နိုင်ငံတစ်ဝန်း Non-CDM ဝန်ထမ်းများအနက်မှ ပထမဦးဆုံး စစ်မှုထမ်းကြမည့်ဝန်ထမ်းစာရင်း စတင်ကောက်ခံ
မြန်မာနိုင်ငံတစ်ဝန်း Non-CDM ဝန်ထမ်းများအနက်မှ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ပထမဦးဆုံး စစ်မှုထမ်းကြမည့်ဝန်ထမ်းစာရင်းကို စစ်ကောင်စီက စတင်ကောက်ခံနေကြောင်း နေပြည်တော် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ ဧပြီလ ၂၆ ရက်နေ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာနက Non-CDM ဝန်ထမ်းများအနက်မှ မိမိ၏ ကိုယ် ပိုင် ဆန္ဒဖြင့် စစ်မှုထမ်းရန် ဆန္ဒပြုလိုသော ဝန်ထမ်းများစာရင်းပေးပို့ရန် ဝန်ကြီးဌာနအသီးသီးသို့ စာရင်းတောင်းခံလာကြောင်း၊ ထိုသို့ တောင်းခံသည့်အတွက် ဝန်ကြီးဌာနများက ဌာနတွင်း ပထမဦးဆုံး သွားရောက် စစ်မှုထမ်းကြမည့် ဝန်ထမ်း များ စာရင်းကို ပြုစုနေကြောင်း၊ သို့ရာတွင် ဝန်ထမ်းများက ကိုယ်တိုင် ဆန္ဒပြုခြင်းမဟုတ်ဘဲ ဌာနအကြီးအကဲများက သင့်တော်သလို စာရင်းပြုစု စီမံကြခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းအများစုမှာ ၎င်းတို့ကိုယ်တိုင် သိရှိခြင်းမရှိဘဲ စစ်မှုထမ်းရမည့် နာမည်စာရင်းတွင် ပါဝင်နေကြောင်း သိရှိရသည်။ “ဧပြီလ […]