လေတပ်စခန်း သီးသန့်တိုက်ခိုက်ခြင်း (ရုပ်သံ)

တော်လှန်ရေး အင်အားစုတွေကို အန္တရာယ်အပေးဆုံး ဖြစ်နေတဲ့ လေတပ်ကို သီးသန့်ပစ်မှတ်ထား တိုက်ခိုက်ဖို့ လိုလာပါပြီ။ ရန်သူ့လေတပ်စခန်းတွေ၊ လေယာဥ်မောင်းသမားတွေ၊ လေယာဥ်ထိန်းသိမ်းရေးသမားတွေ၊ လေယာဥ်ဆီ သယ်ပို့မှုတွေ၊ လေတပ်ကို ဆက်သွယ်ထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကို ပုံမှန် ပစ်ခတ် တိုက်ခိုက်ဖို့လိုပါတယ်။

အာဖဂန်စစ်ပွဲမှာ ကမ္ဘာ့အင်အား အကြီးဆုံးလေတပ် ပိုင်ဆိုင်ထားတဲ့ အမေရိကန် လေတပ် အခြေစိုက်စခန်း တွေကို မော်တာတွေ၊ ဒုံးကျည်တွေ နဲ့ ပုံမှန် ပစ်ခတ်တိုက်ခိုက်ပြီး ရန်သူ့လေတပ် နဲ့ လေယာဉ်အမှုထမ်းတွေ၊ မြေပြင် ပြုပြင်ထိန်းသိမ်းရေးသမားတွေကို ခြိမ်းခြောက် ခဲ့ကြပါတယ်။

အကြမ်းဖက် စစ်တပ်မှာ မှော်ဘီလေတပ်၊ ကျောက်ထုလေတပ်၊ လားရှိုးလေတပ်၊ မကွေးလေတပ်၊ မင်္ဂလာဒုံလေတပ်၊ မုံရွာ လေတပ်၊ မြိတ် လေတပ်၊ မြစ်ကြီးနား နမ့်ပေါင် လေတပ်၊ နမ့်စန် လေတပ်၊ နေပြည်တော် လေတပ်၊ ပုသိမ်လေတပ်၊ ရှမ်းတဲ လေတပ် စသဖြင့် လေတပ် စခန်း စုစုပေါင်း (၁၂) ခု ရှိပါတယ်။

အဲဒီစခန်းတွေ အားလုံးကို မြေပြင်ကနေ ဝန်းရံပြီး မော်တာတွေ၊ ဒုံးကျည်တွေ၊ ဒရုန်းတွေ နဲ့ ပုံမှန် ပစ်ခတ်နိုင်မယ် ဆိုရင် ရန်သူ့လေကြောင်း စွမ်းအားကို မြေပြင်မှာပဲ ချေမှုန်း၊ နှောင့်ယှက်နိုင်ပြီး ဖြစ်ပါလိမ့်မယ်။ မှော်ဘီ၊ ပုသိမ် နဲ့ ရှမ်းတဲ လေတပ် (၃) ခု မှ လွဲပြီး ကျန် လေတပ်စခန်းတွေ အနီးမှာ တော်လှန်ရေး အင်အားစု အသီးသီး လှုပ်ရှားလျက်ရှိတာမို့ အဲဒီလေကြောင်းပစ်မှတ်တွေကို ပုံမှန်ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။

တော်လှန်ရေး အင်အားစုတွေထဲမှာ လေကြောင်းပစ်မှတ်တွေကို သီးသန့် ပုံမှန်တိုက်ခိုက်လျက်ရှိတဲ့ အဖွဲ့ဆိုလို့ Brave Warriors for Myanmar-BWM အဖွဲ့ ကိုသာ တွေ့ရှိထားပြီး မကွေးလေတပ်၊ မှော်ဘီ လေတပ်၊ မင်္ဂလာဒုံလေတပ်၊ နေပြည်တော် အေလာ လေတပ်၊ တံတားဦး လေတပ်တို့ကို တိုက်ခိုက်ထားပါတယ်။

အကယ်၍ BWM လိုမျိုး လေကြောင်း ပစ်မှတ်တွေကို သီးသန့်တိုက်ခိုက်ခဲ့ အဖွဲ့တွေ အများအပြား ပေါ်လာမယ်ဆိုရင် လေတပ်ကို မြေပြင်မှာပါ နှောင့်ယှက်ချေမှုန်းနိုင်မှာ ဖြစ်ပါတယ်။

PDF Insight


Comments

Leave a Reply

Your email address will not be published. Required fields are marked *