ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

နွေဦးတော်လှန်ရေး စတင်ပြီးနောက် မြန်မာပြည်အနှံ့ရှိ စစ်ကောင်စီ၏ စစ်အင်အားများ တစတစ ပြုန်းတီး ပျက်စီးလာရာမှ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်တပ်အင်အား ဆုံးရှုံးမှုကို သိသိသာသာ တွေ့ရ၏။ စစ်အင်အား အဆုံးရှုံးဆုံးမှာ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်နယ်မြေ (ရမခ) နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နယ်မြေတို့တွင် ဖြစ်သည်။

ရမခ နယ်မြေမှ တပ်ပြုန်းတီးမှုများ

ရမခ နယ်မြေတွင် အခြေခံအားဖြင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် (စကခ) များ၊ အခြေချစစ်ဗျူဟာ (စဗခ)၊ စစ်ဗျူဟာ (စဗဟ) လက်အောက်ခံ တိုင်းတပ်များ၊ အမြောက်တပ်၊ သံချပ်ကာတပ်နှင့် စစ်လက်ရုံးတပ်၊ စစ်ဝန်ထမ်းတပ်များ ဖြန့်ခွဲထား၏။

၁၀၂၇ စစ်‌ဆင်ရေး စတင်ပြီး သုံးလကျော်အကြာ၊ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ပြည့်ကာလတွင် ရမခ နယ်မြေအတွင်းရှိ အခြေချသည့် နောက်တန်း တပ်ရင်းတပ်ဖွဲ့များ ဆုံးရှုံးမှုကို အောက်ပါအတိုင်း တွေ့ရသည်။

၁၀၂၇ စစ်‌ဆင်ရေး စတင်ပြီး သုံးလကျော်အကြာ၊ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ပြည့်ကာလတွင် ရမခ နယ်မြေအတွင်းရှိ အခြေချသည့် နောက်တန်း တပ်ရင်းတပ်ဖွဲ့များ ဆုံးရှုံးသွားသည်။

က။ ကွပ်ကဲမှု ဌာနချုပ်များ

၁။ ဒကစ လောက်ကိုင်
၂။ စကခ ၁၆ သိန္နီ
၃။ စဗခ ကွန်လုံ
၄။ စဗဟ ကွတ်ခိုင်

ခ။ ခြေလျင်/ခြေမြန်တပ်ရင်းများ

-ရမခ တိုင်းတပ်များ

၁။ ခလရ ၁၂၅ ကုန်းကြမ်း
၂။ ခလရ ၁၂၈ ပါစင်ကျော်
၃။ ခလရ ၁၂၉ ရန်ခွမ့် ဝါ ညန်ခွမ့်
၄။ ခလရ ၂၃၉ လောက်ကိုင်
၅။ ခမရ ၃၂၂ လောက်ကိုင်
၆။ ခလရ ၁၂၇ ကွမ်းလုံ
၇။ ခမရ ၃၁၂ ကွမ်းလုံ
၈။ ခလရ ၁၄၃ ဟိုပန်
၉။ ခလရ ၁၄၅ ဟိုပန်
၁၀။ ခလရ ၄၅ ကွတ်ခိုင်
၁၁။ ခလရ ၂၉၀ တာမိုးညဲ
၁၂။ ခလရ ၁၂၃ နမ့်ဖတ်ကာ
၁၃။ ခမရ ၃၂၄ နမ္မတူ
၁၄။ ခလရ ၁၃၀ မန်တုံ
(စုစုပေါင်း ၁၄ ရင်း)

-စကခ ၁၆ မှ

၁။ ခမရ ၅၆၇ နန်ဆလပ်
၂။ ခမရ ၅၆၈ နန်ဆလပ်
၃။ ခလရ ၆၉ သိန္နီ
၄။ ခလရ ၂၄၀ သိန္နီ
၅။ ခမရ ၃၂၃ သိန္နီ
၆။ ခလရ ၂၄၁ ကွတ်ခိုင်
၇။ ခလရ ၂၄၂ ကွတ်ခိုင်
(စုစုပေါင်း ၇ ရင်း)

ဂ။ အမြောက်တပ်ရင်းများ

၁။ အမတ ၃၄၈ ကွမ်းလုံ
၂။ အမတ ၃၄၇ ကွတ်ခိုင်

ဃ။ စစ်လက်ရုံးတပ်များ

၁။ အမှတ် ၄ ဆက်သွယ်ရေးတပ်ရင်း လောက်ကိုင်
၂။ အမှတ် ၉၃၆ ထပရ နှင့် ပို့ဆောင်ရေးတပ်ရင်း တာ့ရွှေထန်
၃။ စနခ ၃၄၄ စစ်လက်နက်ပစ္စည်းတပ်ခွဲ လောက်ကိုင်
၄။ အမှတ် ၅၅၁ အလုပ်ရုံ တပ်ခွဲ (လျှပ်/စက်) လောက်ကိုင်
၅။ နမ့်ဆန်မှ စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ တခု

သို့ဖြစ်ရာ ရမခ နယ်မြေအတွင်းရှိ သိန္နီ၊ နန့်ဆလပ်၊ ကွန်လုံ၊ ပါစင်ကျော်၊ တာ့ရွှေထန်၊ ညန်ခွမ့်၊ လောက်ကိုင်၊ တာမိုးညဲ၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ မန်တုံ၊ နမ္မတူ၊ ဟိုပန်တို့တွင် အခြေပြုထားသည့် ဒကစ ဌာနချုပ်တခု၊ စကခ ဌာနချုပ်တခု၊ စဗခ တခု၊ စဗဟ တခု၊ ခြေလျင်နှင့် ခြေမြန်တပ်ရင်း ၂၁ ရင်း၊ အ‌မြောက်တပ် နှစ်ရင်း၊ စစ်လက်ရုံးတပ်ရင်း နှစ်ရင်းနှင့် တပ်ခွဲ သုံးခွဲ ပျက်သုဉ်းသွားသည်။

နောက်တန်းအခြေစိုက် တပ်ရင်းတပ်ဖွဲ့ဌာနချုပ်များပါ သိမ်းပိုက်ခံရပြီး တပ်ပျက်သွားသည်။ အဆိုပါတပ်များမှ ရမခ လက်အောက်ခံ လောက်ကိုင် ဒကစ မှ ခလရ ၁၂၅ နှင့် ခလရ ၁၂၉ သည် စောစီးစွာ တပ်ရင်းလိုက် လက်နက်ချသွားခဲ့၏။

လက်ကျန် လောက်ကိုင် ဒကစမှူးအပါအဝင် အရာရှိ ၈၀၊ အခြားအဆင့် ၇၅၀၊ စုစုပေါင်း ၈၃၀ သည်လည်း နောက်ဆုံး လောက်ကိုင် လက်နက်ချပွဲတွင် ပါဝင်ခဲ့ပြီး လားရှိုး၊ တန့်ယန်းတို့တွင် နေရာချထားသည်ဟု သိရ၏။ တပ်မဟာ ၁၆ ခေါ် စကခ ၁၆ စကခ မှူးအပါ အရာရှိ ၁၀၊ အခြားအဆင့် ၇၀ သည်လည်း လောက်ကိုင် လက်နက်ချပွဲတွင် ပါဝင်ခဲ့ပြီး လားရှိုး ပြန်ရောက်ခဲ့၏။ အလားတူ ဟိုပန်၊ ပန်လုံဒေသမှ စကခ ၁ မှူးနှင့် အင်အား ၇၀၀ ကျော်ခန့်လည်း လက်နက်ချပြီး လားရှိုးနှင့် နောက်တန်း ပြန်ခဲ့ရ၏။

ရမခ လက်အောက်ခံ လောက်ကိုင် ဒကစ မှ ခလရ ၁၂၅ နှင့် ခလရ ၁၂၉ သည် စောစီးစွာ တပ်ရင်းလိုက် လက်နက်ချသွားခဲ့၏။

ဆိုရလျှင် တပ်အင်အားအချို့ ကျန်သော်လည်း စကခ ၁ မှ အပ ကျန် ရမခ၊ ဒကစ နှင့် စကခ ၁၆ မှ ခြေလျင်/ ခြေမြန် တပ်ရင်းများသည် နောက်တန်းဌာနချုပ် မရှိသော၊ အိမ်ပြန်စရာ မရှိသော၊ အိမ်ထောင်သည် မိသားစုဝင်များထားရန် နေရာမရှိသော တပ်ပျက်များ ဖြစ်သွားပြီဖြစ်၏။

အထက်ပါ တပ်ပျက်များမှာ ရမခ နယ်မြေအတွင်းမှ အခြေစိုက်တပ်ရင်းများ၏ တပ်ပြိုကွဲမှုသာ ရှိသေး၏။ ရမခ နယ်မြေအတွင်း ရှေ့တန်းအဖြစ် လာရောက်လှုပ်ရှားသည့် တပ်များ၏ ဆုံးရှုံးမှုများစွာ ရှိသေး၏။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်၏။

၁။ ရတတမခ ၉၉

မိတ္ထီလာအခြေစိုက် တပ်မ ၉၉ နှင့်လက်အောက်ခံ တပ်ရင်းအားလုံးသည် ရမခ နယ်မြေ မုန်းကိုးဒေသတွင် အခြေပြု လှုပ်ရှား၏။ ၁၀၂၇ စစ်ဆင်ရေး မစမီ ကချင် KIA ၏ တိုက်ခိုက်မှုကြောင့် မုန်းပေါ်အနီး ယင်းလာ၊

နန့်ဂွတ်အနီးရှိ တပ်မ ၉၉ ထောက်ပို့စခန်း ကျခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း မုန်းကိုး၊ ဖောင်းဆိုင်၊ ကြူကုတ် – ပန်ဆိုင်း၊ မုန်းပေါ်ရှိ စခန်းအားလုံး ကျခဲ့၏။ မုန်းကိုး-ပန်လုံ တိုက်ပွဲတွင် တပ်မမှူးပါ သေဆုံးခဲ့၏။ လက်ရှိအချိန်တွင် တပ်မ ၉၉ လက်အောက်ခံ တပ်အတော်များများ ပျက်သွားပြီး တပ်မ ၉၉ တပ်မမှူး အသစ်နှင့် လက်ကျန်တပ်ရင်းအချို့၊ စကခ ၇၊ စကခ ၁၇၊ ရမခ တိုင်းတပ်အချို့ စုစုပေါင်း ၁၀ ရင်းခန့်သည် မူဆယ်တွင် ပိတ်မိနေသည်။ တရုတ်တို့၏ အသက်ဆက်ပေးမှုကြောင့် အသက်ရှင်လျက် ရှိနေသော်လည်း ပြေးပေါက်ပိတ်နေပြီ ဖြစ်၏။

၂။ ရတ တမခ ၁၀၁

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ နှင့် လက်အောက်ခံ ဗျူဟာ နှစ်ခုသည် နမ့်ဆန်၊ နောင်ချိုဒေသတွင် လှုပ်ရှားသည်။ ၁၀၂၇ စစ်ဆင်ရေး စသော အခါ နောက် ဗျူဟာတခုထပ်ပို့၍ တပ်မ ၁၀၁ တပ်မတခုလုံး ရမခ တွင် စစ်ဆင်ရေးဝင်ရသည်။ ၁၀၂၇ စစ်ဆင်ရေး အတွင်း နမ့်ဆန်၊ နောင်ချိုတိုက်ပွဲများတွင် တပ်မ ၁၀၁ အထိနာခဲ့ပြီး နန့်ဆန်အားလက်လွှတ်ခဲ့ရကာ တပ်မမှူးပါ သုံ့ပမ်းအဖြစ် အဖမ်းခံခဲ့ရ၏။ ကျန်တပ်အင်အားများ ချေမှုန်းခံရ၏။ ယခုအခါ တပ်မ ၁၀၁ လက်ကျန်တပ်များသည် နောင်ချို၊ ပြင်ဦးလွင်တဝိုက်တွင် ခံစစ်ယူနေသည်ဟု သိရ၏။

၃။ ရတ စကခ ၁၂

ကော့ကရိတ်တွင် နောက်တန်းဌာနချုပ်ထားရှိသည့် စကခ ၁၂ မှူးနှင့် အနည်းဆုံးတပ်ရင်း ၅ ရင်းခန့်သည် ရမခ နယ်မြေ လောက်ကိုင်ဒေသတွင် အထိနာခဲ့၏။ စကခ ၁၂ မှူးနှင့် အရာရှိ ၁၅၊ အခြားအဆင့် ၉၀၊ စုစု ပေါင်း ၁၀၅ ဦးသာ လောက်ကိုင်လက်နက်ချပွဲတွင် ပါဝင်ခဲ့သည်ကို တွေ့ရ၏။

၄။ ရတ တမခ ၅၅

ကလောတွင် နောက်တန်းဌာနချုပ်ရှိသော တပ်မ ၅၅ သည် ၁၀၂၇ စစ်ဆင်ရေးတွင် လောက်ကိုင်တွင် ထပ်မံ အင်အားဖြည့်တင်းခံရသည့် တပ်မ ဖြစ်သည်။ ကောင်းစွာ ခုခံတိုက်ခိုက်နိုင်ခြင်း မရှိဘဲ တပ်မမှူးနှင့် အရာရှိ ၉၈၊ အခြားအဆင့် ၇၅၂၊ စုစုပေါင်း ၈၅၀ သည် လောက်ကိုင် လက်နက်ချပွဲတွင် ပါဝင်ခဲ့၏။

ကလောတွင် နောက်တန်းဌာနချုပ်ရှိသော တပ်မ ၅၅ သည် ၁၀၂၇ စစ်ဆင်ရေးတွင် လောက်ကိုင်တွင် ထပ်မံ အင်အားဖြည့်တင်းခံရသည့် တပ်မ ဖြစ်သည်။ ကောင်းစွာ ခုခံတိုက်ခိုက်နိုင်ခြင်း မရှိဘဲ တပ်မမှူးနှင့် အရာရှိ ၉၈၊ အခြားအဆင့် ၇၅၂၊ စုစုပေါင်း ၈၅၀ သည် လောက်ကိုင် လက်နက်ချပွဲတွင် ပါဝင်ခဲ့၏။

၅။ ရတ စကခ ၁၄

မိုင်းဆတ်တွင် အခြေပြုသည့် စကခ ၁၄ မှူးနှင့် အင်အားအချို့သည်လည်း ၁၀၂၇ စစ်ဆင်ရေးတွင် လောက်ကိုင်သို့ စေလွှတ်ခံရပြီး အထိနာခဲ့သည်။ စကခ မှူးနှင့် အရာရှိ ၂၅ ဦး၊ အခြားအဆင့် ၂၃၃ဦး၊ စုစုပေါင်း ၂၅၈ ဦးသည် လောက်ကိုင် လက်နက်ချပွဲတွင် ပါဝင်ခဲ့၏။

၆။ ရတ စကခ ၇

ဖယ်ခုံ အခြေစိုက် စကခ ၇ မှ စကခမှူးနှင့် ဗျူဟာတခုသည် ရမခ နယ်မြေ နမ့်ခမ်းတွင် အခြေပြုပြီး ဗျူဟာတခုသည် မမခ နယ်မြေ ကချင်ပြည်နယ်၊ မန်ဝိန်းကြီးတွင် အခြေပြုသည်။ နမ့်ခမ်းတိုက်ပွဲတွင် စကခ ၇ အထိနာခဲ့ပြီး လက်ကျန်အင်အားများသည် မူဆယ်သို့ ဆုတ်ခွာသွားပြီး မူဆယ်တွင် ပိတ်မိနေ၏။

မန်ဝိန်းကြီး၊ ကိုက်ထိပ်၊ မံစီမြို့နယ်ရှိ ပလောင်ဒိန်ဆာတွင် အခြေပြုနေသည့် စကခ ၇ မှ တပ်ရင်း သုံးရင်းလည်း KIA ၏ တိုက်ခိုက်မှုကြောင့် စခန်းများအား လက်လွှတ်ရပြီး သေဆုံးများရှိသကဲ့သို့ ရာနှင့်ချီ၍ အဖမ်းခံရသည်။ အင်အား ၅၀ ခန့်မှာ တရုတ်ပြည်တွင်းသို့ ထွက်ပြေးသွားခဲ့ပြီး မူဆယ်သို့ ပြန်ပို့ခံရသည်။

၇။ ရတ စကခ ၁၇

ရှမ်းတောင် မိုင်းပန်တွင် အခြေပြုသည့် စကခ ၁၇ သည်လည်း ရမခ နယ်မြေ နန့်ဖတ်ကာ၊ တာမိုးညဲ၊ နန့်ဆလပ်တို့တွင် အနည်းဆုံးဗျူဟာ နှစ်ခု ဖြန့်ခွဲလှုပ်ရှားပြီး အထိနာခဲ့သည်။ စခန်းများ လက်လွှတ်ဆုံးရှုံးပြီး လက်ကျန်တပ်များသည် မူဆယ်တွင် သွားပေါင်းနေသည်။

၈။ တပ်မ ၃၃

၁၀၂၇ စစ်ဆင်ရေး စစချင်း စစ်ကူပို့သည်မှာ တပ်မ ၃၃ မှ တပ်ရင်း နှစ်ရင်းကို ထုတ်နုတ် ပေးပို့ခဲ့ခြင်းဖြစ်သည်။ ပထမ တရင်းမှာ ချင်းရွှေဟော်တိုက်ပွဲ စစချင်း ချင်းရွှေဟော်သို့ စစ်ကူရောက်လာပြီး တရင်းလုံး ချေမှုန်းခံရပြီး နှစ်ယောက်သာ အရှင်ဖမ်းမိသည်ကို တွေ့ရ၏။ နောက်တရင်းမှာလည်း ချင်းရွှေဟော် မြောက်ဘက် တိုက်ပွဲတခုတွင် အထိနာ တပ်ပျက်သွားသည်ဟု သိရ၏။

လက်ယာဗျူဟာ

နပခ နယ်မြေတွင် အခြေစိုက်သည့် တိုင်းတပ်၊ စကခ ၉ လက်အောက်ခံတပ်နှင့် အမြောက်တပ် စုစုပေါင်း ၁၂ ရင်းနှင့် စကခ ၉ ဌာနချုပ်အားလုံးကို သိမ်းပိုက်နိုင်ခဲ့၏။ အဆိုပါတပ်များ အကျအဆုံး များခဲ့သကဲ့သို့ ထောင်နှင့်ချီ၍ လက်နက်ချခဲ့ပြီး လုံးဝ တပ်ပျက်သွားသည်ကို တွေ့ရ၏။ နယ်ခြားစောင့်တပ် ဗျူဟာ နှစ်ခုလုံး ချေမှုန်းခံရပြီး အင်အား ၃၂၇ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေး ဝင်ရောက်သွားသည်ကို တွေ့ရ၏။

နပခ နယ်မြေတွင် အခြေစိုက်သည့် တိုင်းတပ်၊ စကခ ၉ လက်အောက်ခံတပ်နှင့် အမြောက်တပ် စုစုပေါင်း ၁၂ ရင်းနှင့် စကခ ၉ ဌာနချုပ်အားလုံးကို သိမ်းပိုက်နိုင်ခဲ့၏။ အဆိုပါတပ်များ အကျအဆုံး များခဲ့သကဲ့သို့ ထောင်နှင့်ချီ၍ လက်နက်ချခဲ့ပြီး လုံးဝ တပ်ပျက်သွားသည်

ခ။ ရတ စကခ ၁၉

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စကခ ၁၉ သည် နပခ နယ်မြေ ပလက်ဝဒေသတွင် စစ်ဆင်ရေး တာဝန်ယူရ၏။ နှစ်လကြာ ပလက်ဝ တိုက်ပွဲအတွင်း စကခ ၁၉ မှူးအား ဖမ်းဆီးရမိခဲ့ပြီး တပ်စခန်းအားလုံးနှင့် ပလက်ဝမြို့အား သိမ်းပိုက်နိုင်ခဲ့သည်။

ဂ။ ရတ တမခ ၁၁

အင်းတိုင်တွင် အခြေပြုသည့် တပ်မ ၁၁ သည်လည်း နပခ နယ်မြေ ပလက်ဝတွင် တာဝန်ယူပြီး စခန်းအားလုံး ချေမှုန်းခံခဲ့၏။

ပလက်ဝဒေသရှိ တပ်မ ၁၁၊ စကခ ၁၉ နှင့် နပခ တိုင်းတပ်တို့မှ အင်အား ၅၀၀ ခန့် ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချခဲ့ပြီး အိန္ဒိယသို့ ၄၀၀ ကျော်ခန့်ထွက်ပြေးခဲ့၏။ ထို့ပြင် ဆမီးဗျူဟာမှလည်း မင်းတပ်ဘက်သို့ အင်အားအချို့ထွက်ပြေးခဲ့ပြီး ကျန်အင်အားများ ချေမှုန်းခံခဲ့ရ၏။

ဃ။ ရတ တမခ ၂၂

ဘားအံအခြေစိုက် တပ်မ ၂၂ သည်လည်း နပခ နယ်မြေတွင် စစ် ဆင်ရေး တာဝန်ယူရသည်။ ရသေ့တောင်မြောက်ဘက် ရေစိုးချောင်းတွင် စခန်းထိုင်သော တပ်မ ၂၂ မှ ဗျူဟာတခု ပြန်အဆုတ်တွင် ချေမှုန်းခံရပြီး ဗျူဟာမှူးနှင့် ၁၂၀ ခန့် လက်နက်ချသည်။ ထို့ပြင် မင်းပြားတွင် စစ်ကူလာသော တပ်မ ၂၂ တပ်ရင်းတရင်း ချေမှုန်းခံရသည်ကို တွေ့ရသကဲ့သို့ မြောက်ဦး ခမရ ၅၄၀ ကို သိမ်းပိုက်ရာတွင် တပ်မ ၂၂ သေနတ်များကိုတွေ့ရသည်။

သို့ဖြစ်ရာ တပ်မ ၂၂ အား နပခ စစ်မျက်နှာအနှံ့တွင် ဖြန့်ခွဲ၍ အင်အားဖြည့်တင်းသည်ကို တွေ့ရပြီး ဖြည့်တင်းသည့်နေရာတိုင်းတွင် ချေမှုန်းခံနေရသည်။

ရခိုင်စစ်မျက်နှာတွင် ကျောက်တော် အခြေစိုက် စကခ ၉ နှင့် အခြေစိုက်တပ်ရင်း ၁၁ ရင်း၊ အမြောက်တပ် တရင်းအား လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်သား ထောင်နှင့်ချီသေဆုံး၍ နှစ်ထောင်ကျော်ခန့် လက်နက်ချခဲ့၏။ သံချပ်ကာကားများ၊ ဟောင်ဝစ်ဇာ အမြောက်များနှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းနိုင်ခဲ့၏။

ထို့ပြင် တပ်မ ၁၁၊ တပ်မ ၂၂ နှင့် စကခ ၁၉ မှ တပ်ရင်းအများစုကိုလည်း ချေမှုန်းခဲ့၏။ အဆိုပါ တပ်ရင်းများ သိမ်းပိုက်နိုင်သည်နှင့်အညီ ပလက်ဝ၊ ဆမီး၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ တောင်ပြိုလက်ဝဲမြို့များကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်နိုင်ခဲ့သည်။

တပ်မ ၁၁၊ တပ်မ ၂၂ နှင့် စကခ ၁၉ မှ တပ်ရင်းအများစုကိုလည်း ချေမှုန်းခဲ့၏။ အဆိုပါ တပ်ရင်းများ သိမ်းပိုက်နိုင်သည်နှင့်အညီ ပလက်ဝ၊ ဆမီး၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ တောင်ပြိုလက်ဝဲမြို့များကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ပြင် တောင်ပိုင်းတိုင်းနယ်မြေရှိ မုန်းအခြေစိုက် ခမရ ၅၉၀၊ ၅၉၉ တပ်ရင်းဌာနချုပ်များအား KNU နှင့် PDF များက တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း ပြန်လည် ဆုတ်ခွာပေးခဲ့သည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဇရပ်ကြီး အခြေစိုက် ခလရ ၇၃ အား KNU နှင့် မဟာမိတ်တပ်များ ဝင်ရောက်တိုက်ခိုက်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က ဆီဆိုင်အခြေစိုက် ခမရ ၄၂၄ အား ပအိုဝ်း PNLO နှင့် မဟာမိတ်များ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ထားဆဲဟု သိရ၏။ စကခ ၇ လက်အောက် ခံ ခမရ ၄၂၄ သည် ရှေ့တန်းဖြစ်သည့် ကချင်ပြည်နယ်၊ မန်ဝိန်းကြီးတွင် သေကြေ၊ ဖမ်းခံရသည့်အပြင် အချို့ တရုတ်ပြည်ထွက်ပြေးပြီး တပ်ပျက်နေသကဲ့သို့ နောက်တန်းဌာနချုပ်ပါ အသိမ်းခံရသည့် အခြေသို့ ဆိုက်နေသည်။

တပ်ပြုန်းညီနောင်

သို့ဖြစ်ရာ ရှမ်းမြောက်နှင့် ရခိုင်တွင် အခြေစိုက်သည့် ဒကစ ဌာနချုပ်တခု၊ စကခ ၁၆ နှင့် စကခ ၉ ဌာနချုပ် နှစ်ခု၊ ခြေလျင်/ခြေမြန် တပ်ရင်းဌာန ချုပ် ၃၂ ခု၊ အမြောက် တပ် သုံးရင်း၊ စစ်လက်ရုံးတပ်ရင်း နှစ်ရင်း၊ တပ်ခွဲ သုံးခွဲသည် နောက်တန်းဌာနချုပ်များပါ လုံးဝ ချေမှုန်းခံလိုက်ရပြီ ဖြစ်၏။ ထို့ပြင် ရခိုင်နှင့် ရှမ်းမြောက်သို့ စစ်ဆင်ရေးဝင်သည့် တပ်များဖြစ်သော တပ်မ ၁၁၊ တပ်မ ၂၂၊ တပ်မ ၅၅၊ တပ်မ ၉၉၊ တပ်မ ၁၀၁၊ စကခ ၁၊ စကခ ၇၊ စကခ ၁၂၊ စကခ ၁၄၊ စကခ ၁၇၊ စကခ ၁၉ တို့သည်လည်း အထိနာနေကြပြီး တပ်အင်အားများစွာ ယုတ်လျော့ကျနေသည့်အပြင် မူဆယ်တွင်လည်း တပ်ရင်း ၁၀ ရင်းကျော် ပိတ်မိနေသည်။

စစ်ကောင်စီတပ် ဆက်လက်၍ ပြိုကွဲမည်ကို တားဆီး၍ရမည် မဟုတ်ပေ။ ထို့ကြောင့်လည်း မြန်မာစစ်တပ်၏ တပ်ချုပ်နှင့် ဒုချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြခြင်း ဖြစ်ပုံရ၏။

ကချင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ မန္တလေး၊ ရှမ်းတောင်၊ ကရင်နီ၊ ကရင်၊ တနင်္သာရီ၊ ပဲခူး စစ်မျက်နှာများတွင် တပ်ရင်းဌာနချုပ်နှင့် မြို့များကို များစွာ မသိမ်းနိုင်သေးသော်လည်း စစ်ကောင်စီတပ်များ နေ့စဉ် ထိခိုက်ကျဆုံးပြီး တပ်အင်အား ပြုန်းတီးနေသည်ကို တွေ့ရ၏။ စစ်ကောင်စီတပ် ဆက်လက်၍ ပြိုကွဲမည်ကို တားဆီး၍ရမည် မဟုတ်ပေ။

ထို့ကြောင့်လည်း မြန်မာစစ်တပ်၏ တပ်ချုပ်နှင့် ဒုချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြခြင်း ဖြစ်ပုံရ၏။

(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *