ရှမ်းမြောက်မှာ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်တော့မည်လော …

ကူမင်း ဆွေးနွေးပွဲရလဒ်ကို ဘယ်ဘက်ကမှ ထုတ်ပြန်ခွင့်မရှိဘူးဆိုတာ မှန်ပါတယ်။သတင်းပေါက်ကြားမှုဟာလည်း စကစဘက် ကသာဖြစ်ပါတယ်။သဘောတူညီမှု (၆)ချက်အရ MNDAA ဟာ ခွဲထွက်ခြင်း မဟုတ်ပါ။ UWSA ပုံစံမျိုးပါဘဲ။စစ်အုပ်ချုပ်ရေး ကြေငြာတာ ဒီလထဲမှာ (၅) မြို့ဖြစ်နေပါပြီ။မပခ တိုင်းမှူးကို မြို့ နှစ်မြို့အတွက် တာ၀န်ပေးထားပြီး ရမခ တိုင်းမှူးကိုလည်း မန်တုံ ၊နမ့်ဆန်နဲ့ နမ္မတူ မြို့တွေကို တာ၀န်ပေးအပ် လိုက်ပါတယ်။ရမခ တိုင်းမှူးတော့ မျက်ရည်ဝိုင်းပြီပေါ့ဗျာ။

TNLA အိတ်ကပ်ထဲ ရောက်နေတာကို စစ်အုပ်ချုပ်ရေးဆိုတော့ ဘာလုပ်ရမလဲနော်။ယာယီအပစ်အခတ် ရပ်စဲထားပြီး နောက်ပိုင်းမှာ စကစဟာ လားရှိုး အလွယ်ယ်တကူမကျစေဖို့ အင်အားဖြည့်တင်းထားသလို မိုင်းလုံ၊ မိုင်းငေါ့ဘက်မှာပါအင်အားထပ်ဖြန့်ထားကြောင်း ကျနော်ပြောပြခဲ့ပြီးဖြစ်ပါတယ်။ကျောက်မဲ၊ နောင်ချိုဘက်မှာတော့ TNLA တို့ လှုပ် ရှားပြီး လက်ဦးမှု ရယူထားတယ်လို့ ဆိုရပါ့မယ်။ပြောရမှာ နည်းနည်းတော့ ခက်ပါတယ်။

“စိနရဲ့ အာဘော်ကို ဘယ်သူမှ လွန်ဆန်လို့မရဘူး” ဆိုတော့ နယ်စပ်ကုန်သွယ်မှု မပြတ်တောက်တဲ့ စစ်ပွဲမျိုးဖြစ်ပါလိမ့်မယ်။ဖြစ်ခဲ့ရင်လည်း နှစ်ဖက်ကြိုပြင်ထားတာမို့ TNLA က နောက်ထပ် ပိုပြီး အမြတ်ထွက်နိုင်ချေ ရှိပါတယ်။စကစရဲ့ ရှမ်းမြောက်တပ်တွေ ဖျက်သိမ်းတဲ့အထဲမှာ TNLA သိမ်းယူထားတဲ့ နေရာတွေ မပါတာကို သတိထားမိတယ်။တိုက်ပွဲက ဖြစ်ကို ဖြစ်ထားမှရပါမယ်။စကစကို အနားပေးလို့ မဖြစ်ပါဘူး။

မနေ့က AA ရဲ့ သတင်းစာ ရှင်းလင်းပွဲကိုတော့ အားလုံးစိတ် ၀င်တစား စောင့်ကြည့်ကြမှာပါ။MNDAA နဲ့ စကစရဲ့ သ ဘောတူညီချက်ကို မချင့်မရဲ ဖြစ်နေချိန်ဆိုတော့ “AA ဘာပြောမလဲ “ဆိုတာကို မျှော်လင့်ကြရတာပေါ့။ “ကွန်ဖယ်ဒရိတ်အဆင့်ထိ”သွားမယ်လို့ ပြောပါတယ်။ဟိုးအရင်တုန်းက ရခိုင်တိုက်ပွဲမှာ AA ခေါင်းပေါင်းနဲ့ ထုက္ကသိန်ပုထိုးတော်ကြီးပုံ တံဆိပ်ရိုက်ထားတဲ့ ငွေစက္ကူတွေ ကျနော်ကိုယ်တိုင် သိမ်း ဆည်းရမိတာ ပြောခဲ့ဖူးပါတယ်။ရခိုင်တို့ရဲ့ မျှော်လင့်ချက်ဟာ သိပ်ပြီးကြီးကျယ်ခမ်းနားနေပါတယ်။

“ပလက်၀ကိစ္စကို သတင်းသမားတွေ ဇောင်းပေးပြီးမေးနေ … ရေးနေကြတယ်” ။ဘာသဘောလဲတော့ မသိဘူး။ပလက်၀ကနေ ဟိုးမြိတ်၀ထိ ကျနော်ရောက်ဖူးပါတယ်။ချင်းနဲ့ ရခိုင်ရောယှက်ပြီး နေကြပါတယ်။ချင်းရွာနဲ့ ရခိုင်ရွာဆိုပြီးတော့ ကွဲနေတာလည်းရှိပါတယ်။ရခိုင်ရွာဘက်ဆို ကျနော်တို့ မဖြတ်ရဲပါဘူး။ချင်းရွာတွေမှာဆို ပြောလေ့ရှိပါတယ် “ရခိုင်တွေ အနိုင်ကျင့်မှာစိုးလို့ ငါတို့ စစ်တပ်က လာတိုက်ပေးနေတာ” ။အခုလည်း ဒီလိုဖြစ်နေပါတယ်။စကစရဲ့ လက်သုံးစ ကားပါ။တကယ်တမ်းက တိုင်းရင်းသားတွေ အမြဲပြောသလိုပါဘဲ ” ဗိုလ်ကြီးတို့လာမှ ကျွန်မတို့ရွာလေးလည်း ပြာကျတော့တာဘဲ ” ဆိုသလိုပေါ့ ။

ပလက်၀ဟာ နယ်နိမိတ်သတ်မှတ်မှုအရ ချင်းပြည်နယ်ထဲမှာတည်ရှိပေမယ့် ၀န်ထမ်းတွေအတွက်လစာကို ကျောက်တော်ဘဏ်ကနေ ထုတ်ရတာဖြစ်ပါတယ်။သတင်းစာရှင်းလင်းပွဲအရ အပစ်ရပ်ဖို့ လုံး၀မရှိသေးပါဘူး။လက်ရှိအနေအထားအရလည်း ယခုသိမ်းပိုက်ပြီး အနေအထားအရ အမ်းနဲ့ စစ်တွေ တစ်ခုခု ထပ်ရမှ ပြည့်စုံပါလိမ့်မယ်။ပလက်၀တစ်ခုတည်း ပြည်မနဲ့ ဆက်သွယ်ဖို့လမ်းကြောင်း မလုံလောက်သေးပါဘူး။

ကိုချေတို့က တစ်ကွက်ပြလိုက်ပါတယ်။ AA ဒုခေါင်းပေါင်းရဲ့ ၄၃ နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် ပုဏ္ဏားကျွန်းကို ယူပေးလိုက်ကြပါတယ်။မူလအစက စစ်တွေကို ပေးချင်ပုံရပါတယ်။မရသေးလို့ ဖြေးဖြေးချင်း တိုက်ထားတဲ့ ပုဏ္ဏားကျွန်းကို အပြတ်ဖြတ်လိုက်တာပါ။စကစတပ်တွေ မ၅၅၀ ကနေ စဆုတ်တာ ယခုလ(၁)ရက်နေ့ တည်းကဖြစ်ပါတယ်။လက်ရှိအနေအထားကတော့ အမ်းကိုဆော်ဖို့ တပ်တောင်မှာ နေရာအပြည့်ယူနိုင်ရေး ကြိုးစားနေသလို စစ်တွေကိုလည်း ရသမျှ ဆက်တိုးနေပါတယ်။

ကချင်မှာတော့ မနက်အစောတည်းက တာမခန်ကိုလေ ကြောင်းကနေ ဗုံးကြဲပါတယ်။လူနေရပ်ကွက်ထဲကို တည့်တည့်ကြီးကျပါတယ်။ဖားကန့်က သိုင်းတောင်စခန်းကိုလည်း ကီယာတို့ ၀င်သမထားပါတယ်။လေကြောင်းပစ်ကူချက်ချင်းရောက်တယ်ဆိုတော့ “စကစ ခံထားရပြန်ပြီ” လို့မှတ်ရပါ့မယ်။ဖားကန့် မြို့မရဲစခန်းကိုလည်း ကီယာတို့ Drone နဲ့ Drop Bomb လက်ဆောင်ပေးလိုက်ပါသေးတယ်။တာမခန်တစ်ခုလုံး ဖြစ်စဉ်အနေအထားအရတော့ ကီယာတို့ အဖိတ်အစင် များနေပါတယ်။စကစရဲ့ အလံဖြူထောင်တဲ့ လှည့်ကွက်ထဲကို ရောက်သွားတယ်လို့ အကြမ်းဖျဉ်းသိရပါတယ်။

ယမန်နေ့ည ၉နာရီကျော်အထိ ဖားကန့်ဘက် တိုက်ပွဲမရပါဘူး။ယူမာရွာထဲမှာ ထိတွေ့မှုဖြစ်ပါတယ်။ရွှေကူဘက်မှာတော့ စကစစစ်ကြောင်းတွေ ၀င်မွှေနေပြီး ရွာတွေကို မီး တိုက်နေပါတယ်။

မန္တလေးနဲ့ မကွေးမှာတော့ အောင်ပွဲသံတွေ ညံလာပါလိမ့်မယ်။မြင်းခြံနဲ့ နတ်မောက်ဘက်မှာ မြို့ပေါ်က စကစတပ်စခန်းတွေ တဖြည်းဖြည်းလျှော့နေပါတယ်။

စစ်ကိုင်းအညာမြေ ကနီမှာတော့ အောင်ပွဲတွေရနေပါတယ်။မြို့ကိုရာနှုန်းပြည့် ထိန်းချုပ်နိုင်ရေး ကြိုးစားနေပါတယ်။ရဲစ ခန်းကုန်း ၊ဘုရားကုန်းနဲ့ ထွေအုပ်ရုံးကလွဲရင် အားလုံးနီးပါး စိုးမိုးထားပြီးဖြစ်ပါတယ်။အခုမနက်ဆို ရသွားပြီး ဖြစ်မလားဘဲ။မော်လိုက်ဘက်မှာတော့ မ ၃၆၄ ထဲကို စကစတပ်အင် အားဖြည့်တင်းမှုတွေ လုပ်နေပါတယ်။

ရှမ်းတောင် KNDF SSPP PNLA မဟာမိတ်ဖွဲ့ထားပြီးဖြစ်ပါတယ်။နောက်ကွယ်မှာ MNDAA ရှိနေပါလိမ့်မယ်။ပအိုးရ် ၊ကရင်နီ ၊ကော်သူလေး၊ ရာမည အထူးဒေသများ ဖြစ်လာစေလိုပါတယ်။စစ်မျက်နှာ ထပ်ကျယ်လာနိုင်ပါတယ်။စကစ ကတော့ တိုင်းရင်းသားအဖွဲ့တွေကို “သွေးတိုးစမ်းလိုက် စကားပြောလိုက်”လုပ်ရင်း အချိန်ဆွဲပါလိမ့်မယ်။နေပူတော် ဗဟိုပြု အညာမြေလတ်တွေ မပါအောင် လုပ်ပါလိမ့်မယ်။တကယ်လို့ စစ်မျက်နှာ ကျဉ်းသွားမယ်ဆိုရင် ဖော်ပြပါနေရာတွေ ခံစစ် ကြိုပြင်ထားရပါ့မယ်။

ပြည်သူ့ဘက်ရပ်တည်သော တိုက်ပွဲတိုင်း အောင်မြင်ပါစေ… ပြည်သူ့ဘက်မှရပ်တည်သော တပ်ဖွဲ့၀င်တိုင်း ဘေးရန်ကင်းကြပါစေ ………..

၂၀၂၄ မတ် ၀၅ ၀၇၁၅

ဇင်ယော်


Comments

Leave a Reply

Your email address will not be published. Required fields are marked *