Author name: Admin

AA က သိမ်းပိုက်ထားသည့် ကျောက်တော်မြို့နှင့် ကစ္ဆပနဒီတံတားကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးခွဲ

AA က သိမ်းပိုက်ထားသည့် ကျောက်တော်မြို့နှင့် ကစ္ဆပနဒီတံတားကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးခွဲ၊ စစ်တွေမြို့အဝင် မင်းချောင်းတံတားကိုလည်း စစ်ကောင်စီက မိုင်းခွဲဖျက်ဆီး ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် ရန်ကုန်- စစ်တွေ ကားလမ်းမရှိ ကစ္ဆပနဒီတံတားကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဂျက်တိုက်လေယာဉ် တစ်စီးနှင့် လာရောက်ဗုံးကြဲခဲ့ကြောင်း ကျောက်တော် ဒေသခံများက ပြောသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်ခန့် အချိန်တွင် စစ်ကောင်စီက ကျောက်တော်မြို့ကို ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲသလို ကစ္ဆပနဒီတံတားကိုလည်း ဗုံးကြဲခဲ့ကြောင်း ကျောက်တော်ဒေသခံတစ်ဦးက ပြောဆိုသည်။ “ကျောက်တော်က ပိုက်သည်ရပ်ကွက် (မွတ်ဆလင်) ရပ်ကွက်ကို လေယာဉ်နဲ့ ဗုံးကြဲခဲတယ်။ မီးတော်တော် လောင်နေတယ်။ ပြီးတော့ […]

AA က သိမ်းပိုက်ထားသည့် ကျောက်တော်မြို့နှင့် ကစ္ဆပနဒီတံတားကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးခွဲ Read More »

စစ်ကောင်စီတပ်သားများ မြေပုံမြို့ကိုစွန့်ခွာ

စစ်ကောင်စီတပ်သားများ မြေပုံမြို့ကိုစွန့်ခွာစဉ် သင်္ဘောဆိပ်တွင် ကျန်နေခဲ့သည့် စစ်ပစ္စည်းများ (ဓာတ်ပုံသတင်း) ယနေ့ နံနက် အစောကြီး ၁ နာရီ ၁၀ မိနစ်ခန့်တွင် မြေပုံရှိ စကစအဖွဲ့ဝင်များ အားလုံး မြို့ကိုစွန့်ခွာ တပ်ဆုတ်သွားခဲ့ပြီ ဖြစ်သည်။ ယခုဓာတ်ပုံတွင် မြင်တွေ့ရသည့် စစ်ပစ္စည်းများမှာ သင်္ဘောဆိပ်တွင် ကျန်နေခဲ့သည့် စစ်လက်နက် ခဲယမ်းများဖြစ်ပါသည်။ နိရဉ္စရာက စုံစမ်း သိရှိရသလောက် ရခိုင်လူမျိုး စစ်ကောင်စီ ဗိုလ်မှူးဦးဝင်းကျော် ဦးစီးပြီး မြေပုံမြို့ တောင်ဖလာစစ်ဆေးရေးဂိတ်၊ မိုက်ကရိုတောကျောင်းနှင့် ပုလဲကွင်းတို့မှ စစ်ကောင်စီတပ်သားများဖြစ်ကြပြီး စစ်သားအင်အား ၁၀၀ ကျော်နှင့် မိသားစုပါပေါင်းလျှင် စုစုပေါင်း ၃၀၀ ခန့် ရှိကြောင်း သိရသည်။ ၎င်းတို့အား ဇက်ရေယာဉ် ၂ စီးဖြင့် လာရောက် ခေါ်ဆောင်သွားသည်ဟု ပြောဆိုပါသည်။

စစ်ကောင်စီတပ်သားများ မြေပုံမြို့ကိုစွန့်ခွာ Read More »

ကိုယ်အသက်ကိုယ် နှမျောရင် ဝင်ဖတ်သွား

ခရီးသွားနေတာတှေ ရပ်လိုက်ပါ.. နယ်တွေ မြို့တွေမှာ ပြင်ပအသွားအလာ ဂရုစိုက်ပါ .. စစ်မှုထမ်းရန် ဆင့်ခေါ်စာ ၊ အတည်ပြုစာထဲမှာပါတဲ့ ပြည်နယ် ၊ ခရိုင် ၊ မြို့ စုဆောင်းရေး ဆိုတာ စာထဲမှာပဲ ရှိတာ ၊ ကြားကောင်းအောင် ရေးထားရုံသက်သက်ပဲ .. တကယ်က ဒီလိုဖြစ်လာမယ်.. ရပ်ထဲ ရွာထဲ ကို စစ်ကား ထိုးဆိုက်လာမယ် တစ်အိမ်မှာ စစ်မှုထမ်းနိုင်တဲ့အရွယ် နှစ်ယောက်ရှိရင် တစ်ယောက် ကို ခေါ်မယ်.. ဘာမှမမေးမြန်းပဲ ကားပေါ်တင်မယ်.. တပ်ထဲရောက်မှ အမည် ၊ အသက် ၊ မိဘ ၊ နေရပ်လိပ်စာ ၊ ပညာအရည်အချင်း မေးမယ် .. ပြီးရင် အခြေခံစစ်သင်တန်း ကို ပို့မယ်

ကိုယ်အသက်ကိုယ် နှမျောရင် ဝင်ဖတ်သွား Read More »

စခအောက်တော့မဝင်နဲ့ လူသားဒိုင်းဖြစ်သွားမယ်

ကဲဗျာ..ဘယ်မှမသွားနဲ့ဒီကိုလာပါ ညီအကိုတို့။ စခအောက်တော့မဝင်နဲ့ လူသားဒိုင်းဖြစ်သွားမယ် 🚩A warm welcome…….🧡🩷🩵🤍 နွေဦးတော်လှန်ရေး အဆုံးသတ်အောင်ပွဲအတွက် တပ်သားသစ်များအား ရန်ကုန်တိုင်းစစ်ဌာနမှ နွေးထွေးစွာကြိုဆိုပါသည်။ “ရန်ကုန်တိုင်းစစ်ဌာနမှ တပ်သားသစ်များခေါ်ယူခြင်း” သတ်မှတ်ချက်များ ၁။ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းဖြစ်ပြီး ကျန်းမာရေး (အထူး) ကောင်းမွန်သူဖြစ်ရမည်။ ၂။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသောမူဝါဒများကို လိုက်နာဆောင်ရွက်နိုင်သူ ဖြစ်ရမည်။ ၃။တော်လှန်ရေးကို ပြီးဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်လိုစိတ်ရှိသူ ဖြစ်ရမည်။ ၄။မိမိအပေါ်ပေးအပ်လာသော မည်သည့်တာဝန်ကိုမဆို အချိန်မရွေး၊ နေရာဒေသမရွေး ကျေပွန်စွာထမ်းဆောင်နိုင်သူ ဖြစ်ရမည်။ ၅။အမိန့်နာခံတတ်သူ ဖြစ်ရမည်။ ၆။ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ် သစ္စာစောင့်သိ၍ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံနိုင်ပြီး စွန့်စားဝံ့သူဖြစ်ရမည်။ ၇။ပညာအရည်အချင်း အထက်တန်းအဆင့်ဦးစားပေးမည်။ အထက်ပါအချက်များနှင့် ကိုက်ညီသူ ကျား/ မ မရွေးလျှောက်ထားနိုင်ပါသည်။ လျှောက်ထားရန် form

စခအောက်တော့မဝင်နဲ့ လူသားဒိုင်းဖြစ်သွားမယ် Read More »

မုံရွာမြို့ပေါ်တွင် စစ်တပ်က လူငယ်များကို ဖမ်းဆီးနေမှုများကြောင့် မြို့ပေါ်တွင် အသွားအလာမရှိဘဲ မြို့ခြောက်ကပ်သွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်တပ်က လူငယ်များကို ဦးတည် ဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် ယနေ့ မြို့ပေါ်တွင် အသွားအလာ မရှိဘဲ ခြောက်ကပ်နေကြောင်းမြို့ခံများထံမှ သိရှိရသည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်း မုံရွာမြို့ပေါ်တွင် စစ်တပ်က ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ရာတွင် လူငယ်တချို့ အဖမ်းခံရကြောင်း၊ ထို့ပြင် ယမန်နေ့ နံနက်ပိုင်း မုံရွာ- မန္တလေးလမ်းပေါ်တွင် လူငယ် ၄၀ ကျော်ထက်မနည်းကို စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီး ပေါ်တာဆွဲသည်ဟု ပြောဆိုခဲ့သဖြင့် ပြည်သူများ စိုးရိမ် ထိတ်လန့်နေကြကြောင်း၊ လတ်တလော ပြဋ္ဌာန်းအသက်သွင်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်များမှာ စစ်တပ်ထဲသို့ အတင်းအကျပ် ဆွဲသွင်းခံရမည်ကို မိဘများနှင့် လူငယ်များက စိုးရိမ်နေကြကြောင်း သိရှိရသည်။ “မုံရွာ မြို့ပေါ်မှာ လူငယ်တွေ အသွားအလာ မရှိဘူး။ ခြောက်ကပ်နေတယ်။

မုံရွာမြို့ပေါ်တွင် စစ်တပ်က လူငယ်များကို ဖမ်းဆီးနေမှုများကြောင့် မြို့ပေါ်တွင် အသွားအလာမရှိဘဲ မြို့ခြောက်ကပ်သွား Read More »

တမူးမြို့နယ်၊ စစ်ကောင်စီ၏ အောင်ဇေယျစခန်းကုန်းကို အပြီးသတ်သိမ်း

တမူးမြို့နယ်၊ စစ်ကောင်စီ၏ အောင်ဇေယျစခန်းကုန်းကို အပြီးသတ်သိမ်းပိုက်မှု စစ်သား ၆ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အောင်ဇေယျစခန်းကုန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောကြားသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် တမူးမြို့အထက်ပိုင်းရှိ စစ်ကောင်စီနှင့် လက်အောက်ခံ SNA ၊ ကသည်းလက်နက်ကိုင် အခြေချစခန်းတစ်ခုဖြစ်သည့် အောင်ဇေယျစခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြင်း အထန် တိုက်ပွဲဖြစ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် စခန်း ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “ပထမ ၂၀၂၃

တမူးမြို့နယ်၊ စစ်ကောင်စီ၏ အောင်ဇေယျစခန်းကုန်းကို အပြီးသတ်သိမ်း Read More »

စစ်တွေသို့ စစ်ကောင်စီအဖွဲ့ဝင် ရခိုင်တစ်ဦးနှင့် ရခိုင်ဝန်ကြီးအများအပြားရောက်ရှိနေပြီး ပဋိပက္ခများချုပ်ငြိမ်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးလျက်ရှိဟုဆို

ရခိုင်ပြည်မြို့တော် စစ်တွေသို့ စစ်ကောင်စီအဖွဲ့ဝင် ရခိုင်လူမျိုးတစ်ဦးနှင့် ရခိုင်ဝန်ကြီးအများအပြား ရောက်ရှိနေပြီး ရခိုင် ပဋိပက္ခ ချုပ်ငြိမ်းနိုင်ရန်အတွက်တွေ့ဆုံဆွေးနွေးလျက်ရှိသည်ဟု စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။ ရောက်ရှိနေသူများမှာ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ စစ်ကောင်စီ အားကစားနှင့် လူငယ်ရေးရာဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံတို့ဖြစ်ကြောင်း သိရသည်။ ၎င်းအဖွဲ့သည် စစ်တွေမြို့ရှိ နန္ဒာရာမပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ပြီး ဆရာတော် ပဏ္ဍိ ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ် မြတ်အားဖူးမျှော်ကာ ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ၏ အခြေအနေ ၊ ဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှု အခြေအနေများကို လျှောက်ထားကြခဲ့ကြသည်ဟု ဆိုသည်။ စစ်တွေမြို့ ပညာလင်္ကာရ

စစ်တွေသို့ စစ်ကောင်စီအဖွဲ့ဝင် ရခိုင်တစ်ဦးနှင့် ရခိုင်ဝန်ကြီးအများအပြားရောက်ရှိနေပြီး ပဋိပက္ခများချုပ်ငြိမ်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးလျက်ရှိဟုဆို Read More »

စစ်သင်္ဘောသုံးစင်း နစ်မြုပ်သွားမှုအတွင်း ဗိုလ်မှူးများအပါအဝင် စစ်ကောင်စီ တပ်သား ၇၀၀ နီးပါးသေဆုံးဟု သိရ

စစ်သင်္ဘောသုံးစင်း နစ်မြုပ်သွားမှုအတွင်း ဗိုလ်မှူးများအပါအဝင် စစ်ကောင်စီ တပ်သား ၇၀၀ နီးပါးသေဆုံးဟု သိရ ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်မှုကြောင့် နစ်မြုပ်သွားခဲ့ရသည့် စစ်ကောင်စီ၏ စစ်သင်္ဘော သုံးစင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ဗိုလ်မှူးများ အပါအဝင် စစ်ကောင်စီတပ်သားနှင့် မိသားစုဝင်များ ၆၈၀ဦးကျော် သေဆုံးသွားကြောင်း ရခိုင်စစ်ရေး သိရှိသူ သတင်းအရင်းအမြစ်ထံမှ သိရသည်။ ဖေဖေါ်ဝါရီ (၇)ရက်နှင့် (၈) ရက်နေ့များတွင် စစ်ကောင်စီ၏ ရေတပ်ကို ရက္ခိုင့်တပ်တော်မှ တန်ပြန်တိုက်ခိုက်ခဲ့ရာတွင် ကမ်းထိုးယာဉ်တစ်စင်းအပါအဝင် စစ်သင်္ဘောသုံးစင်း နစ်မြုပ်ပျက်စီးခဲ့ရသည်။ “သေတာအကုန် ကြည်းတပ်ကများတယ်၊ ကြည်းတပ်က ရေမကူးတတ်သူတွေ များတယ်လေ၊ ရေတပ်က နည်းနည်းပဲ၊ စကခ(၉)က တပ်ဆုတ်တာကို သွားခေါ်တာ မြစ်ကြောင်းကျဉ်းပြီး ရေတိမ်တဲ့နေရာလည်း ရောက်ရော အပေါ်ကနေ ပစ်ချတာ၊ အပစ်ခံရတဲ့ သင်္ဘောကို

စစ်သင်္ဘောသုံးစင်း နစ်မြုပ်သွားမှုအတွင်း ဗိုလ်မှူးများအပါအဝင် စစ်ကောင်စီ တပ်သား ၇၀၀ နီးပါးသေဆုံးဟု သိရ Read More »

စစ်တပ်ထဲ ဝင်ပြီးမှ လက်နက်နဲ့ အလင်း ဝင်မယ်တို့၊ သူ့လက်နက်နဲ့ သူ့ပြန်ဆော်မယ်တို့ ဆိုတဲ့ အတွေးတွေ ခဏ မေ့ထား

စစ်ကောင်စီဟာ ရခိုင်ကိစ္စနဲ့ အကြီးအကျယ် စိတ်ဓာတ် ပျက်နေတဲ့ သူ့လူတွေကို အာရုံလွှဲဖို့ စစ်မှု မထမ်းမနေရ ဥပဒေကို အတည်ပြု လိုက်ပါပြီ။ ဒီဥပဒေကို သန်းရွှေ လက်ထက် ကတည်းက ရေးဆွဲခဲ့တာ ဖြစ်ပေမယ့် သိန်းစိန် လက်ထက်မှာရော၊ NLD အစိုးရ လက်ထက်မှာပါ အတည်မပြု ခဲ့ကြပါဘူး။ အဘက်ဘက်မှာ အရှုံးတွေနဲ့ ရင်ဆိုင် နေရတဲ့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီ လက်ထက်မှာမှ သွေးရူးသွေးတမ်းနဲ့ အတည်ပြု အသက်သွင်း လိုက်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ စစ်တပ်ထဲ ဝင်ပြီးမှ လက်နက်နဲ့ အလင်း ဝင်မယ်တို့၊ သူ့လက်နက်နဲ့ သူ့ပြန်ဆော်မယ်တို့ ဆိုတဲ့ အတွေးတွေ ခဏ မေ့ထားပါ။ စစ်မှုထမ်း ဥပဒေကြောင့် စစ်ထဲ မဖြစ်မနေ ဝင်လာတဲ့ သူတွေကို

စစ်တပ်ထဲ ဝင်ပြီးမှ လက်နက်နဲ့ အလင်း ဝင်မယ်တို့၊ သူ့လက်နက်နဲ့ သူ့ပြန်ဆော်မယ်တို့ ဆိုတဲ့ အတွေးတွေ ခဏ မေ့ထား Read More »

ကောလင်းမြို့ကို ပြန်သိမ်းလိုက်နိုင်ပြီလို့ စစ်အုပ်စု ကြေညာ

ကောလင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ ဖြစ်ပြီး စစ်အုပ်စုက လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးနဲ့ ထုနေဆဲ၊ ကောလင်းမြို့ပေါ် ဝင်ရောက်လာတဲ့ စစ်အုပ်စုက အိမ်မီးရှို့၊ ဒေသခံတချို့ကို သတ်ဖြတ်၊ တချို့ကို ဓားစာခံ ဖမ်း၊ MFP ၊ ဖေဖေါ်ဝါရီ – ၁၀ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ဒီနေ့ ဖေဖေါ်ဝါရီ(၁၀)ရက်မှာ ပြန်လည် သိမ်းပိုက် ထိန်းချုပ်လိုက်ပြီလို့ စစ်အုပ်စုက ထုတ်ပြန် ကြေညာပါတယ်။ နိုဝင်ဘာ(၇)ရက်က စတင်ပြီး တော်လှန်ရေးတပ်တွေ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို စစ်အုပ်စုက ပျူတွေ၊ ထောင်သားတွေ အပါအဝင် ဖေဖေါ်ဝါရီ(၃)ရက်က စတင်ကာ မြေပြင်ကနေ အင်အား အများအပြားနဲ့ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သလို လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ ဒရုန်းတွေနဲ့ ပစ်ကူပေးခဲ့ပြီးနောက် ရှစ်ရက်အကြာ

ကောလင်းမြို့ကို ပြန်သိမ်းလိုက်နိုင်ပြီလို့ စစ်အုပ်စု ကြေညာ Read More »

Scroll to Top