မန္တလေး မြို့လယ်ခေါင် ရွှေဆိုင် ဓားပြတိုက်
မန္တလေးမြိုု့၊ အောင်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်များအားလုံး ပါသွား၊ တိုယိုတာမတ်တူးကားအဖြူဖြင့်လာရောက် ဓားပြတိုက် ရန်ကုန်၊ နိုဝင်ဘာ ၁၇ မန္တလေးမြိုု့၊ အောင်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်များအားလုံး ပါသွားပြီး တိုယိုတာမတ်တူးကားအဖြူဖြင့်လာရောက် ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံများက ပြောဆိုသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မန္တလေး လမ်း၃၀ ၇၂ x ၇၃ မင်္ဂလာဈေးဟောင်းမြောက်ဘက် အောင်ရွှေဆိုင်ကို လက်နက်ကိုင်ထားသော လူတချို့က Mark2 အဖြူ 2E 6723 ကားနံပါတ်ဖြင့်ရောက်ရှိလာပြီး သေနတ်ပြကာ ပစ်ခတ်မှု လုပ်ဆောင်ပြီး ရွှေထည်များအားလုံး လုယက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။ “မိနစ်ပိုင်းအတွင်း ရွှေတွေအကုန်လုံးကို လူအင်အားများများနဲ့ လုသွားတာ။ ကားနဲ့လာတာ။ သူတို့လုယက်ပြီး မိနစ်ပိုင်းအတွင်း ရဲတွေလည်း လာတာပဲ။ အဝင်အထွက်လို့တောင် … Read more