ခေးဆက်သွင်ကို OG လိုက်အပ်ပေးခဲ့ရတဲ့ စိုပြေမြင့်
ခေးဆက်သွင်ရဲ့အမျိုးသား အလုပ်မအားချိန် ခေးဆက်သွင်ရဲ့ ကိုယ်ဝန်အတွက် OG အပ်တာလိုက်ပေးတာကို လူတွေကဝိုင်းကြည့်ကြတယ်ဆိုတဲ့ စိုပြေမြင့် ပရိသတ်ကြီးရေ … ခေးလို့ အားလုံးကချစ်စနိုးခေါ်ကြပြီး ပွင့်လင်းပြီးချစ်စရာကောင်းတဲ့ MRTV-4 မင်းသမီးချောလေး ခေးဆက်သွင်ကတော့ မချစ်တဲ့သူမရှိသလောက်ကို လူချစ်လူခင်ပေါများသူလေးပါ..။ ဟိတ်ဟန်တွေမရှိဘဲ ရိုးရှင်းစွာနေထိုင်တတ်ပြီး စကားပြောပွင့်လင်းတဲ့ သူမကိုတော့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ စိုပြေမြင့်နဲ့ ဘုန်းဆက်သွင်တို့ကလည်း အမြဲချစ်ခင်စနောက်တတ်သလို အခုတစ်ခါမှာလည်း ဆေးထိုးခံလိုက်ရပါတယ်နော်..။ သရုပ်ဆောင် ခေးဆက်သွင်နဲ့ စိုပြေမြင့်တို့ဟာဆိုရင် ဇာတ်လမ်းတွဲတွေကနေ နာမည်ကြီးလာခဲ့တဲ့ မင်းသား မင်းသမီးတွေပဲဖြစ်ပါတယ်။ ခေးဆက်သွင်နဲ့ စိုပြေမြင့်ဟာ အနုပညာမောင်နှမတွေဆိုပေမယ့် အပြင်မှာလဲ တစ်ယောက်နဲ့တစ်ယောက် မိသားစုအရင်းချာတွေလို နွေးထွေးတဲ့ ဆက်ဆံရေးရှိနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စိုပြေမြင့်က ခေးဆက်သွင်ရဲ့ကိုယ်ဝန်အတွက် ဗိုက်အပ်ပေးဖို့ ဆေးရုံသွားတဲ့ဗွီဒီယိုလေးကို မျှဝေပေးလာတာပဲဖြစ်ပါတယ်။ စိုပြေမြင့်က “ကျွန်တော်က သူငယ်ချင်းတွေအပေါ် ဘယ်လောက်ထိချစ်ပြီး ဘယ်လောက်ထိဂရုစိုက်လဲဆိုရင် ပထမဆုံး … Read more