စလင်းမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၂ ခုနှင့် လင်းဇင်းရဲစခန်းကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်

စလင်းမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၂ ခုနှင့် လင်းဇင်းရဲစခန်းကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၂ ခုနှင့် လင်းဇင်းရဲစခန်းကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ အောက်တိုဘာလ ၂၀ ရက်နေ့တွင် စလင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က အထိုင်ချ တပ်စွဲထားသော ဆုပ်လေ ဦးလမ်းဆုံအနီးရှိ ကင်းစခန်း၊ သစ်ခေါက်တောင်ရွာတွင် တပ်စွဲထားသော ကင်းစခန်းနှင့် လင်းဇင်းရဲစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း … Read more

ဘုတလင်၊ စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်တပ်က ရက်ရက်စက် စက်သတ် ဖြတ်

ဘုတလင်၊ စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်တပ်က ရက်ရက်စက် စက်သတ် ဖြတ်၊ ခေါင်းနှင့်ခြေလက်များ ဖြတ်ပြီး ခြံ စည်းရိုးတွင် ချိတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူနှင့်ကလီစာများထုတ်ပြီး အရိုးကျန်သည်အထိ အသားများ ခြစ်ထုတ် သတ်ဖြတ် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်ကောင်စီက ရက်ရက်စက်စက်သတ်ဖြတ်ထားပြီး သတ်ဖြတ်ရာတွင် ခေါင်းနှင့်ခြေလက်များ ဖြတ်ပြီး ခြံစည်းရိုးများတွင် ချိတ်ထားခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူများထုတ် အသားများကို အရိုးသာကျန်သည်အထိ ခြစ်ထုတ်၍ အလွန်ရက်စက်စွာ သတ်ဖြတ်ထားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ အောက်တိုဘာလ ၁၇ ရက်နေ့ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို စစ်တပ်က ဝင်ရာက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာလုံးကျွတ်ကို မီးရှို့ခဲ့ပြီး အိမ်ခြေ … Read more

ရန်ကုန် မန္တလေးက ဇိုးတွေ ဘယ်အချိန် ရှင်းခံရမလဲ

🔺ရန်ကုန် မန္တလေးက ဇိုးတွေ ဘယ်အချိန် ရှင်းခံရမလဲ🔺 တော်လှန်ရေး အားကောင်းတဲ့ အညာဒေသမှာလဲ ခေတ်အဆက်ဆက် ရဲနဲ့ပေါင်းပြီး ထောင်ထဲ ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ ခိုးဆိုးလုနှိုက်တွေ ရှိခဲ့တယ်.. အထူးသဖြင့် ဆိုင်ကယ် သူခိုးတွေ များပါတယ်.. မင်းအောင်လှိုင် အာဏာသိမ်းပြီး နောက်ပိုင်း သူခိုးဂျပိုးတွေကို ထောင်ကနေ လွှတ်ပေးခဲ့တယ်.. ခေတ်က မကောင်းရတဲ့အထဲ သူခိုးဂျပိုးရန်ပါ ကြောက်ရတော့ ရပ်ရွာက ပိုပြီး မအေးမချမ်း ဖြစ်ရပါရောလား.. မကြာပါဘူး လက်နက်ကိုင် တော်လှန်ရေး စဖြစ်လာတယ်.. တူမီးခေတ်ကတည်းက အညာဒေသ တချို့မြို့တွေမှာ တော်လှန်ရေး ရဲဘော်တွေက သူခိုးဂျပိုးတွေကို စပြီး ရှင်းလင်းရေး လုပ်ခဲ့တယ်.. ပစ္စည်းခိုးရုံမက ပြည်သူတွေကိုပါ ရန်ရှာလေ့ရှိတဲ့ နာမည်ထွက်ပြီးသား လက်ရဲဇက်ရဲ သူခိုးဂျပိုးတွေကိုတော့ ထောင်ကထွက်လာလို့ မိတာနဲ့ ကိစ္စတုံး … Read more

ပန်ဝါမြို့ကို KIA သိမ်း၊ စခုန်တိန့်ယိန်း၏ နေအိမ်ကိုလည်း KIA က သိမ်းလိုက်ကာ နယ်စပ်တွင် လုံခြုံရေးယူထား

ကချင်ပြည်နယ် ပန်ဝါမြို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ်တွင်လည်း လုံခြုံရေးယူထားပြီး တရုတ်ဘက်ကလည်း ဂိတ်ပိတ်ချထားကြောင်း ဒေသခံများထံမှ သိရသည်။ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့ ညနေပိုင်းတွင် ပန်ဝါမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် နယ်ခြားစောင့်တပ်စခန်းများကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ “တိုက်ပွဲဖြစ်တော့ ဒေသခံတွေ တရုတ်ဘက်ကို တိမ်းရှောင်တာ တရုတ်ဘက်က ဂိတ်ပိတ်ထားလို့ လူဦးရေ ထောင်ချီပြီး ဂိတ်မှာပိတ်မိနေတာ။ ညပိုင်းရောက်တော့ KIA က မြို့ကို အပြီးသိမ်းပြီး တရုတ်-မြန်မာနယ်စပ်ဂိတ်အနားအထိ လုံခြုံရေးလာယူထားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ KIA ပူးပေါင်းတပ်များ တိုက်ခိုက်မှုအတွင်း ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်သားများ အရပ်ဝတ်များဖြင့် တရုတ်ဘက်သို့ ထွက်ပြေးရာ KIA က နယ်စပ်တွင် ဖမ်းဆီးရရှိခြင်းများပင်ရှိခဲ့ပြီး … Read more

ပန်ဝါမြို့ကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

ကချင်ပြည်နယ် အထူးဒေသ ၁ က စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့ BGF (နယ်ခြားစောင့်တပ်) ပူးပေါင်း တပ်ဖွဲ့အခြေစိုက်ရာ ပန်ဝါမြို့ကို အောက်တိုဘာ ၁၉ ရက် ဒီနေ့မနက် ၈ နာရီ ဝန်းကျင်မှာ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့က အလုံးစုံ သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်း အသိုင်းအဝိုင်း ဆီက သိရပါတယ်။ KIA ရှေ့တန်းနဲ့ နီးစပ်သူတယောက်က “ပန်ဝါမြို့ကို အောက်တိုဘာ ၁၉ ရက်နေ့ မနက်အစောပိုင်းမှာ အပြီးသတ် ရှင်းလင်းသိမ်းပိုက်လိုက်ပြီ” လို့ ပြောပါတယ်။ အဲဒီနေရာဟာ စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ပေါင်းထားတဲ့ တပ်စခန်းကြီးဖြစ်ပြီး လက်ရှိမှာတော့ အကုန် ကင်းစင်သွားပြီလို့ သူက ပြောပါတယ်။ KIA စစ်သည်တယောက်က “ပန်ဝါ သိမ်းနိုင်ပြီ။ … Read more

ဘုတလင်မှာ စစ်အုပ်စုက ဒေသခံ ခြောက်ဦးကို ခေါင်းဖြတ် သတ်၊ အိမ်ခြေ ၃၀၀ မီးရှို့ဖျက်ဆီး

ဘုတလင်မှာ စစ်အုပ်စုက ၁၀ ရွာခန့် မီးရှို့၊ လူ ၂၀ ကျော် သတ်ဖြတ်ကာ ဆက်လက် ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါရွာကျေးရွာကို အောက်တိုဘာလ ၁၇ရက်မှာ စီးနင်းတဲ့ စစ်အုပ်စုက မပြေးနိုင်တဲ့ အဖိုးအိုနဲ့ စိတ်မနှံ့သူတွေ အပါအဝင် ဒေသခံ ခြောက်ဦးကို သတ်ဖြတ်ကာ တချို့ကို ခေါင်းဖြတ်ပြီး ခြံစည်းရိုးမှာ ချိတ်ဆွဲထားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကပြောပါတယ်။ ဒါ့အပြင် စစ်အုပ်စုက အောက်တိုဘာလ ၁၇ရက် မနက်ပိုင်းက စလို့ တနေကုန်၊ တညလုံး မီးရှို့လို့ စီပါ ကျေးရွာအတွင်း နေအိမ် ၃၀၀ ခန့် ပြာကျပျက်စီးတယ်လို့ ဆိုပါတယ်။ “အသတ်ခံရတာက အမျိုးသား ခြောက်ဦးဗျ။ စိတ်မနှံ့တာက တယောက်ပါတယ်။ … Read more

ရေးမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ဗိုလ်ကြီးအပါအဝင် ၅ ဦးသေ

သန်းခေါင်စာရင်းကောက်ရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ ဗိုလ်ကြီးအပါအဝင် ၅ ဦးသေဆုံး မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-သံဖြူဇရပ်ကားလမ်းမပေါ် ရှိ (အမှတ်-၈ ပြည်ထောင်စုလမ်းမကြီး) စံပြကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် (စကခ-၁၉)လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၅၈၈)ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနှင့်အတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် တိုက်ခိုက်ခဲ့ကြောင်း ဒေါနတပ်ရင်းထံမှ သိရသည်။ ခြေမြန်တပ်ရင်း ခမရ(၅၈၈)မှစခန်းချရာ နေရာတွင် ကင်းလှည့်ရန်ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးလှိုင်ဝင်းထွဋ်အပါအဝင် ငါးဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကာ လူနာတင်ယာဉ် လေးစီးဖြင့် ရေးမြို့ပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားကြောင်း ဒေါနတပ်ရင်းထံမှ သိရသည်။ “သူတိုရဲ့အဓိကရည်ရွယ်ချက်ကတော့ အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးဘေးဖြစ်ပြီးတော့ သန်းခေါင်စာရင်းကောက်ရာမှာ အထောက်ကူပြုတဲ့ရည်ရွယ်ချက်နဲ့ လာထိုင်ထားတာပါ၊ ရွာထဲလက်နက်ကြီးပစ်တာမျိုးတော့မရှိပါဘူး၊ … Read more

မရမ်းကုန်းမြို့နယ်ရှိ စစ်တပ်ဂိတ်ကို မြို့ပြပြောက်ကျားအဖွဲ့ တိုက်ခိုက်

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ စစ်တပ်ဝင်းအဝင်ဂိတ်ကို ယမန်နေ့ည ၁၂ နာရီခွဲခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF) အဖွဲ့မှ ဆရာကျောင်းက ပြောသည်။ “ရန်သူအငိုက် ကိုယ့်အကြိုက် ၊နေရာတိုင်းမှာ မျက်စိတွေ နားတွေ ရှိတယ် ရန်ကုန်က ရန်ကုန်သားတွေရဲ့ မြေ”ဟု GHF က သတင်းထုတ်ပြန်ချက်နှင့်အတူ‌ ရေးသား၍တင်ထားသည်။ “ညက ကမ္ဘာအေးဘက်မှာ ဗုံးပေါက်သံတော့ ကြားမိတယ်။ မိုးတွေမရွာခင် ၁၂ နာရီခွဲလောက် ဖြစ်မယ်ထင်တယ်။ ကမ္ဘာအေးဘုရားလမ်းပေါ်က စစ်တပ်ဂိတ် ပေါက်တာလို့ သိရတယ်။ ထိခိုက်မှု ရှိ မရှိတော့ သေချာမသိရဘူး”ဟု မရမ်းကုန်းမြို့နယ်နေ ပြ​ည်သူတစ်ဦးက ပြောသည်။ အဆိုပါ တိုက်ခိုက်မှုအပြီး ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် “M 043 စစ်ဆင်ရေး” … Read more

ပြင်ဦးလွင် – လားရှိုးလမ်းပိုင်း၌တိုက်ပွဲဖြစ်နေ၍ လမ်းပိတ်ပြီး မော်တော်ယာဥ်များလှည့်ပြန်ခိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ မန္တလေး – လားရှိုးလမ်းပိုင်း၌ တိုက်ပွဲဖြစ်ပွားနေ၍ လမ်းပိတ်ပြီး မော်တော်ယာဥ်များအား လှည့်ပြန်ခိုင်းနေကြောင်း သတင်းရရှိသည်။ ယနေ့(အောက်တိုဘာ ၁၉ရက်) နံနက်ပိုင်းက မန္တလေးမြို့မှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့ အတက်ကားများအား စစ်ကောင်စီအဖွဲ့က ပြင်ဦးလွင်မြို့နယ် မြိုင်ကြီးကွေ့လမ်းပိုင်းမှ လှည့်ပြန်ခိုင်းနေကြောင်း ခရီးသွားပြည်သူများက ပြောသည်။ ” ဒီနေ့မနက်ခင်း နောင်ချို အုမ္မသီးလမ်းခွဲမှာ ထိတွေ့မှုဖြစ်လို့ မန္တလေးမှကျောက်မဲ သီပေါ လားရှိုးအတက်ကားတွေ ပြန်လှည့်ရတယ်။”ဟု ယာဥ်မောင်းတစ်ဦးက ပြောသည်။ လူနာတင်ယာဥ်များ၊ ဘုန်းကြီးကားများပါ လှည့်ပြန်နေရပြီး ပြင်ဦးလွင် – မန္တလေးယာဥ်များကိုမူ ပြင်ဦးလွင်မြို့အထိ သွားလာခွင့်ပြုထားကြောင်း နယ်ခံအချို့က ဆိုသည်။ ” နောင်ချို – ပြင်ဦးလွင်ကြား သုံးဆယ်ဘက်မှာ တိုက်ပွဲဖြစ်နေပါတယ်”ဟု ပြင်ဦးလွင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ … Read more

စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက လက်နက်ကြီးများဖြင့်ပစ်ခတ် တိုက်ခိုက်

ပခုက္ကူ၊ ကိုင်းရွာမှ ကိုယ်ဝန်ဆောင်မိခင် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့သော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက လက်နက်ကြီးများဖြင့်ပစ်ခတ် တိုက်ခိုက် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုင်းရွာမှ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းကို ရော့ကတ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Cobra One တပ်ဖွဲ့တာဝန်ခံ ဗိုလ်မြွေဟောက်က ပြောကြားသည်။ အောက်တိုဘာလ ၁၇ ရက်နေ့က ပခုက္ကူမြို့နယ်၊ ကိုးပင်ရွာမှ အင်အား ၇၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ကိုင်ရွာအတွင်းသို့ ဝင်ရောက်ပြီး ကိုယ်ဝန်သည်အမျိုးသမီး တစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၂ ဦးတို့ကို ရက်ရက်စက်က် သတ်ဖြတ်ကာ အင်ပင် … Read more