Author: Tartay

  • ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်ခဲ့ရတဲ့လုပ်ရပ်ကို စစ်ကောင်စီဥက္ကဋ္ဌ တောင်းပန်

    ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်ခဲ့ရတဲ့လုပ်ရပ်ကို စစ်ကောင်စီဥက္ကဋ္ဌ တောင်းပန်

    ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှု ကြောင့် ပျံလွန်သွားတဲ့အပေါ် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တောင်းပန်တဲ့အကြောင်း ဒီနေ့စာပို့ လျှောက်ထားခဲ့ပါတယ်။ အဲဒီစာကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးတင်ဦးလွင်က ဇွန် ၂၄ ရက် ဒီနေ့မှာ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဈာပနအတွက် ဦးစီးဆောင်ရွက်နေတဲ့ သံဃာတော်ကြီးတွေဆီ လာရောက်ဖတ်ကြားလျှောက်ထားခဲ့တာပါ။ အရပ်ယာဉ်နဲ့ မှန်ချမောင်းနှင်တာမဟုတ်တဲ့အတွက် လုံခြုံရေးအရ ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ တောင်းပန်စာထဲမှာ ဖော်ပြထားပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် ဆရာတော်ပျံလွန်ခဲ့ရတဲ့အတွက် အလေးအနက် တောင်းပန်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။ ဒီတောင်းပန်လျှောက်ထားချက်နဲ့ ပတ်သက်လို့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ရဲ့ ဈာပနကို ဦးစီးဆောင်ရွက်နေတဲ့ ဆရာတော်ကြီးတစ်ပါးကတော့ ဒီအဖြစ်အပျက်ကို မမေ့ဖျောက်နိုင်ဘူးလို့ အခမ်းအနားမှာ ပြန်လည်မိန့်ကြားခဲ့ပါတယ်။ “လျှောက်ထားသည့်အတွက် သိရှိရပြီပေါ့လေ။ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ၊…

  • စစ်အာဏာသိမ်းမှုအောက် မြန်မာ့လူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရ

    စစ်အာဏာသိမ်းမှုအောက် မြန်မာ့လူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရ

    မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း သုံးနှစ်ကျော်ကြာကာလအတွင်း လူလတ်တန်းစားအဖြစ် ရပ်တည်နေသည့် လူဦးရေသည် ၅၀ ရာခိုင်နှုန်းကျဆင်းသွားပြီး လူဦးရေ ၄၂ သန်းသည် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) မှ ယနေ့ (ဇွန်လ ၂၄ ရက်) တွင် ထုတ်ပြန်သည်။ ယင်းသည် နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံ၊ ရာခိုင်နှုန်းအားဖြင့် ၇၅ ရာခိုင်နှုန်း ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း UNDP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် လူပေါင်း ၁၃ ဒသမ ၃ သန်းသည်လည်း စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရကြောင်းဖော်ပြထားပြီး နောက်ထပ်လူပေါင်း ၃,၀၀၀,၀၀၀ သန်းခန့်သည်လည်း အိုးမဲ့အိမ်မဲ့အဖြစ် နေရပ်စွန့်ခွာနေကြရသည်။ သို့သော်လည်း မြန်မာနိုင်ငံသည် အမေ့အပျောက်ခံ အကျပ်အတည်းတခုအဖြစ်…

  • စစ်သင်္ဘော၊ ကြေးနီယာဉ်တန်းနှင့် မိုင်းရှာ နေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

    စစ်သင်္ဘော၊ ကြေးနီယာဉ်တန်းနှင့် မိုင်းရှာ နေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

    မုံရွာနှင့် ဆားလင်းကြီးတို့တွင် စစ်သင်္ဘော၊ ကြေးနီယာဉ်တန်းနှင့် မိုင်းရှာ နေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး (ရုပ်/သံ) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော ၊ ကြေးနီတင်ယာဉ်တန်းနှင့် မိုင်းရှာနေသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ Daung Karyan က ပြောကြားသည်။ ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် မုံရွေးတိုးဂိတ်အနီး လမ်းသွားလမ်းလာ ပြည်သူများကို တားဆီးစစ်ဆေး အနိုင်ကျင့်ကာ ကြေးနီတင် တွဲကားများကို လုံခြုံရေးယူပေးနေသော အကြမ်းဖက်…

  • ဒီပဲယင်းတွင် ဘုန်းကြီးကျောင်း ၃၀ နီးပါးမှကိုယ်စားပြု သံဃာတော်များစုပေါင်းပြီး စစ်​ကောင်စီကို ကံဆောင်သပိတ် မှောက်

    ဒီပဲယင်းတွင် ဘုန်းကြီးကျောင်း ၃၀ နီးပါးမှကိုယ်စားပြု သံဃာတော်များစုပေါင်းပြီး စစ်​ကောင်စီကို ကံဆောင်သပိတ် မှောက်

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ဘုန်းကြီးကျောင်း ၃၀နီးပါးမှ ကိုယ်စားပြု သံဃာတော်များစုပေါင်းပြီး စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေကြောင်း သတင်းရရှိသည်။ ယနေ့ (ဇွန်လ ၂၄ ရက်)တွင် ဒီပဲယင်းမြို့နယ် ကျေးရွာပေါင်း ၃၀ နီးပါးရှိ ဘုန်းကြီးကျောင်းများမှ ကိုယ်စားပြု သံဃာတော် ၃၀ နီးပါးက ကျောင်းတစ်ကျောင်းရှိသိမ်၌ စုဝေး၍ စစ်ကောင်စီကို ဝိနည်းတော်နှင့်အညီ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေကြောင်း အဆိုပါ ဆရာတော်၊ သံဃာတော်များက မိန့်ကြားသည်။ “စစ်ကောင်စီက နွေဦးတော်လှန်ရေးကာလမှာ စစ်ကောင်စီဖမ်းဆီးနှိပ်စက်သတ်ဖြတ် ထောင်ချထားတဲ့ သံဃာတွေဟာ ဆယ်ချီရာချီမြောက်မြားစွာ ရှိနေပါတယ်။ ဒီသံဃာတော်တွေအပေါ်မှာ ပြုလုပ်ခဲ့တဲ့ ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ နှိပ်စက်မှု၊ အနိုင်ကျင့်မှု ဒါတွေကြောင့်လည်း စစ်ကောင်စီကို ဦးဇင်းတို့က ပတ္တနိက္ကုဇ္ဇနကံဆောင် ဒဏ်ခတ်ခြင်းဖြစ်ပါတယ်။”ဟု ဒီပဲယင်း ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ဦးဆောင်ဆရာတော်တစ်ပါးက မိန့်ကြားသည်။…

  • စစ်မှုထမ်း ဥပဒေဖြင့် တစ်အိမ်လျှင် ငွေကျပ် ၁ သိန်း ကောက်ခံနေသော အုပ်ချုပ်ရေးမှူး အောင်နိုင် ပစ်ခတ်ခံရပြီး သေဆုံး

    စစ်မှုထမ်း ဥပဒေဖြင့် တစ်အိမ်လျှင် ငွေကျပ် ၁ သိန်း ကောက်ခံနေသော အုပ်ချုပ်ရေးမှူး အောင်နိုင် ပစ်ခတ်ခံရပြီး သေဆုံး

    ဒိုက်ဦးမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးပြီး စစ်မှုထမ်း ဥပဒေဖြင့် တစ်အိမ်လျှင် ငွေကျပ် ၁ သိန်း ကောက်ခံနေသော အုပ်ချုပ်ရေးမှူး အောင်နိုင် ပစ်ခတ်ခံရပြီး သေဆုံး ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးပြီး စစ်မှုထမ်း ဥပဒေဖြင့် တစ်အိမ်လျှင် ငွေကျပ် ၁ သိန်း ကောက်ခံနေသော အုပ်ချုပ်ရေးမှူး အောင်နိုင် ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Daik-U Defence Force(DDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဒိုက်ဦးမြို့နယ်၊ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်နိုင်ကို Daik-U Defence Force(DDF) အဖွဲ့က ဒိုက်ဦးမြို့တွင်းရှိ…

  • Su 30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေး လေယာဉ်ဆီခိုးရောင်းချမှုဖြင့် စုံစမ်းစစ်ဆေးခံရပြီး တောင်ငူလေတပ်စခန်းသို့ အရွှေ့ခံရ

    Su 30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေး လေယာဉ်ဆီခိုးရောင်းချမှုဖြင့် စုံစမ်းစစ်ဆေးခံရပြီး တောင်ငူလေတပ်စခန်းသို့ အရွှေ့ခံရ

    နေပြည်တော် လေတပ်မှ Su 30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေး လေယာဉ်ဆီခိုးရောင်းချမှုဖြင့် စုံစမ်းစစ်ဆေးခံရပြီး တောင်ငူလေတပ်စခန်းသို့ အရွှေ့ခံရ လေယာဉ်ဆီအကြီးအကျယ် ခိုးရောင်းချသည့် နေပြည်တော် လေတပ်မှ Su 30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေးသည် တပ်တွင်း စုံစမ်းစစ်ဆေးခံရပြီးနောက် တောင်ငူလေတပ်စခန်း အရွှေ့ခံလိုက်ရကြောင်း လေတပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။ နေပြည်တော်လေတပ်တွင် ဗိုလ်မှူးကြီးခန်နေသွေးသည် SU 30 တိုက်လေ ယာဉ် အုပ်မှူးအဖြစ် တာဝန်ထမ်းဆောင်သည့် ၂ နှစ်ကျော်ကာလအတွင်း လေ ယာဉ် ဆီများစွာ ခိုးထုတ်မှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခံခဲ့ရကြောင်း၊ ယင်းနောက် အပြစ်ပေး အရေးယူမှုအနေဖြင့် တောင်ငူလေတပ်စခန်း သို့ ပြောင်းရွှေ့ခံလိုက်ရကြောင်း သိရှိရသည်။ ဗိုလ်မှူးကြီး ခန့်နေသွေးသည် Su 30 အုပ်မှူးတာ၀န်ယူခဲ့စဉ်က လေယာဉ်ဆီခိုးထုတ်မှုမှ…

  • MBT တပ်ဖွဲ့က ပစ်သတ်တာလို့ စစ်အုပ်စုက လိမ်ညာသတင်းဖြန့်

    MBT တပ်ဖွဲ့က ပစ်သတ်တာလို့ စစ်အုပ်စုက လိမ်ညာသတင်းဖြန့်

    မြင်းခြံမြို့အဝင်မှာ စစ်အုပ်စုက ပစ်ခတ်လို့ ဘုန်းတော်ကြီးတစ်ပါး ပျံလွန် MBT တပ်ဖွဲ့က ပစ်သတ်တာလို့ စစ်အုပ်စုက လိမ်ညာသတင်းဖြန့် စစ်အုပ်စုရဲ့ စွပ်စွဲချက်ကို MBT တပ်ဖွဲက ငြင်းပြီး စစ်တပ်၊ စစ်သားပီပီ ကိုယ့်လုပ်ရပ်ကိုယ် ဝန်ခံဖို့ ပြော မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ်(၁၈) ဝန်ထမ်းကွက်သစ်မှာ မနေ့က ည(၁၀)နာရီဝန်းကျင် စစ်အုပ်စုက ပစ်ခတ်လို့ ရွာဘက်ကနေ မြင်းခြံမြို့ပေါ်ကို လူနာလာပို့တဲ့ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူတယ်လို့ သတင်းရရှိပါတယ်။ “မနေ့ (ဇွန်-၂၂ရက်) ည(၁၀)နာရီခန့်က (မြင်းခြံမြို့) အမှတ်(၁၈)၊ ဝန်ထမ်းကွက်သစ်မှာ စခများမှ နယ်မြေရှင်းရင်း ပစ်ခတ် ခဲ့သောကြောင့် ဘုန်ကြီးတစ်ပါး ပျံတော်မူ။ စခများမှ အမှတ်(၁၈)မှ စခနဲ့နီးစပ်တဲ့သူတွေ၊ စခ၊ ပျူတွေကို ကူညီပေးသူတွေကို စစ်ကြောင်းထိုးမှာမို့ နယ်မြေရှင်းတာ လုပ်မယ်လို့…

  • စစ်ကောင်စီကို  သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွင် တစ် နိုင်ငံလုံး သံဃာတော်များ ပါဝင်ရန် ယုံကြည်

    စစ်ကောင်စီကို သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွင် တစ် နိုင်ငံလုံး သံဃာတော်များ ပါဝင်ရန် ယုံကြည်

    စစ်ကောင်စီကို သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွင် တစ် နိုင်ငံလုံး သံဃာတော်များ ပါဝင်ရန် ယုံကြည်ဟု ချောင်းဦးမြို့မှ သပိတ်ဦး ဆောင် ဆရာတော် မိန့်ကြား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်သားများက ပစ်သတ်မှုအပေါ် စစ်ကောင်စီကို သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်တွင်တစ်နိုင်ငံလုံး သံဃာတော်များ ပါဝင်ရန် ယုံကြည်ထားကြောင်း ချောင်းဦးမြို့နယ်မှ သပိတ်ဦးဆောင် ဆရာတော် ဥူးဇာနည်ရက မိန့်ဆိုသည်။ ဇွန်လ ၂၃ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ သံဃာတော်များက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံ ဆရာတော်ကို ပစ်သတ်သော စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်း ဆိုသည်မှာ စစ်ကောင်စီကို သံဃာထုက အဆက်အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်…

  • သံတွဲလေဆိပ်ကို AA သိမ်းပိုက်၊ စစ်ကောင်စီဝန်ထမ်း မိသားစုများ ထွက်ပြေးတိမ်းရှောင်

    သံတွဲလေဆိပ်ကို AA သိမ်းပိုက်၊ စစ်ကောင်စီဝန်ထမ်း မိသားစုများ ထွက်ပြေးတိမ်းရှောင်

    သံတွဲလေဆိပ်ကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ ငပလီမြို့ကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ သံတွဲလေဆိပ်နဲ့ ငပလီကမ်းခြေနားတဝိုက်မှာရှိတဲ့ ခမရ ၅၆၆၊ ခလရ ၅၅ စစ်ကောင်စီတပ်စခန်းတွေကို မနေ့ ဇွန် ၂၃ ရက် မနက်ပိုင်းမှာ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ မြို့ခံပရဟိတလုပ်ကိုင်နေသူတဦးက ပြောပါတယ်။ “စစ်တပ်က AA တပ်တော်ရဲ့ ထိုးစစ်ကို မခံနိုင်တော့လို့ လေယာဥ်ကွင်းကနေ တပ်ဆုတ် ထွက်ပြေးကြတာပေါ့။ ငပလီမှာရှိတဲ့ စစ်တပ်မိသားစုတွေလည်း ရန်ကုန်ကို ပြေးဖို့အတွက် ကားလိုက်ငှားနေကြတာ။ မနေ့တုန်းကဆိုရင် နာရေးကားပါမကျန်ဘူး ငှားနေကြတာ။” သံတွဲလေဆိပ်ကို ခလရ ၅၅ နဲ့ ခမရ ၅၆၆ တပ်တို့က ပူးပေါင်းထုတ်နုတ်အင်အား အပါအဝင် ဧရာဝတီတိုင်းက…

  • အင်းတော်ကြီးဒေသ ချောင်း၀တပ်စခန်းကို ယနေ့နံနက်တွင် KIA ထပ်မံသိမ်းပိုက်

    အင်းတော်ကြီးဒေသ ချောင်း၀တပ်စခန်းကို ယနေ့နံနက်တွင် KIA ထပ်မံသိမ်းပိုက်

    အင်းတော်ကြီး – ဖားကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို နှစ်ရက်အတွင်းသိမ်းပိုက် ကချင်ပြည်နယ် အင်းတော်ကြီး – ဖားကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ သိမ်းပိုက်ရန် နောက်ဆုံးကျန်နေသည့် ချောင်း၀ တပ်စခန်းကို ယနေ့ (ဇွန်လ ၂၄ရက်)နံနက်တွင် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဖားကန့်-အင်းတော်ကြီးဒေသမှ ဝှေလုံစခန်း၊ ညောင်ပင်စခန်း၊ချောင်း၀ စခန်းများကို KIA ပူးပေါင်းတပ်က ဇွန်လ ၂၂ရက် မနက်အစောတွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ဇွန်လ ၂၃ရက်ညပိုင်းတွင် ဝှေလုံ နှင့် ညောင်ပင်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး ချောင်း၀စခန်းကို ယနေ့မနက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ “ဝှေလုံ စခန်းမှာ လက်နက်ပေါင် ၁၈ လက်နဲ့ ခဲယမ်းအမြောက်အများရရှိ၊ ညောင်ပင် နဲ့ ချောင်းဝ…