်းထွန်းပြောဆို

ဧပြီလနှောင်းပိုင်း သင်္ကြန်ပိတ်ရက်များအပြီး ပြည်သူများ စစ်မှုထမ်းရေး ဆင့် ခေါ်မည်ဖြစ်ပြီး စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုး သမီး၊ အမျိုးသား ၁၄ သန်းရှိဟု အကြမ်းဖက် ဇော်မင်းထွန်းပြောဆို ■ အဖွဲ့ဝင် ၁၈ ဦးပါ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြီး လူငယ်များကို စစ်ရေး လေ့ကျင့်သင်ကြားပေးပြီးလျှင် ရှေ့တန်းစေလွှတ်မည် မြန်မာနိုင်ငံတွင် လာမည့် ဧပြီလနှောင်းပိုင်း သင်္ကြန်ပိတ်ရက်များအပြီး ပြည်သူများ စစ်မှုထမ်းရေး ဆင့်ခေါ်မည်ဖြစ်ပြီး စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသမီး၊ အမျိုးသား ၁၄ သန်းရှိနေကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက စစ်တပ်ပိုင်မီဒီယာများနှင့် ပုဂ္ဂလိကမီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကောက်ယူခဲ့သော ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃

စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုး သမီး၊ အမျိုးသား ၁၄ သန်းရှိဟု အကြမ်းဖက် ဇော်မင်းထွန်းပြောဆို Read More »

စစ်မှုထမ်းရမယ့်အချိန် တရားဝင်ပြောပြီ

သင်္ကြန်အပြီး စစ်မှုထမ်းရန် လူသစ်စစုမည်ဟု စစ်ကောင်စီ တရားဝင်ပြောပြီ အပတ်စဉ် ၁ ခုကို လူ ၅၀၀၀ နှုန်း ခေါ်မည်ဖြစ်ပြီး ရှေ့တန်းလွှတ်ရန်လည်း ပါဝင်။ သင်္ကြန်ရုံးပိတ်ရက်များအပြီး ဧပြီလအတွင်းတွင် စစ်မှုထမ်းရန်အတွက် လူသစ်စုဆောင်းခြင်းကို စတင်လုပ်ဆောင်မည်ဟု စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကယနေ့တွင် ပြောဆိုလိုက်သည်။ အပတ်စဉ် ၁ ခုလျှင် လူဦးရေ ၅,၀၀၀ ခန့် ခေါ်ရန် လျာထားကြောင်းနှင့် အသေးစိတ်ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်မည်ဟုလည်း BBC (မြန်မာပိုင်း) ကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ တပ်သားသစ်များကို ရှေ့တန်းလွှတ်ရန်လည်း ထည့်သွင်းစဉ်းစားထားကြောင်း ၎င်းက ဆိုပြီး ထိုသို့စဉ်းစားရာတွင် ၁ ဦးချင်းစီ၏ ကျွမ်းကျင်တတ်မြောက်မှုအပေါ် အခြေခံစဉ်းစားမည်ဟုလည်း ဆိုသည်။ လူသစ်စုဆောင်းခြင်းအတွက် စစ်တိုက်ရန်နေရာများအပြင် ကွန်ပျူတာပညာရှင်များ၊ စီးပွားရေးပညာရှင်များနှင့် သတင်းမီဒီယာသမားကဲ့သို့သော ကျွမ်းကျင်ပညာရှင်များလည်း လိုအပ်သည်ဟုလည်း

စစ်မှုထမ်းရမယ့်အချိန် တရားဝင်ပြောပြီ Read More »

စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် မဖြစ်နိုင်တော့၍ တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်း တိုက်ပွဲဝင်မည်ဟု NMSP ကြေညာ

▪︎”ဒီမှာရှိတဲ့ ခေါင်းဆောင်တွေ တပ်ဗိုလ်တပ်မှူးတွေ ယုံ ကြည်ချက် တူညီတဲ့ အစုအဖွဲ့တွေ စုဖွဲ့ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းဖို့ အတွက် ကျနော်တို့ အင်အားတစ်ခုအနေနဲ့ဆက်လက်တိုက်ပွဲဝင်မယ့်အကြောင်းပါ” -NMSP ( စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ နိုင်ဗညားလယ် ထားမြတ်/People’s Spring အာဏာသိမ်းစစ်ကောင်စီက ပြည်သူအပေါ် သတ်ဖြတ်နှိပ်စက်မှုများ ပိုမိုပြုလုပ်လာ၍ စစ်ကောင်စီနှင့်နိုင်ငံရေးအရဆွေးနွေးအဖြေရှာရန်မဖြစ်နိုင်တော့ကြောင်း မွန်ပြည်သစ်ပါတီ(NMSP) က ယနေ့ ဖေဖော်ဝါရီ ၁၄ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမည်ဟု အသိပေးသည်။ ထိုသို့ထုတ်ပြန်ကြေညာရာ၌ NMSP (စစ်အာဏာရှင်တိုက်ဖျက်ရေး) အမည်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး NMSP အထွေထွေအတွင်းရေးမှူး နိုၚ်ဇေယျ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသော ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ် ဗိုလ်၊တပ်မှူး၊အကြပ်တပ်သားရဲဘော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များတို့က အာဏာသိမ်းစစ်တပ်၏

စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် မဖြစ်နိုင်တော့၍ တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်း တိုက်ပွဲဝင်မည်ဟု NMSP ကြေညာ Read More »

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုင်းရင်းသားစိတ်ဓာတ်ပျောက်နေ၍ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းဟု အကြမ်းဖက် ဇော်မင်းထွန်း ဆိုပြန်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုင်းရင်းသားစိတ်ဓာတ်ပျောက်နေ၍ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းဟု အကြမ်းဖက် ဇော်မင်းထွန်း ဆိုပြန် ■ ပြည်သူတိုင်း စစ်မှုမထမ်းမနေရစနစ်ကို အစိုးရ အဆက်ဆက် ရေရှည်လုပ်ဆောင်သွားမည် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းသည့်အကြောင်းအရင်းများထဲတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များတွင် တိုင်းရင်းသားစိတ်ဓာတ်ပျောက်နေ၍ နိုင်ငံတော်အတွက် စိုးရိမ်စရာ ကောင်းနေသည်ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း မိတ်ဆက်ပြောဆိုရာတွင် ၎င်းက အထက်ပါတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။ “တချို့သော တချို့သော EAOs အဖွဲ့အစည်းထဲမှာရှိတဲ့ ကျနော်တို့က တိုင်းရင်းသားလို့ ပြောနေကြတ့သူတွေဟာ တိုင်းရင်းသားစိတ်ဓာတ်ပျော်ကနေပါပြီ။ သူတို့ရဲ့ ပြုမူပုံ၊ ပြောဆိုပုံ၊ လုပ်ဆောင်ပုံတွေကို ကြည့်ရင် တိုင်းရင်းသား စိတ်ဓာတ်ပျောက်နေကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့ နောက်ကွယ်မှာ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုင်းရင်းသားစိတ်ဓာတ်ပျောက်နေ၍ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းဟု အကြမ်းဖက် ဇော်မင်းထွန်း ဆိုပြန် Read More »

PNO ဗိုလ်မှူး ခွန်အောင်ဆန်းအပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများပြား

ဆီဆိုင်မြို့နယ်ဘက်သို့ ဆင်းလာသည့် စစ်တပ်နှင့်PNO စစ်ကြောင်းကို တိုက် ခိုက်မှု PNO ဗိုလ်မှူး ခွန်အောင်ဆန်းအပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ ကားတစ်စီးနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ရှမ်းပြည်နယ်တောာင်ပိုင်း၊ ဆီဆိုင်မြို့နယ်ဘက်သို့ ဆင်းလာသည့် စစ်တပ်နှင့်PNO စစ်ကြောင်းကို တိုက်ခိုက်ရာ PNO ပြည်သူ့စစ် ဗိုလ်မှူး ခွန်အောင်ဆန်းအပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး ကားတစ်စီးနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း PNLA သတင်းရင်းမြစ်က ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဆီဆိုင်မြို့နယ်နှင့် ဆိုက်ခေါင်အကြား ကျေးရွာတစ်ခုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် လက်အောက်ခံ PNO စစ် ကြောင်းကို PNLA နှင့် မဟာမိတ်တပ်များက ၀ိုင်းဝန်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးမှုများပြား ကြောင်း၊ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် ၏ ဗိုလ်မှူး ခွန်အောင်ဆန်း

PNO ဗိုလ်မှူး ခွန်အောင်ဆန်းအပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများပြား Read More »

Scroll to Top