တုတု နာမည်ပြောင်လေး ဖြစ်လာရတဲ့ ချစ်စရာဇာစ်မြစ်လေးကို ပြောပြလာခဲ့တဲ့ ဆောင်းဝတ်ရည်မေ
ပရိသတ်ကြီးရေ… ဆောင်းဝတ်ရည် မေကတော့ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အောင်မြင်မှုတွေများစွာ ရရှိ ပိုင်ဆိုင်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဆောင်း ဝတ်ရည်မေရဲ့ နာမည်ပြောင်လေးဟာ တုတု လို့ခေါ်တာ ပရိသတ်ကြီးလည်း သိပြီးသားဖြစ်မှာဖြစ်ပြီး ဒီကနေ့မှာ တော့ သူမရဲ့ နာမည်လေးနဲ့ ပတ်သက်ပြီး ဇာစ်မြစ် အကြောင်းအရာကို ပြောပြလာခဲ့ပါတယ်။ ဆောင်းဝတ်ရည်မေက “ငယ်ငယ်ထဲက အိမ်နာမည်က စိန်ရတု (ရုပ်ရှင်သက်တမ်း စိန်ရတု(၇၅)နှစ်ပြည့်နေ့မှာမွေးလို့) .. ချစ်တဲ့သူတွေတော့ ရတု , ပိုချစ်တဲ့သူတွေက တုတုလို့ခေါ်ကြတယ်… 🖤 အမေးများတဲ့မေးခွန်းက နာမည်အရင်းလားတဲ့ ?? အနုပညာနာမည် နဲ့ နာမည်အရင်းနဲ့က အတူတူပဲ ဆောင်းဝတ်ရည်မေ။ အခု့တော့ ကျွန်မကို အရမ်းအရမ်းချစ်တဲ့ Tumilyတွေကတော့ ခေါ်တယ် Tumilyတွေရဲ့ အသည်းကျော် “တုစိန်”တဲ့။ How so … Read more