မြန်မာပြည်သူတွေရဲ့ မှတ်ပုံတင်တွေကို စမတ်ကတ် ပြောင်းလဲရေး စစ်ကောင် စီ က တရုတ်ကို အကူအညီတောင်း၊ ပြည်သူတွေကို ခြေရာခံစောင့်ကြည့်ရေး ရည်ရွယ်
အကြမ်းဖက်စစ်ကောင်စီ ဟာ ပြည်သူတွေကို ပိုမိုခြေရာခံစောင့်ကြည့်ရေး ရည်ရွက်ချက်နဲ့ မှတ်ပုံတင်တွေကို အီလက်ထရောနစ် နိုင်ငံသားစိစစ်ရေး ကတ် တွေ အဖြစ်ပြောင်းလဲထုတ်ပေးဖို့ အတွက် တရုတ်အစိုးရဆီမှာ အကူ အညီ တောင်းခံထားတယ်လို့ သိရှိရပါတယ်။ မြန်မာစစ်အစိုးရ ရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်နဲ့ အီလက်ထရွန်နစ် မှတ်ပုံတင်ဌာန အကြီးအကဲတို့ဟာ ယခုသီတင်းပတ်ထဲမှာ တရုတ်နိုင်ငံကိုသွားရောက် အကူအညီတောင်းခံ ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် အင်္ဂလိပ်သတင်းစာ Global New Light of Myanmar မှာဖော်ပြထားပါတယ်။ တရုတ်အစိုးရ ဆီမှာ အီလက်ထရောနစ် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရေး နဲ့ သန်းခေါင်စာရင်း ကောက်ယူမှု ကိစ္စရပ်တွေကို အကူအညီပေးဖို့ တောင်းဆို ခဲ့ကြတယ်လို့ သိရှိရပါတယ်။ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)ကို စမတ်ကတ် … Read more