Author: Admin

  • CDM ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများကို ဖိနှိပ်ဖမ်းဆီးခိုင်းခဲ့သော မန္တလာစိုးမြင့် က မန္တလေး၊ ပြင်ဦးလွင်နှင့် ရန်ကုန်တို့တွင် စစ်တပ်ပူးပေါင်း၍ ပုဂ္ဂလိက ဆေးရုံသစ်များ ထပ်မံ ဖွင့်လှစ်နေ

    CDM ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများကို ဖိနှိပ်ဖမ်းဆီးခိုင်းခဲ့သော မန္တလာစိုးမြင့် က မန္တလေး၊ ပြင်ဦးလွင်နှင့် ရန်ကုန်တို့တွင် စစ်တပ်ပူးပေါင်း၍ ပုဂ္ဂလိက ဆေးရုံသစ်များ ထပ်မံ ဖွင့်လှစ်နေ

    by

    in

    CDM ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများကို ဖိနှိပ်ဖမ်းဆီးခိုင်းခဲ့သော မန္တလာစိုးမြင့် က မန္တလေး၊ ပြင်ဦးလွင်နှင့် ရန်ကုန်တို့တွင် စစ်တပ်ပူးပေါင်း၍ ပုဂ္ဂလိက ဆေးရုံသစ်များ ထပ်မံ ဖွင့်လှစ်နေ CDM ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများကို ဖိနှိပ်ဖမ်းဆီးခိုင်းခဲ့သော မန္တလာစိုးမြင့် က မန္တလေး၊ ပြင်ဦးလွင်နှင့် ရန်ကုန်တို့တွင် စစ်တပ်ပူးပေါင်း၍ ပုဂ္ဂလိက ဆေးရုံသစ်များ ထပ်မံ ဖွင့်လှစ်နေကြောင်း စီးပွားရေးနှင့် တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။ မန္တလေး၊ ပြင်ဦးလွင်နှင့် ရန်ကုန်တို့တွင် အကြမ်းဖက် စစ်တပ်မှ အရာရှိများ၏ ရှယ်ယာ ပါဝင်ထားသော ပုဂ္ဂလိက ဆေးရုံများ ပိုင်ဆိုင်ထားသည့် မန္တလာစိုးမြင့် က CDM ဆရာဝန်များကို ဖိနှိပ်ပြီး ဆေးရုံသစ်များ ထပ်မံ ဖွင့်လှစ်ရန် လုပ်ဆောင်နေကြောင်း တပ်တွင်း သတင်းရင်းမြစ်က…

  • အမှတ် ၇ အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်းမှ တပ်သား နောင်နောင်ဖြိုးကို စစ်ပြေးမှုဖြင့် တောင်ကြီးမြို့ အဆရ ၁၀ တပ်မှ စစ်သားများက ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်

    အမှတ် ၇ အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်းမှ တပ်သား နောင်နောင်ဖြိုးကို စစ်ပြေးမှုဖြင့် တောင်ကြီးမြို့ အဆရ ၁၀ တပ်မှ စစ်သားများက ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်

    by

    in

    လားရှိုးမှ ထွက်ပြေးလာသော အမှတ် ၇ အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်းမှ တပ်သား နောင်နောင်ဖြိုးကို စစ်ပြေးမှုဖြင့် တောင်ကြီးမြို့ အဆရ ၁၀ တပ်မှ စစ်သားများက ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်ပြီး ကျန်ရစ်သူ မိသားစုကို အသိမပေးဘဲ အလောင်းကို ခိုးသဂြိုလ် ရှမ်းပြည်နယ်၊ လားရှိုးမှ ထွက်ပြေးလာသော အမှတ် ၇ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်းမှ တပ်သား နောင်နောင်ဖြိုးကို စစ်ပြေးမှုဖြင့် တောင်ကြီးအခြေစိုက် အမှတ် ၁၀ အဆင်မြင့်ဆက်သွယ်ရေးတပ်(အဆရ ၁၀) မှ စစ်သားများက ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်လိုက်ကြောင်း သေဆုံးသူ တပ်သားနောင်နောင်ဖြိုး၏ ကျန်ရစ်သူမိသားစုက ပြောဆိုသည်။ လားရှိုးအခြေစိုက် အမှတ် ၇ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း (အဆရ ၇) မှ တပ်သားနောင်နောင်ဖြိုးသည် ဇူလိုင်လ ၂၇ ရက်နေ့တွင် တပ်မှ ထွက်ပြေးလာခဲ့ကြောင်း၊ ယင်းနောက်…

  • လည်ပင်းလိမ်၊ ဇက်ချိုးအနှိပ်ခံရလို့ သေဆုံးခဲ့ရတဲ့ ထိုင်းအမျိုးသမီး

    လည်ပင်းလိမ်၊ ဇက်ချိုးအနှိပ်ခံရလို့ သေဆုံးခဲ့ရတဲ့ ထိုင်းအမျိုးသမီး

    by

    in

    လည်ပင်းလိမ်၊ ဇက်ချိုးအနှိပ်ခံရလို့ သေဆုံးခဲ့ရတဲ့ ထိုင်းအမျိုးသမီးတစ်ဦး အဖြစ်အပျက်ကြောင့် အနှိပ်ခန်းသတိပေးချက်တွေ ထွက်ပေါ်လာ ထိုင်းနိုင်ငံ၊ ဥဒုံဌာနီခရိုင်ရှိ အနှိပ်ခန်းတစ်ခုအတွင်း အနှိပ်ခံမိပြီးနောက် သေဆုံးသွားတဲ့ အမျိုးသမီးအဆိုတော်တစ်ဦးအကြောင်းဟာ ဒီဇင်ဘာ ၈ ရက်၊ ဒီကနေ့ တုန်လှုပ်ခြောက်ခြားစရာ သတင်းပျံ့နှံ့သွားခဲ့ပါတယ်။ Nation TV ရဲ့ ဖော်ပြချက်အရ ပင်းချာယာဒါလို့ခေါ်တဲ့ အဆိုတော်တစ်ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်း လည်ပင်းလိမ်၊ ဇက်ချိုးပေးခြင်းအပါအဝင် အနှိပ်ခံပြီးကတည်းက နေရထိုင်ရခက်ပြီး တဖြည်းဖြည်း ပိုဆိုးလာတယ်လို့ ဆိုပါတယ်။ ပခုံးနာကျင်မှုကို သက်သာစေဖို့ အနှိပ်ခန်းမှာ ပင်းချာယာဒါဟာ အနှိပ်ခံခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်နှစ်ရက်အကြာ သူ့လည်ပင်းနောက်ဘက် ဂုတ်ပိုး နာကျင်ခဲ့သလို ညာလက်မောင်းအားပျော့သွားခဲ့ပြီး ရက်သတ္တပတ်အတန်ကြာချိန်မှာတော့ သူ့ခန္ဓာကိုယ် ၅၀ ရာခိုင်နှုန်း လေဖြတ်သွားခဲ့ပါတယ်။ Drama Addict ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ ချာယာဒါကွယ်လွန်ကြောင်း မက်ဆေ့ချ်…

  • ရခိုင်ပြည်တစ်ခုလုံးကို သိမ်းနေသည့် အပေါ် မင်းအောင်လှိုင်ကို တပ်တွင်း အပြင်း အထန် ဝေဖန်

    ရခိုင်ပြည်တစ်ခုလုံးကို သိမ်းနေသည့် အပေါ် မင်းအောင်လှိုင်ကို တပ်တွင်း အပြင်း အထန် ဝေဖန်

    by

    in

    AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် ရခိုင်ပြည်တစ်ခုလုံးကို သိမ်းနေသည့် အပေါ် မင်းအောင်လှိုင်ကို တပ်တွင်း အပြင်း အထန် ဝေဖန်နေပြီး လက်အောက်ငယ်သားများ၏ ဘ၀နှင့်အသက်များကို ရင်း၍ အာဏာတည်မြဲရေး ချနင်းနေဟုဆို AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် ရခိုင်ပြည်တစ်ခုလုံးကို သိမ်းပိုက်နိုင်တော့မည့်အပေါ် မင်းအောင်လှိုင်ကို တပ်တွင်း အပြင်းအထန် ဝေဖန်နေပြီး လက်အောက်ငယ်သားများ၏ဘ၀နှင့်အသက်ကို ရင်း၍ အာဏာတည်မြဲရေး မင်းအောင်လှိုင် ချနင်းနေသူအဖြစ် မကျေမနပ်ဖြစ်နေကြကြောင်း နေပြည်တော်တပ်တွင်းသတင်းရင်းမြစ်၊ အမျိုးသားအရေးအစွန်းအရောက်အသိုင်းအ၀ိုင်းနှင့် စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်များထံမှ သိရှိရသည်။ ဒီဇင်ဘာလ ၈ ရက်နေ့ မောင်တောမြို့၏ နောက်ဆုံး လက်ကျန် စစ်စခန်းဖြစ်သော နခခ ၅ ကို AAက သိမ်းပိုက်လိုက်ခြင်း၊ နခခ ၅ မှ အရာရှိနှင့်စစ်သည်များ၏ နောက်ဆုံးအချိန်…

  • ဟားခါး – ထန်တလန်ကြားနောက်ဆုံးလက်ကျန် အော်တိုတောင်တပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်

    ဟားခါး – ထန်တလန်ကြားနောက်ဆုံးလက်ကျန် အော်တိုတောင်တပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်

    by

    in

    နှစ်ပတ်ကျော်အတွင်းတပ်စခန်း ၈ ခု သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေ၊ ၂၀ ဦးအရှင်မိ၊လက်နက် ၆၀ ကျော်ရဟု CNF ပြော ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီတပ်စွဲထားသော အော်တိုတောင်တပ်စခန်းကို ဒီဇင်ဘာ ၈ ရက် ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ဟု ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။ CNA နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းပါဝင်သည့် ချင်းပြည်ကောင်စီ တပ်များသည် နိုဝင်ဘာ ၂၂ ရက်ကစ၍ ဟားခါး-ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီ တပ်စခန်းများကို တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၁၇ရက်အကြာ ဒီဇင်ဘာ ၈ ရက်တွင် နောက်ဆုံးလက်ကျန် အော်တိုတောင်စခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ “ဒီနေ့ တနေကုန်တိုက်ပွဲဖြစ်တာ ညနေ ၃ နာရီခွဲ ၄ နာရီလောက်မှာ…

  • လှိုင်သာယာ ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး တင့်ဇော် ပစ်ခတ်ခံရပြီး ထိခိုက်မှုရှိ

    လှိုင်သာယာ ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး တင့်ဇော် ပစ်ခတ်ခံရပြီး ထိခိုက်မှုရှိ

    by

    in

    ရန်ကုန်တိုင်း၊ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး တင့်ဇော် ကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး တင့်ဇော်သည် စစ်ကောင်စီ အလိုကျ ပြည်သူကို အနိုင်ကျင့် ဗိုလ်ကျနေသောကြောင့် မြောက်ပိုင်းခရိုင် ပကဖ တိုက်ခိုက်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှု အတွင်း အရပ်သားပြည်သူများ ထိခိုက်မှု မရှိစေရန် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အရ ၎င်း၏ အမျိုးသမီးကို ထိခိုက်မည်စိုး၍ ထိန်းသိမ်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် တင့်ဇော်၏ ပေါင်နှင့် ဝမ်းဗိုက်တို့၌သာ…

  • ဘုတ်ပြင်း၊ လောင်းလုံးနှင့် ရေဖြူ တို့တွင် စစ်တပ် စခန်းနှင့် စစ်ကြောင်းတို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

    ဘုတ်ပြင်း၊ လောင်းလုံးနှင့် ရေဖြူ တို့တွင် စစ်တပ် စခန်းနှင့် စစ်ကြောင်းတို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

    by

    in

    တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ချောင်းမွန်ကျေးရွာအနီး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၂ ခုနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ ဒုရဲအုပ်လပြည့်က ပြောဆိုသည်။ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ချောင်းမွန်ကျေးရွာအနီးရှိ တော်လှန်ရေး တပ်ဖွဲ့များ၏ R Zero ဂိတ်ကို လေညာတပ်နယ်ကို တပ်သားသစ်များပို့ဆောင်ရန် လာရောက်သည့် အင်အား ၄၅ ဦးပါ စစ်ကြောင်းနှင့် တပ်သားသစ်များ လာရောက်ခေါ်ဆောင်သော အင်အား ၃၀ ပါ စစ်ကြောင်းတို့က R Zero ဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ဒရုန်းများဖြင့်…

  • မောင်တော နခခ ၅ ကိုသိမ်းပိုက်ပြီးနောက် ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် စစ်သားများ လွတ်မြောက်

    မောင်တော နခခ ၅ ကိုသိမ်းပိုက်ပြီးနောက် ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် စစ်သားများ လွတ်မြောက်

    by

    in

    မောင်တော နခခ ၅ ကိုသိမ်းပိုက်ပြီးနောက် ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် စစ်သားများ လွတ်မြောက်နေ၍ နတ်မြစ်အတွင်း ရေကြောင်းသွားလာမှု AA က ပိတ်ပင် ၊ မောင်တောမြို့နယ်တစ်ခုလုံးကို AA က သိမ်းပိုက် ထိန်းချုပ်ပြီ ရခိုင်ပြည်၊ မောင်တောဒေသတွင် မောင်တော နခခ ၅ ကိုသိမ်းပိုက်ပြီးနောက် စကခ ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အင်အား ၁၅၀ ခန့် ထွက်ပြေးလွတ်မြောက်နေ၍ နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှု AAက ပိတ်ပင်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ လက်နက်ကိုင်များ ထွက်ပြေးလွတ်မြောက်နေ၍ ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခွင့်များကို အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်အသိပေးထားသည်။ မောင်တောဒေသတွင် တစ်ခုတည်းကျန်ရှိနေသော…

  • ချင်းတော်လှန်ရေးတပ် ထိန်းချုပ်ထားတဲ့ ရိဒ်ခေါရ်မြို့မှာ ခရီးသွားလုပ်ငန်း ဖော်ဆောင်

    ချင်းတော်လှန်ရေးတပ် ထိန်းချုပ်ထားတဲ့ ရိဒ်ခေါရ်မြို့မှာ ခရီးသွားလုပ်ငန်း ဖော်ဆောင်

    by

    in

    ချင်းတော်လှန်ရေးတပ် ထိန်းချုပ်ထားတဲ့ ရိဒ်ခေါရ်မြို့မှာ ခရီးသွားလုပ်ငန်း ဖော်ဆောင်၊ အိန္ဒိယဘက်က ခရီးသွားတချို့ လာရောက်လည်ပတ် ချင်းပြည်၊ ဖလမ်းခရိုင်၊ အိန္ဒိယ- မြန်မာ နယ်စပ်က ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရိဒ်ခေါရ်မြို့မှာ ခရီးသွားလုပ်ငန်း ဖော်ဆောင်နေပြီး အိန္ဒိယနိုင်ငံက ခရီးသွားတချို့ လာရောက် လည်ပတ်မှု ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ချင်းတော်လှန်ရေးတပ် ထိန်းချုပ်ထားတဲ့ ရိဒ်ခေါရ်မြို့နဲ့ နာမည်ကျော် အသည်းပုံ ရေကန်ဖြစ်တဲ့ ရိဒ်ရေကန်ကို ဒေသခံ ပြည်သူတွေက နိုဝင်ဘာလက စတင်ပြီး ခရီးသွားလုပ်ငန်း ဖော်ဆောင်နေကာ ဒီဇင်ဘာလ ၈ရက် ဒီနေ့အထိ တစ်လကျော်အတွင်း အိန္ဒိယနိူင်ငံက ခရီးသွား ပြည်သူ ၁၀၀ကျော် လာရောက် လည်ပတ်ကြတယ်လို့ ဟိုတည်နဲ့ ခရီးသွားလုပ်ငန်း လုပ်ဆောင်နေသူတွေက ပြောပါတယ်။ “ပြီးခဲ့တဲ့…

  • စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့်တင်ဆောင်လာ၍ ပြည်သူများ ထွက်ပြေးနေရ

    စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့်တင်ဆောင်လာ၍ ပြည်သူများ ထွက်ပြေးနေရ

    by

    in

    အုတ်ဖို ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့်တင်ဆောင်လာ၍ ပြည်သူများ ထွက်ပြေးနေရ နတ်မောက်တွင်လည်း ကျောက်ချောရွာကို စစ်တပ်က စီးနင်းနေ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့်တင်ဆောင်လာ၍ ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဒီဇင်ဘာလ ၇ ရက်နေ့က စတင်ပြီး အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့် တင်ဆောင်လာ၍ ကျေးရွာ ၄ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ လက်ရှိချိန်တွင် တံငါကုန်းရွာ ၊…