“အမြီးခတ်သည်နှင့် အပြီးပြတ်ရတော့မည့် စစ်ကောင်စီ”

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကာစအချိန်က ‘သေချင်သည့်သူ ထွက်ခဲ့’ ဟု ကြိမ်းဝါးခဲ့သည့် စစ်ကောင်စီတပ်သားများသည် ယခုတော့ နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုများ၏ တိုက်စစ်အောက်တွင် ခုခံစစ်ကိုပင် ပြင်နေရပြီဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းနှင့် ပြည်နယ်များကို စိစစ်ကြည့်ပါက ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီနှင့် နေပြည်တော်မှလွဲ၍ စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးလိုက်ရသော စစ်စခန်းများ မရှိသည့်နေရာဟူ၍ မရှိသည်ကို အစီရင်ခံစာတွင် တွေ့မြင်ရမည်ဖြစ်သည်။

****************************************

“မြို့/မြို့နယ်သိမ်းတိုက်ပွဲများ”

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ကာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စစ်ကောင်စီသည် မြို့/မြို့နယ်ပေါင်း ၂၈ မြို့ကို လေကြောင်းနှင့် လက်နက်ကြီးအားသာချက်များရှိသော်လည်း တော်လှန်ရေးအင်အားစုများထံ လက်လွှတ်လိုက်ရသည်။ ညီနောင်မဟာမိတ်တပ်ဖွဲ့များ၏ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေးသည် စစ်ကောင်စီအတွက် အကြီးမားဆုံးသော ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ရသည်။ စစ်ကောင်စီသည် တရုတ်အကူအညီဖြင့် အဆိုပါစစ်ဆင်ရေးကြီးရပ်တန့်ရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အထက်ပါအချက်အလက်များသည် လွတ်လပ်ပြီး ယုံကြည်စိတ်ချရသည့်သတင်းဌာန အနည်းဆုံး နှစ်ခု၊ သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များ၏ တရားဝင်ထုတ်ပြန်ချက်များကို စိစစ်ထားသည့်အပြင် အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးပြီးနောက် စိစစ်ဖော်ပြထားခြင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပို၍ များပြားနိုင်သည်။

****************************************

“တိုင်းနှင့် ပြည်နယ်အလိုက် စစ်ကောင်စီမှ ဆုံးရှုံးထားသည့် စစ်စခန်းများ”

စစ်ကောင်စီသည် မြန်မာနိုင်ငံ၏ ထိပ်ဆုံး ကချင်ပြည်နယ်တွင် စစ်စခန်းတစ်ခု၊ ကရင်နီ(ကယား)ပြည်နယ်တွင် စစ်စခန်း ၂၂ ခု၊ ကရင်ပြည်နယ်တွင် စစ်စခန်း ၁၂ ခု၊ ချင်းပြည်နယ်တွင် စစ်စခန်း ၄၉ ခု၊ စစ်ကိုင်းတိုင်းတွင် စစ်စခန်း ၁၅ ခု၊ ပဲခူးတိုင်းတွင် စစ်စခန်း ၉ ခု၊ မကွေးတိုင်းတွင် စစ်စခန်း ၅ ခု၊ မွန်ပြည်နယ်တွင် စစ်စခန်း တစ်ခု၊ ရခိုင်ပြည်နယ်တွင် စစ်စခန်း ၁၃၀ ခု၊ ရှမ်းပြည်နယ်တွင် စစ်စခန်း ၂၆၈ ခုထိ လက်လွှတ်ဆုံးရှုံးထားရပြီးဖြစ်သည်။

အထက်ပါအချက်အလက်များသည် လွတ်လပ်၍ ယုံကြည်စိတ်ချရသည့်သတင်းဌာန အနည်းဆုံး နှစ်ခု၊ သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များ၏ တရားဝင်ထုတ်ပြန်ချက်များအား စိစစ်ကာ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးပြီးနောက် စိစစ်ဖော်ပြထားခြင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပို၍ များပြားနိုင်သည်။ အချို့သော စစ်စခန်းများသည် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဆက်လက်တပ်စွဲထားခြင်းမရှိဘဲ ဖျက်ဆီးခဲ့သည့်စခန်းအမျိုးအစားများကိုမူ အစီရင်ခံစာအတွင်း ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

****************************************

“တော်လှန်ရေးအင်အားစုများ အစုအဖွဲ့အလိုက် သိမ်းဆည်းထားသည့် စစ်စခန်းများ”

စစ်ကောင်စီသည် မြန်မာနိုင်ငံအတွင်း တိုင်းနှင့် ပြည်နယ် (၁၄)ခုအနက် (၁၀)ခုတွင် စစ်စခန်းများကို လက်လွှတ်ထားရပြီး တော်လှန်ရေးအင်အားစုများက တပ်စခန်းချကာ နယ်မြေစိုးမိုးထားနိုင်နေပြီဖြစ်သည်။

စစ်ကောင်စီ၏ စစ်စခန်းများကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည့် တော်လှန်ရေးအင်အားစုများကို အစုအဖွဲ့အလိုက် ခွဲခြမ်းစိတ်ဖြာရလျှင်မူ နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ဦးဆောင်မှုဖြင့် သိမ်းပိုက်ထားနိုင်သည့် စစ်စခန်း ၂၇ ခု၊ ကရင်တော်လှန်ရေးအင်အားစုများ ဦးဆောင်မှုဖြင့် သိမ်းပိုက်ထားနိုင်သည့် စစ်စခန်း ၂၁ ခု၊ ကရင်နီတော်လှန်ရေးအင်အားစုများ ဦးဆောင်မှုဖြင့် သိမ်းပိုက်ထားနိုင်သည့် စစ်စခန်း ၂၂ ခု၊ ချင်းတော်လှန်ရေးအင်အားစုများ ဦးဆောင်မှုဖြင့် သိမ်းပိုက်ထားနိုင်သည့် စစ်စခန်း ၂၉ ခု၊ ကချင်တော်လှန်ရေး အင်အားစုများ ဦးဆောင်မှုဖြင့် သိမ်းပိုက်ထားနိုင်သည့် စစ်စခန်း ၁ ခု၊ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ဦးဆောင်မှုဖြင့် သိမ်းပိုက်ထားနိုင်သည့် စစ်စခန်း ၄၁၉ ခုထိ ရှိနေသည်။

အထက်ပါအချက်အလက်များသည် လွတ်လပ်၍ ယုံကြည်စိတ်ချရသည့် သတင်းဌာန အနည်းဆုံး နှစ်ခု၊ သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များ၏ တရားဝင်ထုတ်ပြန်ချက်များကို စိစစ်ကာ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးပြီးနောက် စိစစ်ထုတ်ပြန်ထားခြင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပို၍ များပြားနိုင်သည်။

****************************************

“၂၀၂၂ ခုနှစ် အတွင်း စစ်ကောင်စီမှ လက်လွှတ်ခဲ့ရသည့် တပ်စခန်းများ”

၁၀၂၇ စစ်ဆင်ရေးသည် နွေဦးတော်လှန်ရေး၏ အရှိန်အား မီးအားထိုးမြှင့်တင်ခဲ့သည်မှာ မှန်သော်လည်း စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်အတွင်းမှာပင် စစ်စခန်းများစွာကို လက်လွှတ်ခဲ့ရပြီးဖြစ်သည်။

အထက်ပါအချက်အလက်များသည် လွတ်လပ်၍ ယုံကြည်စိတ်ချရသည့် သတင်းဌာန အနည်းဆုံး နှစ်ခု၊ သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များ၏ တရားဝင်ထုတ်ပြန်ချက်များကို စိစစ်ကာ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးပြီးနောက် စိစစ်ထုတ်ပြန်ထားခြင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပို၍ များပြားနိုင်သည်။ ၂၀၂၂ခုနှစ် မေ ၁၉ရက်နေ့တွင် ကရင်တော်လှန်ရေးအင်အားစုများမှ သိမ်းဆည်းခဲ့သည့် မြဝတီမြို့နယ်ရှိ သေဘော့ဘိုးစခန်းသည် စခန်းသိမ်းပြီးနောက် ၅လအကြာတွင် ပြန်လည်ဆုတ်ခွာခဲ့ခြင်းကြောင့် ယခုအစီရင်ခံစာတွင် ထည့်သွင်းတွက်ချက်ထားခြင်း မရှိပေ။

****************************************

“နွေဦးတော်လှန်ရေးမှ ပေါက်ဖွားခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ”

နွေဦးတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် နှစ်နှစ်တာအချိန်ကာလအတွင်း စစ်ကောင်စီအား ကြီးမားစွာ ခြိမ်းခြောက်နိုင်သည့် တပ်ဖွဲ့များဖြစ်လာကြသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အများစုကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုများမှ လေ့ကျင့်ပေးကာ စစ်ရေးများ ပူးတွဲဖော်ဆောင်နေလျက်ရှိနေသည်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် နယ်မြေများရှိ ရှေ့တန်းစစ်မျက်နှာများတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပါဝင်နေလျက်ရှိနေသည်။ ထို့အပြင် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီ၏ စစ်စခန်းများကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်သည်အထိ အင်အားကောင်းမွန်လာနေခဲ့သည်။

အထက်ပါအချက်အလက်များသည် လွတ်လပ်၍ ယုံကြည်စိတ်ချရသည့် သတင်းဌာန အနည်းဆုံး နှစ်ခု၊ သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များ၏ တရားဝင်ထုတ်ပြန်ချက်များကို စိစစ်ကာ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးပြီးနောက် စိစစ်ထုတ်ပြန်ထားခြင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပို၍ များပြားနိုင်သည်။

****************************************

“ပြည်နယ်တစ်ခုလုံး သိမ်းနိုင်တော့မည် ကရင်နီ”

ကရင်နီတော်လှန်ရေးအင်အားစုများသည် နွေဦးတော်လှန်ရေးစတင်ခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့များအနက် တစ်ခု အပါအဝင်ဖြစ်သည်။ လက်ရှိအချိန်တွင် စစ်ကောင်စီသည် ကရင်နီပြည်နယ်၏ မြို့တော်ဖြစ်သည့် လွိုင်ကော်မြို့အား လက်လွှတ်ဆုံးရှုံးမှု မရှိစေရန် အစွမ်းကုန် ခုခံနေရလျက်ရှိနေသည်။ မကြာမီ ကရင်နီပြည်နယ်သည် စစ်အာဏာရှင်များလက်အောက်မှ လွတ်မြောက်လာမည့် ပြည်နယ်တစ်ခုအဖြစ် မှတ်ယူနိုင်သည်။

အထက်ပါအချက်အလက်များသည် လွတ်လပ်၍ ယုံကြည်စိတ်ချရသည့် သတင်းဌာန အနည်းဆုံး နှစ်ခု၊ သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များ၏ တရားဝင်ထုတ်ပြန်ချက်များကို စိစစ်ကာ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးပြီးနောက် စိစစ်ထုတ်ပြန်ထားခြင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပို၍ များပြားနိုင်သည်။

****************************************

“နယ်မြေကျယ်ပြန့်မှုများစွာနဲ့ ကရင်တော်လှန်ရေးအင်အားစုများ”

ကရင်တော်လှန်ရေးအင်အားစုဟုဆိုရလျှင် ကရင်အမျိုးသားအစည်းအရုံး KNUကိုသာ အရင်ဆုံး ဦးစွာမြင်တွေ့ကြမည်ဖြစ်သည်။ နွေဦးတော်လှန်ရေး စတင်ချိန်တွင် စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းမှ တိမ်းရှောင်ရန် စစ်ကောင်စီအား လက်နက်ကိုင်တိုက်ပွဲဝင်ရန် လူငယ်အများစု ခိုလှုံ့ခဲ့သည့် ဒေသသည် ကရင်ပြည်နယ်ပင် ဖြစ်သည်။ ကရင်တော်လှန်ရေးအင်အားစုများ၏ စိုးမိုးနယ်မြေများ ကျယ်ပြန့်လှသလို အဖွဲ့အစည်းများမှာလည်း များပြားလှသည်။ ကရင်တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားနယ်မြေသည် ကရင်ပြည်နယ်သာမက ပဲခူးတိုင်း၊မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ပါ ပါဝင်နေသည်။ တစ်ချိန်က မြန်မာစစ်တပ်အား အကျပ်ရိုက်စေသည့် ကရင်တော်လှန်ရေးအင်အားစုများ ညီနောင်မဟာမိတ်သုံးဖွဲ့ကဲ့သို့ မည်သည့်အချိန်တွင် အတူတကွ ပူးပေါင်းတိုက်ပွဲဝင်မည်ကို စစ်ကောင်စီကိုယ်တိုင်လည်း ကြောက်ရွံ့နေမည်ဖြစ်သည်။

အထက်ပါအချက်အလက်များသည် လွတ်လပ်၍ ယုံကြည်စိတ်ချရသည့် သတင်းဌာန အနည်းဆုံး နှစ်ခု၊ သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များ၏ တရားဝင်ထုတ်ပြန်ချက်များကို စိစစ်ကာ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးပြီးနောက် စိစစ်ထုတ်ပြန်ထားခြင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပို၍ များပြားနိုင်သည်။ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည့် စစ်စခန်းများနှင့် ပြန်လည်စွန့်လွှတ်ထားသည့် စစ်စခန်းများကိုမူ ထည့်သွင်း ရေတွက်ထားခြင်း မရှိပေ။

****************************************

“နမ့်ဆန်ကို တအာင်းပြည်သူတွေလက် ပြန်လည်အပ်နှံခဲ့တဲ့ TNLA”

၁၀၂၇စစ်ဆင်ရေးနှင့်အတူ မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်ဆင်နွှဲခဲ့သည့် တအာင်းတပ်တော် TNLAသည် ယခင် သမိုင်းအစဉ်အလာများအရ တအာင်းတိုင်းရင်းသားများ စိုးမိုးအုပ်ချုပ်ခဲ့သည့် မြို့ကြီးအများစုကို လပိုင်းအတွင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။ စစ်ကောင်စီ၏ တပ်ရင်းကြီးများပါ TNLA၏ လက်အောက်တွင် လက်နက်ချအလင်းဝင်ရသည်အထိ အောင်မြင်မှုများကို ရရှိခဲ့သည်။ တအာင်းစော်ဘွားအဆက်ဆက် အုပ်စိုးနေထိုင်ခဲ့သည့် နမ့်ဆန်မြို့ကိုပါ အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး တအာင်းပြည်သူများလက်ဝယ် ပြန်လည်အပ်နှံနိုင်ခဲ့သည်။

အထက်ပါအချက်အလက်များသည် လွတ်လပ်၍ ယုံကြည်စိတ်ချရသည့် သတင်းဌာန အနည်းဆုံး နှစ်ခု၊ သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များ၏ တရားဝင်ထုတ်ပြန်ချက်များကို စိစစ်ကာ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးပြီးနောက် စိစစ်ထုတ်ပြန်ထားခြင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပို၍ များပြားနိုင်သည်။

****************************************

“စစ်ကောင်စီ ခြေကုပ်ယူဖို့ ခက်လာတဲ့ ရခိုင်ပြည်”

ရက္ခိုင့်တပ်တော် (AA)သည် ရခိုင်ပြည်အတွင်းသာမက ၎င်းတို့ စစ်ရေးလှုပ်ရှားနေသည့် ချင်းပြည်နယ် အတွင်းတွင်လည်း စစ်ကောင်စီ၏ စခန်းများစွာကို သိမ်းပိုက်နိုင်ခဲ့သည်။ ၂၀၂၂ခုနှစ်အတွင်းတွင်လည်း တိုက်ပွဲအချို့ ဖော်ဆောင်ခဲ့ပြီး တပ်စခန်းအချို့အား သိမ်းပိုက်ထားနိုင်ခဲ့သည်။ မြေပုံကိုကြည့်ပါက စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း စစ်စခန်းကြီးများမှအပ နယ်မြေများစွာ လက်လွှတ်ဆုံးရှုံးရပြီးဖြစ်သည်။

အထက်ပါအချက်အလက်များသည် လွတ်လပ်၍ ယုံကြည်စိတ်ချရသည့် သတင်းဌာန အနည်းဆုံး နှစ်ခု၊ သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များ၏ တရားဝင်ထုတ်ပြန်ချက်များကို စိစစ်ကာ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးပြီးနောက် စိစစ်ထုတ်ပြန်ထားခြင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပို၍ များပြားနိုင်သည်။

***************************************

“လောက်ကိုင်မှာ လမ်းဆုံးနိုင်မလား”

ကျားဖြန့်အရေးမှ စတင်လာခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအား ပြောဆိုရမည်ဆိုလျှင် မပါမဖြစ်သည် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA ဖြစ်သည်။ စစ်ကောင်စီ၏ စစ်စခန်းများကို အများဆုံး သိမ်းပိုက်ထားနိုင်သည့် တော်လှန်ရေးအင်အားစုတစ်ခုဖြစ်သည်။

အထက်ပါအချက်အလက်များသည် လွတ်လပ်၍ ယုံကြည်စိတ်ချရသည့် သတင်းဌာန အနည်းဆုံး နှစ်ခု၊ သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များ၏ တရားဝင်ထုတ်ပြန်ချက်များကို စိစစ်ကာ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးပြီးနောက် စိစစ်ထုတ်ပြန်ထားခြင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပို၍ များပြားနိုင်သည်။

****************************************

“ထန်တလန်မှသည် အလုံးစုံ အောင်ပွဲသို့”

တော်လှန်ရေးအင်အားစုများအနက် ချင်းတိုင်းရင်းသား တော်လှန်ရေးအင်အားစုများအကြောင်းသည် မပါမဖြစ်ပင်။ တူမီးသေနတ်ဖြင့် နွေဦးတော်လှန်ရေးကို ပါဝင်လာမှုသည် မြန်မာတစ်နိုင်ငံလုံးအတွက် အားတက်ဖွယ် ဖြစ်ခဲ့သည်။ စစ်ကောင်စီသည် ချင်းတို့၏ ထန်တလန်ကို မီးတိုက်ဖျက်ဆီးခဲ့သည် သို့သော် အောက်ချင်းငှက်တို့၏ အားမာန် သစ္စာတရားတို့ဖြင့် ချင်းတော်လှန်ရေးအင်အားစုများသည် နွေဦးတော်လှန်ရေးတွင် ပါဝင်နေဆဲဖြစ်ကာ ချင်းတိုင်းရင်းသားတို့ လွတ်မြောက်ရေး စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေဆဲဖြစ်သည်။

အထက်ပါအချက်အလက်များသည် လွတ်လပ်၍ ယုံကြည်စိတ်ချရသည့် သတင်းဌာန အနည်းဆုံး နှစ်ခု၊ သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များ၏ တရားဝင်ထုတ်ပြန်ချက်များကို စိစစ်ကာ CJ Platform မှ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးပြီးနောက် စိစစ်ထုတ်ပြန်ထားခြင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပို၍ များပြားနိုင်သည်။

ယေဘူယျအားဖြင့်ကြည့်မည်ဆိုပါက နွေဦးတော်လှန်ရေး၏ ဦးဆောင်ကဏ္ဍတစ်နေရာတွင် ပါဝင်နေသော ကချင်နှင့် ကရင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည် ၎င်းတို့ စိုးမိုးနယ်မြေများတွင် တိုက်ပွဲဖော်ဆောင်မှု နည်းပါးနေသည်။ သို့သော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို နေရာမျိုးစုံမှ ပံ့ပိုးကူညီနေသည်ကို ၎င်းတို့ ကိုယ်တိုင်ပြောကြားထားပြီးဖြစ်သကဲ့သို့ သတင်းဌာနများ၏ ဖော်ပြချက်များတွင်လည်း တွေ့မြင်နိုင်မည်ဖြစ်သည်။

****************************************

“သုံးသပ်ချက်”

မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင်ကို ယာယီဖယ်ကာ မြေပုံအရဆိုလျှင် ကချင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ မြောက်ဖျားပိုင်းတွင် တည်ရှိသည်။ ကချင်ပြည်နယ်အား စစ်ကောင်စီမှ ယခင်အချိန်များစွာကတည်းက အလုံးစုံ စိုးမိုးနိုင်ခြင်း မရှိပေ။ ကချင်တော်လှန်ရေးအင်အားစုများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ပံ့ပိုးမှုလုပ်ဆောင်နေသည်ကို အညာဒေသစစ်မြေပြင်တွင် ထင်ထင်ရှားရှားပေါ်လွင်သည်။ ထို့နောက် စစ်ကိုင်းတိုင်းသည် ယခင်အချိန်များစွာ စစ်ကောင်စီ၏ ပိုင်စိုးနယ်မြေဖြစ်သော်လည်း လက်ရှိတွင် တော်လှန်ရေးအင်အားစုများ၏ အင်အားဖြင့် စင်ပြိုင်ဖြစ်နေရပြီး နယ်မြေဆက်လက်စိုးမိုးနိုင်ရေးအတွက် ပျူစောထီးဟူသည့် တပ်ဖွဲ့များဖွဲ့စည်းကာ အိမ်ကြက်ချင်း အိုးမည်းသုတ်၍ အသက်ဆက်နေရသည်။ မကွေးတိုင်းသည်လည်း အလားတူပင်ဖြစ်သည်။

ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံအတွင်း အကြီးမားအကျယ်ပြန့်ဆုံးသော ဒေသတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်အများဆုံးဒေသတစ်ခုအဖြစ် ရှိနေသည်။ ပအို့ဝ်အများသားအဖွဲ့ချုပ်(PNO)ကဲ့သို့ စစ်ကောင်စီနှင့် မိတ်မပျက်ဆက်ဆံနေသည့် အဖွဲ့များရှိသော်လည်း တိုင်းရင်းသားအားလုံးသည် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်အား တောင်းယူ၍ မရခဲ့သည်ကိုသိရှိပြီးနောက် PNO မှလွဲ၍ အခြားတိုင်းရင်းသားအစုအဖွဲ့များက တိုက်ယူရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

ကရင်နီပြည်နယ်သည် အစောဆုံး စစ်ကောင်စီအား တွန်းလှန်ခဲ့သည့် နယ်မြေများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ချင်းနှင့် ရခိုင်ပြည်နယ်များအတွက်မူ ထူးစွာရည်ညွှန်းရန်မလိုအပ်ဘဲ ၁၀၂၇ စစ်ဆင်ရေးက သက်သေထူထားပြီးဖြစ်သည်။ ကရင်ပြည်နယ်အတွက်လည်း ထူးထွေစွာထပ်မံရည်ညွှန်းရန် မလိုအပ်သော်လည်း အဖွဲ့များစွာ ကွဲပြားနေသည့် ကရင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ပတ်သက်မှုများစွာကို သိရှိကြပြီးဖြစ်သည်။

စစ်ကောင်စီသည် မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့ကိုသာ ခြေကုပ်ရယူထားနိုင်တော့သည်။ ယင်းတို့အနက်မှ မန္တလေး၊ ပဲခူးနှင့် ရန်ကုန်တို့သည် မြေအောက်တော်လှန်ရေးအင်အားစုများ၏ ခြိမ်းခြောက်မှုကို နေ့စဉ်ကြုံတွေ့နေရပြီး အလုံးစုံ စိုးမိုးထားနိုင်သည်ဟု မပြောနိုင်ပေ။ အဖက်ဖက်မှ ထိုးစစ်အား ရင်ဆိုင်နေရသည့် စစ်ကောင်စီအတွက် ပင်လယ်ထွက်ပေါက်အဖြစ် ဧရာဝတီနှင့် ရန်ကုန်တို့ကိုသာ အဓိကအားထားရာအဖြစ်သို့ ပြောင်းလဲလာနိုင်သည်။ လွတ်လပ်ရေးရပြီးစ ၁၉၄၉ ခုနှစ်ဝန်းကျင် ကာလများမှ အဖြစ်အပျက်များအထိ စစ်ကောင်စီမှ ကြိုတင်မျှော်လင့်ထားပြီးဖြစ်ပုံရသည်။ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းသည် ရန်ကုန်အစိုးရ၏ တစ်ချိန်က နောင်တော်များ ကြုံတွေ့ခဲ့ရသကဲ့သို့ ကြုံတွေ့နိုင်ရပြီး ယင်းအကြပ်အတည်းကြားမှ ရုန်းထွက်နိုင်စွမ်းလည်းရှိသည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားထားဖူးသည်။

ယနေ့အချိန်ထိ နေ့စဉ်တိုက်ပွဲများစွာ ဖြစ်ပေါ်နေသော်လည်း တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးနိုင်မှု နည်းပါးနေသေးသည့်ဒေသများသည် အချက်အလက်များအရ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဟု ဆိုရနိုင်ပေသည်။ ယင်းနယ်မြေများအား လေ့လာစိစစ်ရမည်မူ မွန်ပြည်နယ်တွင် တော်လှန်ရေးအင်အားစုအများ စုစည်းနိုင်မှု နည်းပါးနေသေးသော်လည်း မကြာမီ နှင်းကွဲကာ အလင်းရောက်မည်ဟု ကောက်ချက်ရယူနိုင်သည်။

မြန်မာနိုင်ငံမြေပုံ၏ အမြီးဟုဆိုနိုင်သည့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ လှုပ်ခတ်မှု ပြင်းထန်လာချိန်တွင်မူ စစ်ကောင်စီပြုတ်ကျရန်မှာ မြေကြီးလက်ခတ်လွဲနိုင်တော့မည်မဟုတ်ပေ။ ဗိုလ်ချုပ်ဇော်မင်းထွန်းသည် တစ်ချိန်က ရန်ကုန်အစိုးရကို ရည်ညွှန်းကာ ၎င်းတို့ ရပ်တည်နိုင်သမျှ အစွမ်းကုန် ရပ်တည်သွားမည်ဟု လေသံပစ်ထားခဲ့သည်။

တာကြီးတစ်ခုကျိုးပေါက်ရန်မှာ အမြှောက်ဖြင့် ပစ်ဖြိုရန်အထိ မလိုအပ်ပေ။ ကြွက်တွင်းပေါက်ငယ်တစ်ခုမှလည်း တာတစ်ခုလုံး ကျိုးပေါက်နိုင်ပေသည်။ သို့သော် လက်ရှိ စစ်ကောင်စီကြုံတွေ့နေရသည် အကြပ်အတည်းမတော့ ကြွက်တွင်းပေါက်ငယ်တစ်ခုမကပေ။ မြန်မာနိုင်ငံမြေပုံ၏ အထက်ပိုင်းတခွင်တွင် ကျည်ပေါက်ရာများ လက်ညှိုးထောက်မလွဲ ပြည့်ရုံမက လျှံ၍ပင်နေပြီဖြစ်သည်။ မြန်မာနိုင်ငံမြေပုံ၏ အမြီးပိုင်းငယ်သည်လည်း လှုပ်ခတ်ရန် အသင့်အနေအထားသို့ ဖော်ဆောင်လာနေပြီဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီသည် အမြီးခတ်သည်နှင့် အပြီးပြတ်ရတော့မည်ဟု ကောက်ချက်ချနိုင်ပေသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *