စစ်ကောင်စီသေဆုံးအလောင်းတွေ ပုံနေပြီး မြှုပ်ရာနေရာ ရှားပါး

ငါတို့နိုင်နေပြီဆိုခြင်းထက် သူတို့လွတ်မြောက်နေပြီဆိုရခြင်းက ပို၍မှန်ကန်မယ်ထင်ပါတယ်။

သံတွဲမြို့က စစ်ကောင်စီအကျဉ်းထောင်ကို အာရက္ခတပ်တော် AA က ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကောင်စီမှ မတရားဖမ်းဆီးအကျဉ်းချထားတဲ့ အကျဉ်းသား ၁၀၀ ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် မန္တလေးဒေသအတွင်းက စဉ့်ကူးမြို့မှာလည်းပဲ အဆိုတော်တသသအပါအဝင် အခြားသော နိုင်ငံရေးအကျဉ်းသားတွေကို တော်လှန်ရေးတပ်ဖွဲ့များဖြစ်တဲ့ PDF တပ်ပေါင်းစုက ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြပါတယ်။

အမြဲတမ်းနောက်တန်းဌာနေအဖြစ် စစ်ကောင်စီတပ်က သတ်မှတ်ခြင်းပြုထားတဲ့ အေလာလေတပ်ပင်လျှင် အသေပျောက်များစွာဖြင့် ရင်ဆိုင်နေကြရပါပြီ။

အနိုင်ကျင့်သိမ်းယူထားကြတဲ့ အမျိုးသားပြယုတ် မန္တလေးနန်းတွင်းမှာပင် အနိုင်ကျင့်သိမ်းယူထားတဲ့ စစ်ကောင်စီသေဆုံးအလောင်းတွေ ပုံနေပြီး မြှုပ်ရာနေရာ ရှားပါးနေတယ်လို့သိရပါတယ်။

တူမီးဖြင့်စခဲ့တဲ့ ပြည်သူ့တော်လှန်ရေး၊ ဘယ်ခရီးအထိပေါက်သလဲဆိုလျှင်ဖြင့် စစ်ကောင်စီက ပြည်သူ့စစ်ဆိုပြီးအမည်တပ် မွေးထုတ်ထားတဲ့ ပျူစောထီးစခန်းတွေ၊ ရွာတွေဆိုသည်မျှက တော်လှန်ရေးတပ်ဖွဲ့များရဲ့ စစ်ရေးလေ့ကျင့်ရာနေရာသာလျှင် ဖြစ်လာတယ်။

ဒုတိယကမ္ဘာစစ်လက်ကျန်လက်နက်များနှင့် G3 မျှသာ ကိုင်ဆောင်ရတဲ့ ပျူစောထီးတွေ တရွာပြီးတရွာ စခန်းတခုပြီးတခုကျပြီး သေလာလိုက်ကြသည်မှာကလည်း သောက်သောက်လဲပါပဲ။

၎င်းတို့တပ်ဖွဲ့အချင်းချင်းကိုပင် စစ်ကူသွားရောက်ခြင်းမပြုနိုင်တော့တဲ့ စစ်ကောင်စီဟာ ပျူစောထီးမျှကတော့ စာဖွဲ့နေတော့မှာမဟုတ်ပါဘူး။

ကိုယ်ဖြစ်ကိုယ်ခံဆိုပြီး ပစ်ထားတတ်လာကြသည်မှာကလည်း ၎င်းတို့တပ်သားတွေ နတ်မြစ်အတွင်း ဝဲလည်လည်ဖြစ်နေလည်း အခြားနေရာကတပ်ဖွဲ့တွေကတော့ ကိုယ်နှင့်မဆိုင်သလို မော်ကြွားလို့ကောင်းနေကြဆဲပါပဲ။

ကိုယ်တိုင်ကြုံတွေ့လာကြမှ ဟိုပြေးဒီပြေးလုပ်၊ အချို့ဆို ငုတ်တုတ်အသေခံကြရတဲ့ဘဝတွေ။

တချိန်က ပေဖြစ်ခဲ့သူတွေ တူပြန်ဖြစ်နေတဲ့ကာလ၊ ထုခဲ့ကြသူတွေ ပြန်လည်ပြားလာတဲ့ကာလ။

ပြားသည်ထက်ပြားလာနေတဲ့ဘက်မှာနေမလား၊ ဖောင်းသည်ထက်ဖောင်းလာတဲ့ဘက်ကို လူအသိစိတ်နှင့် ကူးဝင်မလား။ လူအသိရှိလျှင် မေးဖို့ပင်လိုမယ်မထင်ဘူး။

လူအသိလည်း ဘယ်စဉ်အခါမျှ ရှိကြတော့မယ်မဟုတ်ကြဘူး။ သေကြဦးမှာပဲ။

Sar K


Comments

Leave a Reply

Your email address will not be published. Required fields are marked *