မဟုတ်တာမှန်သမျှလုပ်ချင်တိုင်းလုပ်နေခဲ့တာတွေကို ကာဗာပေးပြီးရပ်တည်ခဲ့ချိန်က “ဆွေမျိုးနဲ့ ပေါက်ဖော်”

မဟုတ်တာမှန်သမျှလုပ်ချင်တိုင်းလုပ်နေခဲ့တာတွေကို ကာဗာပေးပြီးရပ်တည်ခဲ့ချိန်က “ဆွေမျိုးနဲ့ ပေါက်ဖော်”

အပေးအယူမတည့်တဲ့အချိန်ရောက်လာတော့ “မအေရိုးပါတဲ့စောက်ဆော်”လို့.ပြောနေကြပြီး သံရုံးရှေ့အထိ.စာတန်းတွေကိုင်.

အော်ချင်ရာတွေ သွားအော်ပြီး.ငယ်သံပါနေကြပါပြီ

၁၉၆၇.ဇွန်လ စိန/ဗမာအရေးအခင်းအပြီး သံတမန်ဆက်သွယ်ရေးအနိမ့်ဆုံးအဆင့်ကျခဲ့ရာကနေ

၁၉၇၀မှာ.ထိုစဥ်က. မော်စီတုံးရဲ့ဝန်ကြီးချုပ်ချူအင်လိုင်းက နေဝင်းကို ဖိတ်ကြားခဲ့ပြီး.စိနပြည်ကို.သွားလည်ရာက ပြန်လည်ကောင်းမွန်လာခဲ့တဲ့စိန/မြန်မာဆက်ဆံရေးဟာ

၁၉၈၈မှာ.အာဏာထပ်သိမ်းခဲ့ချိန်ကအစပြုလို့ နိုင်ငံတကာပိတ်ဆို့မှု့တွေကို.စိနအားကိုးနဲ့ရပ်တည်ခဲ့ပြီး

ထိုစဥ်ကမီးရထားဝန်ကြီးဖြစ်ခဲ့သူအောင်မင်းက “တရုတ်ကိုကြောက်နေရပါတယ်”လို့ သမိုင်းဝင်စကားနဲ့ဝန်ခံခဲ့ရတဲ့အထိ စိနကို.တပည့်ခံလာခဲ့ပြီးမှ…

ဒီတခေါက်.မျောက်ဖိုးစိန်က ဆရာ့.ဆရာကြီးများလမ်းစဥ်ကိုသွေဖည်ပြီး ရိုးရာမပျက်.စိနကိုးကွယ်မှု့ကို.ကာပြန်ခဲ့ကာ အတတ်ဆန်းပြီး.အဝေးကြီးက.ရုရှားကို ပြောင်းလဲပူဇော်လိုက်တဲ့အခါ

နတ်ကိုင်ခံရသလို.တစ္ဆေကြီးစိနရဲ့ပြုစားခြင်းတွေကြောင့် ဆောက်တည်ရာမရဖြစ်နေခဲ့ပါပြီ. မျောက်ဖိုးစိန်ဟာ.

အာဏာကိုသာအငမ်းမရလိုချင်နေပေမဲ့ စိနနဲ့ပတ်သက်တဲ့.ရာဇဝင်ကြောင်းကိုမေ့ထားခဲ့ပုံပါ

စိနဟာ.စိန/ဗမာအရေးအခင်းမတိုင်ခင်ကတည်းက သူ့အကူအညီကိုမယူဘဲ.

ထိုစဥ်ကဆိုဗီယက်ပြည်ထောင်စု(အခု.ရုရှား)ဆီက နည်းပညာနဲ့အကူအညီရယူခဲ့မှု့ကြောင့် အစာမကြေဖြစ်ခဲ့ပြီး.

စိန/ဗမာအရေးအခင်း.မြစ်ဖျားခံရာပြဿနာဖြစ်တဲ့ တရုတ်ကျောင်းတွေကကျောင်းသားတွေကို မော်စီတုံးတံဆိပ်တပ်ပြီး.ကျောင်းတက်စေခဲ့ခြင်း စိနသံရုံးက.ယဥ်ကျေးမှု့တော်လှန်ရေးရဲ့စာအုပ်နီများကို

တရုတ်ကျောင်းသားများကိုဖြန့်ဝေခဲ့ခြင်းတို့ ပြုလုပ်ခဲ့ခြင်းကြောင့် မော်စီတုံးတံဆိပ်တပ်ဆင်ကျောင်းတက်သူများကို.

မြန်မာဆရာ/ဆရာမများက တားမြစ်ခဲ့ရာကနေ အခြားသော.ကောလဟဠသတင်းများပါ.ပါလာခဲ့ပြီး စိန/ဗမာအရေးအခင်းကြီးဖြစ်လာခဲ့ပါတယ်

ဒီအရေးအခင်းကြီးဖြစ်အောင် စိနကလည်း.တမင်လုပ်ယူခဲ့သလို ထိုစဥ်က အာဏာရှင်နေဝင်းကလည်း နိုင်ငံတွင်းမှာ.သူ့ရဲ့လမ်းစဥ်ညံဖျင်းမှု့များဖြစ်တဲ့ ပြည်သူပိုင်သိမ်းယူမှု့၊..စီးပွားရေးနယ်ပယ်တွေမှာ

အထွေထွေချုပ်ကိုင်မှု့တွေကြောင့်.မှောင်ခိုစျေးကွက်ကြီး ဖြစ်ပေါ်နေခဲ့ရပြီး.အကျပ်အတည်းများစွာကြားကနေ ဆန်ထုတ်လုပ်မှု့အကျပ်အတည်း ဖြစ်ပေါ်ခဲ့တာကြောင့်

နိုင်ငံတကာကိုဆန်တင်ပို့ရောင်းချတဲ့နိုင်ငံအဖြစ်ကနေ. ပြည်တွင်းစားသုံးမှု့ပါပြတ်လပ်ရှားပါးသွားရတဲ့အထိ မိုက်လုံးကြီးစွာနဲ့.ငါတကောကောပြီး.လုပ်ခဲ့မှု့တွေကြောင့်

ပြည်တွင်းမကျေနပ်မှု့များ.မြင့်မားလာချိန်မှာ အာရုံပြောင်းလုပ်ဆောင်ဘို့ပြဿနာရှာနေတုံး စိနရဲ့.လှုပ်ဆော်မှု့တွေကိုတွေ့သွားတဲ့အခါ

အထွေထွေပြဿနာကနေ လူမျိုးရေးပြဿနာအဖြစ်အသွင်ပြောင်းစေခဲ့တာပါ ဘုန်းကြီးရူးနဲ့လှေလူး.တွေ့ခဲ့ကြခြင်းပါဘဲ

နိုင်ငံအတွင်းမှာ.သူမနှစ်သက်တာမှန်သမျှလုပ်မိသူကို မချိမဆံ့အပြစ်ပေးပြီး.ဖိနှိပ်ခဲ့တဲ့ နေဝင်းဟာ စိန/ဗမာအရေးအခင်းကိုတော့. ၁၉၆၇.ဇွန်လ.၂၆.ရက်နေ့ကနေ.လွှတ်ပေးထားခဲ့ပြီး

ဇွန်လ.၂၉.ရက်နေ့ကျမှသာ. မာရှယ်လောထုတ်ပြန်ခဲ့ပြီး.ထိန်းသိမ်းခဲ့တာပါ အခုတခါမှာလည်း.ဘောမ/ဘောထမ်းတွေကတဆင့် လူမျိုးရေးလှုပ်ဆော်မှု့တွေကို.စတင်နေပေမယ့်

၁၉၆၇.ခုနှစ်.မဟုတ်တော့တာမို့ အတွေးအခေါ်တွေဟာ.ရင့်သန်နေကြပြီမို့ ဖန်တရာတေနေတဲ့.ဂျင်းပြုတ်ရေကိုသိနေကြပြီမို့ လိုချင်တဲ့လှည့်စားမှု့တွေကိုမရနိုင်ဘဲ.ဖြစ်နေခဲ့ပါပြီ

စိနဟာ.ဘာဆိုတာကို. ကလေးကအစ ခွေးအဆုံး . ကမ္ဘာ့နိုင်ငံတိုင်းကသိပြီးသားကို သူ့အကြောင်းနဲ့သူ.မဟုတ်တာတွေကိုကာဗာယူပေးဘို့ ဆရာတင်တပည့်ခံလာခဲ့ပြီးမှ ကလေးတပုံမွေးပြီးမှ.ခင်ပွန်းမတော်ချင်တော့တဲ့အခါ

ခင်ပွန်းအသစ်ရှာပြောင်းလိုက်တဲ့အခါ ကလေးတို့ဖေဖေ.စားနေကျကြောင်းပါးလက်ကနေ လွတ်လမ်းရှာနေပြီး.ဗျာများနေတာပါ

ဆရာ/တပည့်အချင်းချင်း.မြွေမြွေချင်းခြေမြင်ပြီး ရခိုင်စစ်ပွဲပြန်စမှာကို.သေမလောက်ကြောက်နေပြီး ရှိသမျှ.စစ်သင်္ဘောတွေ.ရခိုင်ကိုပို့နေရာယူနေပေမဲ့ စိနကတော့.ဝမ်းထဲကကြိတ်ပြီးပြုံးနေမှာပါ “မင်း.ငယ်ပါသေးတယ်.နုပါသေးတယ်”ပြောရင်းနဲ့၊

ရှမ်းမြောက်မှာ.စက်နှိုးလိုက်ရုံနဲ့တင်.တုန်လှုပ်နေချိန် ဂီယာတဆုံးမောင်းလိုက်ရင်တော့ တရွတ်တိုက်ပါသွားနိုင်တာက.သေချာနေပါတယ်

ပြင်ဦးလွင်.မန္တလေး.နေပြည်တော်ခံစစ်အတွက် အသည်းအသန်ပြင်ဆင်နေတာဟာ

နတ်ကိုင်တဲ့သဘောနဲ့တစ္ဆေကြီးခြောက်တဲ့သဘောကို သူကြိုတင်ကြောက်လန့်နေပါပြီ..

မြန်မာပြည်သားတယောက်အနေနဲ့ ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို.ပိုချစ်သင့်ပေမယ့် လူ့ဘောင်လောကကြီးထဲမှာ.တချို့အဖြစ်တွေဟာ ရုပ်ရှင်ဆန်ဆန်အဖြစ်မျိုးတွေ.တွေ့လာတတ်ပါတယ်

အိမ်ထောက်ဦးစီးတယောက်က အရက်သောက်.ဖဲရိုက်.မိန်းမလိုက်. အိမ်ရှိပစ္စည်းမှန်သမျှ.အကုန်ဖြုန်း. အိမ်ကမိသားစုဝင်မှန်သမျှ.

စိတ်မထင်ရင်မထင်သလိုနှိပ်စက်ရိုက်နှက်နေတဲ့နောက် အိမ်သားတွေရဲ့မေတ္တာတရားတွေခမ်းခြောက်လာခဲ့ပြီး ဒီသေချင်းဆိုးကြီး.မိုးကြိုးပစ်လို့မသေရင်

ဘယ်သူဘဲရိုက်ရိုက်.အပြီးသာရိုက်စေချင်တော့တာဟာ ခံစားချက်တွေပါ

နာကျင်မှု့တွေကြောင့်ဖြစ်လာရတဲ့.နာကျည်းမှု့တွေပါ

ဒိနောက် တူသောအကျိုးပေးစေချင်တဲ့ တုန့်ပြန်ရိုက်ခတ်မှု့.ဂလဲ့စားပါ ကိုယ်ကိုယ်တိုင်မလုပ်နိုင်ရင် ဘယ်သူဘဲ.ဘာလုပ်လုပ် ကြောင်အစစ်ကဘဲဖြစ်ဖြစ်.ကြောင်အရုပ်ကဘဲဖြစ်ဖြစ်

ကြွက်သေအောင်သတ်နိုင်ဘို့သာ.အဓိကလို့. ယူဆမဲ့သူတွေက.များပြားလှပါတယ် မကြာလောက်တော့ဘူးလို့လည်းထင်ပါတယ်

သုံးနှစ်သုံးမိုး.ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြရတဲ့အကျိုးရလဒ်ဟာ ပြည်တွင်းအင်အားနဲ့တမျိုး အခြားသော.အကြောင်းကြောင့်တွေကတမျိုးနဲ့ အောင်လမ်းကနေလျှောက်ပြီး

အောင်ပန်းကိုကိုင်ဘို့.အောင်စခန်းက.တပြသာသာမှာပါ သူတို့တတွေလည်း.ကြောက်နေကြပါပြီ တော်လှန်ရေးရဲ့အရှိန်အဟုန်ရယ်

တစ္ဆေကြီးရဲ့.အရိပ်တခုရယ် သတင်းတပုဒ်မှာ.ပါလာတာက စိန/မြန်မာနယ်စပ်နားမှာ အမြင့် ၁၇.မိုင်အထိရောက်နိုင်ပြီး

အဝေးကို.မိုင်၁၁၀.အထိသွားနိုင်တဲ့. Air Defense.Systems.အရိပ်ကြီးတခုဟာ…

စောအယ်မူး


Comments

Leave a Reply

Your email address will not be published. Required fields are marked *