ရှမ်းမြောက်ကပြောသော အမှန်တရားများ

ရှမ်းမြောက်မှာ စကစတပ်တွေ ဖျက်သိမ်းလိုက်တဲ့ကိစ္စ လွန်ခဲ့တဲ့ရက်က ကျနော်သတင်းပါးခဲ့ပါသေးတယ်။ယမန်နေ့က သဘောတူညီချက်အရ စကစဟာ စစ်ရှုံးသူပီပီ စစ်နိုင်သူတွေရဲ့ အလိုကျ သဘောတူပေးလိုက်ရတာကို တွေ့ရတယ်။နောက်ဆက်တွဲအဖြစ် ပျောက်ဆုံးစာရင်းသွားထားတဲ့ စစ်သုံ့ ပန်းတွေကို ပြန်တောင်းပါလိမ့်မယ်။စကစဟာ ဒီအရှုံးကို လိုချင်ပြီး လက်ခံတာမဟုတ်ကြောင်း သေဒဏ်ကျ စစ်ဗိုလ်ချုပ်များကို ကြည့်ရင်သိသာပါတယ်။”တကယ်တိုက်နိုင်ရင် တကယ်ရတယ်”ဆိုတာကို သက်သေပြလိုက်တာပါ ။

စစ်လော်ဘီတွေ တစ်ချိန်လုံး တောက်လျောက်ပြောနေသလို “မြန်မာနိုင်ငံ မြေပုံပျက်အောင် တိုက်နေခြင်း” မဟုတ်ဘဲ “အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတွေကို နိုင်ငံ့မြေပုံပေါ်ကနေ ဖယ်ထုတ်ပစ်နေခြင်း” ဖြစ်ပါတယ်။ပြည်သူတွေ စိတ် ဓာတ်ကျနေစရာ အကြောင်းလုံးဝ မရှိပါဘူး။မျှော်လင့်ချက်တွေ အများကြီး ထားခဲ့မိရင်တော့ နည်းနည်းစိတ်ပျက်ရမှာပေါ့။”မန်းလေးကို သိမ်းမယ် ပြင်ဦးလွင်ကို ရောက်တော့မယ် “ဆိုတဲ့ အသံတွေကြောင့်ပါ။

“ကျနော့တောင် သံဘိုကိစ္စနဲ့ရန်လို ခံလိုက်ရပါသေးတယ်။ရှမ်းမြောက်တစ်ခုတည်း အပစ်လုံး၀ရပ်သွားတာပါ။ပထမက ယာယီ။အခုကတော့ အကြာကြီးဘဲ။တစ်ချိန်ချိန် ပြန်ချကြအုံးမှာပါ။အခုကလည်း ရှမ်းမြောက် တစ်ခုတည်းသာ စကစနဲ့ အပစ်ရပ်လိုက်ခြင်းပါတယ်။ရခိုင် ၊ရှမ်းတောင်နဲ့ ကျန်တဲ့နေရာတွေ လုံး၀ အပစ်မရပ်ပါ။ရှမ်းမြောက်ရဲ့ စကစအရှုံးကို အားလုံး ကျေနပ်နေကြမှာပါ။ကျန်ဒေသများလည်း ထိုနည်းနှင်နှင် “မနှေးအမြန်” ဖြစ်လာပါလိမ့်မယ်။

စကစကို ချောင်ပိတ်ရိုက်နေကြခြင်းဖြစ်ပါတယ်။စကစ အ တွက် အရေးသာသလို ဖြစ်နေတာ တစ်ခုတာက ရှုံးပြီးသားနယ်‌မြေတွေကို ထည့်စဉ်းစားစရာမလိုဘဲ ကျန်နေရာတွေကို ထပ်ပြီး လက်မလွှတ်ရဖို့ ကြိုးစားနိုင်ဖို့ အခွင့်အရေးနည်းနည်းရှိလာတာပါပဲ။ကြားထဲကနေပြီး အေးဆေး အိတ်ထဲ ခပ်တည်တည် နဲ့ ကောက်ထည့်လိုက်တာက UWSA ဘဲနော်။

လေကြောင်းတိုက်ခိုက်မှုကို အများဆုံး ခံနေရတဲ့ ရခိုင်မြောက်ပိုင်းကို No Fly Zone ဖြစ်ဖို့ ဘကုန်းတို့ ကြိုးစားနေပါတယ်။ဟုတ်တယ်လေ … “ပိုင်းလော့များက မှားပစ်နေလိုက် ရှိတဲ့ဒန်အိုးဖုံး သွားပြီးမှန်နေလိုက်”ဆိုတော့ မုတ်ဆိတ်တွေ မတင်းဘဲ ခံနိုင်ရိုးလားလေ။ AA တို့လည်းရှမ်းမြောက်ကို အားကျနိုင်ပေမယ့် အမ်း၊ စစ်တွေ၊ ကျောက်ဖြူလောက်မရဘဲ အပစ်ရပ်စကားဆိုခဲ့ပါရင် ရခိုင်လူထု လုံး၀အကြည်ညို ပျက်ပါလိမ့်မယ်။အဲဒီတော့ ဒကစလား ? အမ်း နပတ လား ?ရရှိရေးကို အရင်ဆုံး ဇောင်းပေးမှာအမှန်ပါ။

အမ်းကိုတိုက်မယ့် အစီအစဥ်မှာ မင်းဘူး ၊မကွေး၊ မြေလတ်သားတွေရဲ့ အင်အားဖြည့် စစ်ကြောင်းကို စကစ မတားဆီးနိုင်လိုက်ပါဘူး။နှစ်ဖက်ညှပ်တိုက်ခံရမယ့် အမ်းက ပိုနီးစပ်လောက်ပါတယ်။စကစရဲ့ ရှမ်းမြောက် တစ်ကြောလို ရခိုင်ကတပ်တွေ ဘယ်အချိန် ဖျက်သိမ်းမလဲ ကြည့်ရပါ့မယ်။ဟို‌တလောက G1တွေ အပြောင်းအရွှေ့ အရတော့ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ပလက်၀ တပ်တွေ မပါလာတာ သတိ ထားမိတယ်။ထားပါ။သူတို့ရဲ့ အမိန့်ဆိုတာ စာရွက်တစ်ရွက် Print Out ရတာ.. ဘာခက်တာမှတ်လို့။

ဖထီးတို့လည်း အားကျနေလောက်မယ်။ဝါရင့်တော်လှန်ရေး သမားတွေဆိုတော့ “ခေါင်းအေးအေးနဲ့ Plan ဆွဲထားတယ်” လို့ ယူဆပါတယ်။စကစဟာ ရှမ်းမြောက်က အေးနေတော့ ရခိုင်ကို ရသမျှ တပ်ကူပို့ချင်မယ်။ကရင်ဘက် BGFကလည်း လှေနံနှစ်ဘက် နင်းနေအုံးမှာဆိုတော့ နယ်မြေလည်း မကြေအောင် ဒီလိုလုပ်မယ် ထင်တယ်။နေပူတော်ကို တက်ကြိတ်မယ့် ပလန်ကတော့ အကောင်အထည်ဖော်နေပြီ။

ပဲခူး အရှေခြမ်းရော အနောက်ခြမ်းပါ ဖထီးတို့ အသင့်အနေ အထားဖြစ်နေပြီ။ရန်ကုန် ၊မန္တလေး လမ်းဟောင်းကိုလည်း ထိန်းချုပ်ထား‌ ပြီးလောက်ပြီ။ဒါပေမယ့် စစ်တိုက်တယ်ဆိုတာ L of C အရေးကြီးတယ်။ခဲယမ်း၊ ရိက္ခာ ဘယ်လိုဖြည့် တင်းမလဲ။အုပ်ချုပ်ထောက်ပံ့မှု လုပ်နေတုန်း စကစရဲ့ နယ် မြေခံတပ်တွေက ဖြတ်တောက်မှာပေါ့။အဲလို မဖြစ်အောင် BGF ကြားခံနဲ့ ညှိပြီးဖြစ်လောက်မယ်။

နယ်မြေခံတပ်တွေနဲ့ စခန်းတွေကို “ပတောက်.ပတောက် ” ပစ်မယ်။နယ်ခံတပ်တွေကလည်း “အဘရေ ဝိုင်းထားပါပြီ” ဆိုပြီး မြေပုံညွှန်းတလွဲတွေပေးမယ်။အဘသားများက ညှိလို့အကောင်းဆုံးလေ။ဒီလိုဆိုရင် ရခိုင်တို့ ရှမ်းတောင်တို့လည်း မသွားရတော့ဘူး။ဒါက ကျနော့ စိတ်ကူးသက်သက်ပါ။စကစ ကတော့ ပဲခူး၊ ထန်းတစ်ပင်ဘက်ခြမ်းကို လေ ကြောင်း အကဲကြည့်တာတွေ ခပ်စိပ်စိပ်လုပ်နေတယ်။အဓိက “မြို့စိုးတံတားကို ချောင်းနေတယ်”လို့ဘဲ ထင်မိပါတယ်။

သေချာပြောရဲပါတယ်။ရှမ်းမြောက် ယာယီအပစ်ရပ်နဲ့ အတူ ရခိုင်စစ်ပွဲနဲ့ တိုက်ကွက်ဖော်လာတယ်။အခုတစ်ခါ အပစ်ရပ်ပြီး သဘောတူညီချက်ထွက်သွားပြီ။ရှမ်းတောင်မှာ ပွဲအကြီးကြီးတွေ ကပါလိမ့်မယ်။ကလော၊ ပင်လောင်းမှာ စကစတပ်တွေ ရသလောက် အင်အားဖြည့်နေတယ်။လဲချားနဲ့ တီကျစ်ဘက်လည်း မရိုးနိုင်သော နည်းနည်းနဲ့ ကျဲကျဲဝိုင်းဗျူဟာ။ဘန်းယဉ်နဲ့ ဟိုခို မှာလည်း လမ်းကင်းချထားတယ်။မိုင်းစစ်က တပ်ကို နမ်းမယ်ဟစ်ကို ရွှေ့လိုက်တယ်။ရှမ်းတောင်က မြို့တစ်မြို့ကို တောင် လက်လွှတ်မခံလိုဘူးဆိုတာ သိသာနေတယ်။ ဒါက အဘတွေရဲ့ စီမံချက်..အဘသားတွေက အရမ်း အညှာလွယ်ပါဘိသနဲ့ ။

ကချင်မှာတော့ တာမခန်ကို လက်လွှတ်ထားရတဲ့ စကစ ဟာ ရွာကို မီးရှို့တာ မနေ့က တစ်နေ့လုံး မငြိမ်းပါဘူး ။ ဒေသခံတွေကတော့ တာမခန်ကို ကီယာတို့ အပြီးသတ် မရသေးဘူးလို့ ပြောပါတယ်။တပ်မ ၃၃ လက်အောာက်ခံ မ ၁၂ (ရွှေဘို ကျောက်မြောင်း) နဲ့ ရှမ်းနီပျူသူ့စစ် တပ်ကူ ထပ်ရောက်လာပါတယ်။မံစီ တမော်ဘက်က မဂျီကုန် ဗျူဟာကုန်းကိုတော့ ကီယာတို့ အပြီးအပိုင် သိမ်းပိုက်လိုက်ပါပြီ။ကျနော်ပြောခဲ့ပါတယ်နော်..သိပ်မကြာလောက်ဖူးလို့။စခန်းကုန်းက အမြောက်ပေါ်မှာ တက်ပြီး ဓာတ်ပုံရိုက်ထားတာဆိုတော့ ငြင်းလို့မရတော့ပါဘူး ။

ဒီနေ့ သတင်းနည်းပါတယ်။အောက်မှာ ရှမ်းမြောက် ဘုံသ ဘောတူညီချက်လေး ကူးယူဖော်ပြလိုက်ပါတယ်။ ဝေဖန်အကြံပြုတာလေး ရလိုပါတယ် ခင်ဗျာ ။

၂၀၂၄ မတ် ၀၄ ၀၇၂၀

ဇင်ယော်

ဇင်ယော် – ပြည်သူ့စစ်သား

သဘောတူညီချက်အရ

၁) ကိုးကန့်ဒေသမှာ MNDAA ကို ရှမ်းပြည်နယ်အထူးဒေသ တရား၀င် အစိုးရအဖြစ်လည်းကောင်း

၂) AA, TNLA, MNDAA တို့ သိမ်းယူထားတဲ့ မြို့တွေကို ၎င်းတို့ပိုင်အဖြစ် နစက က အသိအမှတ်ပြုပေးခဲ့ပြီး

၃) နှစ်ဘက်စလုံးမှ တပ်များဟာ သဘောတူညီထားတဲ့ နယ်မြေများမှ ရှေ့ဆက် မတိုးရပဲ တပ်ချင်းခွာထားရန်

၄) AA, TNLA, MNDAA တို့က တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ထိခိုက်မှုမှန်သမျှကို ရှောင်ရှား၍ ကာကွယ်စောင့်ရှောက်ရန်

၅) ချင်းရွှေဟော်တွင် နစက၏ အကောက်ခွန်၊ ကုန်စည်စစ်ဆေးရေး၊ လူ၀င်မှုကြီးကြပ်ရေးတို့ကို ထားရှိမည်ဖြစ်ပြီး ကိုးကန့်ရဲ့ အလားတူ အဖွဲ့အစည်းတို့ကလည်း ပူးတွဲတာ၀န်ယူရန်

၆) ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်ပြည်နဲ့ ကူးသန်းသွား လာမယ့် ကုန်စည်များအပေါ် အခွန်စည်းကြပ် ကောက်ခံရရှိငွေ ၇၀% ကို ညီနောင် မဟာမိတ် ၃-ဖွဲ့ကိုယ်စား ကိုးကန့်အစိုးရက ရယူပြီး

နစကက ၃၀% ရယူရန် သဘောတူညီခဲ့ကြောင်း သိရှိရပါတယ်။

မူဆယ် ကုန်သွယ်မှုအတွက် ထပ်မံညှိနှိုင်းမည် ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *