အမ်း နပခကို စစ်ကူအင်အားရာနှင့်ချီပြီး လေယာဉ်ဖြင့် စစ်ကောင်စီပို့ဆောင်

(လေထီးများဖြင့်လည်း လက်နက်နှင့် ရိက္ခာများချပေး) တိုက်ပွဲ ပြင်းထန်နေသည့် အမ်းမြို့တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် လေယာဉ်ကွင်း အနီး ဝန်းကျင်းကို ဗုံးကြဲတိုက်ခိုက်ပြီး ပို့ဆောင်ရေး လေယာဉ်များဆင်းသက်ကာ စစ်ကူအင်အား ရာနှင့်ချီပြီး ပို့ဆောင်ပေးခဲ့သည်ဟု သတင်းရရှိသည်။ ၎င်းပြင် Y-12 လေထီးများဖြင့်လည်း လက်နက်နဲ့ ရိက္ခာအထုပ်ပေါင်း ၁၀၀ ကျော်ကို ချပေးခဲ့သည်ဟု မျက်မြင် ဒေသခံများက ပြောသည်။ အမ်းဒေသခံ သတင်းရင်းမြစ်တစ်ခုက “ ဒီနေ့ လေယာဉ်ကွင်းပတ်ဝန်းကျင်ကို ဗုံးတွေ အကြီးအကျယ် ချပါတယ်။ အဲဒါပီးတာနဲ့ ပို့ဆောင်ရေးလေယာဉ် လေးငါးစင်းခန့် လေယာဉ်ကွင်းမှာ ကျပါတယ်။ စစ်သားတွေ အများအပြားကို စစ်ကူပို့တာပါ။ အင်အားက ရာနဲ့ချီ ရှိတယ်လို့ သိရပါတယ်” ဟု ပြောသည်။ ၎င်းစစ်ကူများကို အမ်းမြို့ ၊အမ်း‌ တောင်အုပ်စုရှိ … Read more

နီနီလင်းအိမ်၏ ချစ်ရသူမှာ အ ကောင် ကြီးကြီး အမြှီးရှည်ရှည်ဖြစ်ကြောင်း အသံဖိုင်ထွက်ပေါ်

နီနီလင်းအိမ်၏ ချစ်ရသူမှာ အကောင် ကြီးကြီး အမြှီးရှည်ရှည်ဖြစ်ကြောင်း အသံဖိုင်ထွက်ပေါ် ဘုတ် ကျေးဇူးတွေ ဆပ်လိုက်ပြီဖြစ်ပါသည်။ “တကယ်ပြဿနာဖြစ်ပြီဆိုရင် ထိုင်းရောက် မြန်မာ MLM စျေးသည် ဆယ်လီအုပ်စုက အရင် ခွါလိမ့်မယ်” ထူးအံ့လွင်က မြန်မာပြည်ကို ပြန်လို့မရတဲ့ အကြောင်းရှိနေတယ်ဆိုပြီး သူကိုယ်တိုင် liveမှာပြောသွားတာ (အခု နီနီလင်းအိမ် အသံဖိုင်အရဖြစ်နိုင်တယ်။ ထိုင်းမှာနေရင်လည်း နဝပ် က သူ့ကိုတရားစွဲမှာသေချာတယ်။ “ကိုထူး မှန်တယ် ၊ ကိုထူးကို ဝန်းရံတယ်ဆိုတဲ့ လူတွေက အဲလိုအချိန် မန့်မှာ Fighting ဆိုတာမျိုးထက် ပိုလုပ်မပေးနိုင်ဘူး။ တကယ်ဖြစ်ပြီဟေ့ဆိုရင် ငွေအားလူအားက ကိုယ်တိုင်ပဲ ရုန်းရတာ” အခုအနားမှာ ရှိနေတဲ့ ထိုင်းရောက် MLM ဈေးသယ် ဆယ်လီတသိုက်လည်း ပြသာနာဖြစ်တာနဲ့ အကုန်ရှောင်ပြေးကြမှာ။ သူတို့ကို ထိခိုက်မှာ … Read more

စစ်ခေါင်းဆောင်ကို ဖိနပ်ချွတ်အရိုအသေပေးသည့်ဇာတ်မင်းသားဖိုးချစ်အား ကြံ့ဖွတ်ပါတီဝင်များကပါ လှောင်ပြောင်

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပေးသည့် ဂုဏ်ပြုလွှာလက်ခံစဉ် ဖိနပ်ချွတ်၍ လူသိရှင်ကြားအရိုအသေပေးခဲ့သည့် ဇာတ်မင်းသားဖိုးချစ်အား စစ်ကောင်စီအမာခံ ပြည်ခိုင်ဖြိုးပါတီဝင်များ ကိုယ်တိုင်ကပါလှောင်ပြောင်သရော်နေကြသည်။ ဇာတ်မင်းသားဖိုးချစ်သည် ပြီးခဲ့သည့်ရက် အနည်းငယ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပေးသည့် ဂုဏ်ပြုလွှာကို လက်ခံရယူစဉ် ဖိနပ်စီး၍တက်ရသည့်စင်ပေါ်သို့ ဖိနပ်ချွတ်တက်ကာ လက်ခံခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်အတူ တွဲလျက်ရှိနေသည့် ဓာတ်ပုံသည် လူမှုကွန်ရက်၌ အလွန်ပျံ့နှံ့ခဲ့သည်။ ၎င်းသည် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။ စင်ပေါ်ရှိသူအားလုံးဖိနပ်စီးထားပြီး ၎င်းတစ်ဦးသာ စစ်ခေါင်းဆောင်ကို ပုံမှန်ထက်လွန်ခဲ့သည့် အရိုအသေပေးခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ်အပေါ် နေပြည်တော်မှ ပြည်ခိုင်ဖြိုးပါတီဝင်များကပါ လှောင်ပြောင်သရော်နေခြင်းဖြစ်သည်။ ” မကြိုက်ကို မကြိုက်တာ။နောက်တခါ ထပ်ပြောမယ် မကြိုက်ဘူး။နောက်တခါ ထပ်ပြောမယ် မကြိုက်ဘူး။ကြိုက်လား မကြိုက်ဘူး”ဟု ၂၀၂၁ ခုနှစ်က အနုပညာရှင်များဦး‌ဆောင်သည့် လူထုသပိတ်များအားကောင်းစဉ်က ၎င်းပြောခဲ့သည့် စကားများကို ပြန်သုံးကာ လှောင်ပြောင်နေကြသည်။ ၎င်းကို အားပေးသည့်ပရိသတ်တစ်ဦးကလည်း ဇာတ်မင်းသားဖိုးချွတ်ဟု … Read more

စစ်ခေါင်းဆောင်ကို ဖိနပ်ချွတ်အရိုအသေပေးသည့်ဇာတ်မင်းသားဖိုးချစ်အား ကြံ့ဖွတ်ပါတီဝင်များကပါ လှောင်ပြောင်

စစ်ခေါင်းဆောင်ကို ဖိနပ်ချွတ်အရိုအသေပေးသည့်ဇာတ်မင်းသားဖိုးချစ်အား ကြံ့ဖွတ်ပါတီဝင်များကပါ လှောင်ပြောင် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပေးသည့် ဂုဏ်ပြုလွှာလက်ခံစဉ် ဖိနပ်ချွတ်၍ လူသိရှင်ကြားအရိုအသေပေးခဲ့သည့် ဇာတ်မင်းသားဖိုးချစ်အား စစ်ကောင်စီအမာခံ ပြည်ခိုင်ဖြိုးပါတီဝင်များ ကိုယ်တိုင်ကပါလှောင်ပြောင်သရော်နေကြသည်။ ဇာတ်မင်းသားဖိုးချစ်သည် ပြီးခဲ့သည့်ရက် အနည်းငယ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပေးသည့် ဂုဏ်ပြုလွှာကို လက်ခံရယူစဉ် ဖိနပ်စီး၍တက်ရသည့်စင်ပေါ်သို့ ဖိနပ်ချွတ်တက်ကာ လက်ခံခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်အတူ တွဲလျက်ရှိနေသည့် ဓာတ်ပုံသည် လူမှုကွန်ရက်၌ အလွန်ပျံ့နှံ့ခဲ့သည်။ ၎င်းသည် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။ စင်ပေါ်ရှိသူအားလုံးဖိနပ်စီးထားပြီး ၎င်းတစ်ဦးသာ စစ်ခေါင်းဆောင်ကို ပုံမှန်ထက်လွန်ခဲ့သည့် အရိုအသေပေးခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ်အပေါ် နေပြည်တော်မှ ပြည်ခိုင်ဖြိုးပါတီဝင်များကပါ လှောင်ပြောင်သရော်နေခြင်းဖြစ်သည်။ ” မကြိုက်ကို မကြိုက်တာ။နောက်တခါ ထပ်ပြောမယ် မကြိုက်ဘူး။နောက်တခါ ထပ်ပြောမယ် မကြိုက်ဘူး။ကြိုက်လား မကြိုက်ဘူး”ဟု ၂၀၂၁ ခုနှစ်က အနုပညာရှင်များဦး‌ဆောင်သည့် လူထုသပိတ်များအားကောင်းစဉ်က ၎င်းပြောခဲ့သည့် စကားများကို ပြန်သုံးကာ … Read more

ဘုတလင်တွင် ဒုတိယအကြိမ် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်၊ မြင်းမူတွင် စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ဘုတလင်တွင် ဒုတိယအကြိမ် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်၊ မြင်းမူတွင် စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ဒုတိယအကြိမ် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း North Western People Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဘုတလင်မြို့နယ်အတွင်း လှည့်လည်၍ လူသတ်၊ အကြမ်းဖက်နေသော စစ်တပ် စစ်ကြောင်းကို North Western People Defence Force – N.W.P.D.F (အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်) ၊ ယင်းမာပင်ခရိုင် အမှတ် ၉ … Read more

ငါန်းဇွန်မှာ ရွာမီးရှို့၊ လူသတ်၊ လုယက်နေတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်၊ နှစ်ယောက် သေ ဟုဆို

ငါန်းဇွန်မှာ ရွာမီးရှို့၊ လူသတ်၊ လုယက်နေတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်၊ နှစ်ယောက် သေ ဟုဆို မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာကို စီးနင်းထားပြီး လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စ်စအုပ်စုတွေ ဒီမနက်ပိုင်း ရွာအပြင်ဘက် ထွက်လာချိန် စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု နှစ်ယောက် သေတယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံခရိုင် တပ်ရင်း – ၇ ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၂၇ ရက် မနက်ပိုင်း ငါန်းမြာကြီးရွာထဲက ထွက်လာတဲ့ အင်အား ၃၀ ဝန်းကျင်ပါ စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့တွေက လယ်ကွင်းထဲမှာ ကင်းပုန်းဝပ်ပြီး စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ “ဒီကနေ့ … Read more

ပြိုင်တိုင်း သရဖူရချင်ရင် ကိုယ့်ဘာသာပြိုင်ပွဲကျင်းပပြီး ယူလို့ MGI ဥက္ကဋ္ဌ ပြော

ပြိုင်တိုင်း သရဖူရချင်ရင် ကိုယ့်ဘာသာပြိုင်ပွဲကျင်းပပြီး ယူလို့ MGI ဥက္ကဋ္ဌ ပြော၊ မြန်မာဒါရိုက်တာကို MGI ပြိုင်ပွဲဝင်ခွင့်ပါ ပိတ်သိမ်း ထိုင်းမီဒီယာ Khaosod English ရဲ့ ဖော်ပြမှုအရ Miss Grand International ပြိုင်ပွဲ ဥက္ကဌ နာဝပ်ဟာ မြန်မာ ကိုယ်စားပြုအလှမယ် သဲစုငြိမ်းနဲ့ မြန်မာ National Director (ND) ထူးအံ့လွင်တို့ရဲ့ မတော်မလျှော် ပြုမူလုပ်ဆောင်မှုတွေကြောင့် ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ကို စာချုပ်ဖျက်သိမ်း လိုက်တယ်လို့ သိရှိရပါတယ်။ မြန်မာကိုယ်စားပြုအလှမယ် သဲစုငြိမ်း ခေါ် သဲသဲဟာ နောက်ဆုံး ဆန်ခါတင်မယ်ရွေးပွဲမှာ second runner-up (တတိယသရဖူဆုရှင်) သာရရှိမှုအတွက် မျက်နှာပျက် ငိုယိုခဲ့သလို ထူးအံ့လွင်ကလည်း သရဖူကို လက်မခံ၊ ရလဒ်ကို လက်မခံကြောင်း အခမ်းအနားအတွင်းမှာ … Read more

မြန်မာအလှမယ်သဲစုငြိမ်းကို Miss Grand International အဖွဲ့က ဆု ရုပ်သိမ်း

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်ညက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ Miss Grand International(MGI) အလှမယ်ပြိုင်ပွဲမှာ တတိယဆု(second runner up) ရရှိထားတဲ့ မြန်မာအလှမယ် သဲစုငြိမ်းရဲ့ ဆုကို ပြန်ရုပ်သိမ်းတယ်လို့ MGI က ထုတ်ပြောလာပါတယ်။ မသင့်လျော်တဲ့အပြုအမူ၊ စည်းကမ်းချိုးဖောက်မှုတွေကြောင့် ဆုရုပ်သိမ်းတယ်လို့ ဒီနေ့ ညနေပိုင်းထုတ်ပြန်တဲ့စာမှာရေးထားပါတယ်။ မြန်မာအလှမယ်က ဆုလက်ခံရယူပြီးနောက် ငိုကြွေးခဲ့ပြီး စင်မြင့်ပေါ်ကဆင်းချိန် သရဖူနဲ့ စလွယ်ကို ကိုယ်စားလှယ်(National Director)က ဖယ်ရှားခဲ့တယ်ဆိုတဲ့ ရုပ်သံဗီဒီယိုတွေ ထိုင်းမီဒီယာတွေမှာ ပြန့်နှံ့ခဲ့ပြီးနောက် နိုင်ငံတကာကပါ မှတ်ချက်ပြုဝေဖန်မှုတွေ စတင်လာခဲ့ပါတယ်။ မြန်မာအလှမယ်သဲစုငြိမ်းကို အားပေးတဲ့ပရိသတ်အချို့ကလည်း ပြိုင်ပွဲက မမျှတတဲ့အကြောင်း MGI ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားခဲ့ပြီး နိုင်ငံတကာအလှမယ်ပရိသတ်တွေကလည်း အလှမယ်ပြိုင်ပွဲကို အားပေးတဲ့မြန်မာပရိသတ်အပြုအမူအပေါ် ဝေဖန်ခဲ့ကြတာပါ။ ၂၀၂၄ ခုနှစ် … Read more

ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း နှစ်ရက်ဆက်တိုက်ခိုက်ခံရ

ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း နှစ်ရက်ဆက်တိုက်ခိုက်ခံရ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ကျေးရွာများအား စစ်ကြောင်းထိုးနေသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်ကို နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ အောက်တိုဘာ ၂၅ ရက် နံနက် ၇ နာရီခန့်က ကြို့ပင်ကောက်နယ်၊ ကွင်းချောင်းကျေးရွာဘက်မှလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ (Black Dragon GBK-PDF)မှ ဥယျာဥ်ကြီးကျေးရွာထိပ်၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားခြောက်ဦး နေရာတင် သေဆုံးပြီး ဒဏ်ရာရသူများဖြင့် ဖရိုဖရဲဖြစ်နေချိန် တော်လှန်ရေးရဲဘော်များက (၄၀) မမများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ … Read more

စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်

အောင်လံမြို့နယ်ရှိ ကျေးရွာများကို ဝင်ရောက် ဖျက်ဆီးခဲ့သော စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦး ထက်မနည်း သေဆုံး မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ ကျေးရွာများကို ဝင်ရောက် ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက ပြောဆိုသည်။ အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့ထိ အောင်လံမြို့ အခြေစိုက် အမှတ် (၇၁) ခြေလျင် တပ်ရင်း၊ ကပစ (၁၅)နှင့် … Read more