သေလိုက်ရတဲ့ မသာ၊ ချေလိုက်ရတဲ့ ယတြာ

မင်းအောင်လှိုင်ရဲ့ယတြာ မတ်လ ၅ ရက် မှ ၇ ရက်နေ့ အ ထိ.. တောင်‌တွင်းကြီး ဗိဿနိုးမြို့ဟောင်း ပန်ထွာဘုရင်မတည်ထားတဲ့…ရွှေရောင်တော်ဘုရားမှာ..ရှင်၅ထောင်ဝတ်ပွဲ ကျင်းပမည်။ ရှင်လောင်များမှာ..ကြံ့ခိုင်ရေးဝတ်စုံ..အစိမ်း နဲ့ အဖြူ ဝတ်ဆင်ရမည်ဖြစ်သည်….. သဲဖြူဆရာတော် အိမ်မက်အရ မအလမှ ယတြာပြုလုပ်ခြင်းဖြစ်သည် ။. Credit

NUG ကိုယ်စားလှယ် ဇော်ထက် နှင့် နဂါးတို့ မတ်လ ၃ ရက်နေ့က အချင်းများ

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၌ မြို့နယ် NUG ကိုယ်စားလှယ် ဇော်ထက် နှင့် နဂါးတို့ မတ်လ ၃ ရက်နေ့က အချင်းများခဲ့သည်။ ဇော်ထက်သည် မြို့နယ်အုပ်အုပ်ချုပ်ရေး အစည်းအဝေး ကျင်းပနေမှုကို နဂါးမှ လာရောက် တားမြစ်ရာမှ နှစ်ဖက် အချင်းများခဲ့သည်။

ထူးအိမ်သင်၊ ဝေးသွားတဲ့အခါနဲ့ မြင့်မိုးအောင် သိဖို့

မြင့်မိုးအောင် မြင့်မိုးအောင် ခင်ဗျားလည်း ငမိုက်သားထဲမှာပါတာပဲ။ ခင်ဗျားနှိပ်ချပြောဆိုလိုက်တဲ့သူက ၁၉၈၀ နောက်ပိုင်းကစပြီး ဒီနေ့အချိန်ထိ သူ့ကို ဘယ်သူမှမမှီသေးဘူးနော် အရေး အဆို ပိုင်းရော Music Theory ပိုင်း မြန်မာနိုင်ငံကအဆိုတော်တွေထဲမှာ တူရိယာမျိုးစုံ တီးတတ်တဲ့အထဲမှာ No.1 ကထူးအိမ်သင် အကုန်တီးတတ်တယ် No.2 ကဦးညီထွဋ် ခင်ဗျားက ပိုနားလည်ပါတယ် ဆေးမချတဲ့ အဆိုတော်ရှိရင်ပြပါအုံး မြင်ဖူးချင်လို့ပါ။ လူပဲဗျာ အိမ်နဲ့အဆင်ပြေတာရှိတယ် မပြေတာလည်းရှိမှာပဲလေ။ လေလွင့်ခြင်းလမ်းမများက ခင်ဗျားရေးတာမှန်တယ် ဆရာငှက်ဆိုလို့ အဲ့သီချင်းက နာမည်ကြီးတာ မယုံရင် အဲ့သီချင်းကို ဂျီဖက်တို့ ဘစိုင်းတို့ ထက်ယံ တို့ i Cool တို့ကို ဆိုခိုင်းကြည့်လေ ခင်ဗျားသိထားဖို့က တေးရေးဆရာက အရေးကြီးတယ်ဆိုတာကိုလက်ခံတယ် ခင်ဗျားက မတောက်တခေါက်ပညာနဲ့ အဲ့သီချင်းကိုရေးခဲ့တာ ခင်ဗျားအဲ့အချိန်က ပချီပါချပ်ပဲရှိသေးတာ။ … Read more

ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၁၂ လက်နှင့် ခဲယမ်းသိမ်းဆည်းရရှိ တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သားနှင့်ပျူစောထီး ၁၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တနင်္သာရီ SOF မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။ မတ်လ ၂ ရက်နေ့တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ဦးနှင့် ပျူစောထီးအဖွဲ့နေထိုင်သောစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၁၂ ဦး သေဆုံးပြီး လက်နက် ၁၂ လက် သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။ “စစ်သား အလောင်း ၁၂ လောင်း ရရှိပါတယ်။ လက်နက် ၁၂ လက်သိမ်းဆည်းရရှိပါတယ်။ စစ်သားနဲ့ ပျူစောထီးတချို့ ထွက်ပြေးပါတယ်။ … Read more

လောက်ကိုင်မှ ဗိုလ်မှူးချုပ် ၆ ဦး၏ ဇနီးများကို ဖမ်းဆီးထားပြီး မိသားစုနှင့်ဆက်သွယ်ခွင့်မပေး

စစ်ကောင်စီက သေဒဏ်နှင့်ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ထားသော လောက်ကိုင်မှ ဗိုလ်မှူးချုပ် ၆ ဦး၏ ဇနီးများကို ဖမ်းဆီးထားပြီး မိသားစုနှင့်ဆက်သွယ်ခွင့်မပေး အကြမ်းဖက် စစ်ကောင်စီက သေဒဏ်နှင့်ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များချမှတ်ထားသော လောက် ကိုင်မှ ဗိုလ်မှူးချုပ် ၆ ဦး၏ ဇနီးများကို ဖမ်းဆီးထားပြီး မိသားစုနှင့်ဆက်သွယ်ခွင့်မပေးဘဲ သတင်းစုံစမ်းမရဖြစ်နေကြောင်း အဆိုပါဗိုလ်မှူးချုပ်မိသားစုများနှင့်နီးစပ်သူတချို့က ပြောဆိုကြသည်။ MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့သော လောက် ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက် ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူး ချုပ် ဇော်မျိုးဝင်း၊ စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး၊ စကခ ၁၂ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ စကခ … Read more

ကျိုက်ထိုမြို့နယ်တွင် ရဲတပ်သား၏ ဖခင် ပျူစောထီး ပစ်ခတ်ခံရပြီး သေဆုံး၊

ကျိုက်ထိုမြို့နယ်တွင် ရဲတပ်သား၏ ဖခင် ပျူစောထီး ပစ်ခတ်ခံရပြီး သေဆုံး၊ ယင်းမာပင်မြို့ပေါ်ရှိ ရဲစခန်းနှင့်ထွေအုပ်ရုံးတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်မှု စစ်သား ၅ ဦးဒဏ်ရာရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာနေ ရဲတပ်ဖွဲ့တစ်ဦး၏ ဖခင် ပျူစောထီးတစ်ဦး ပစ်ခတ် ခံရပြီး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅ တပ်ခွဲ ၄ UG တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။ ယမန်နေ့ မတ်လ ၂ ရက် ညနေ ၃ နာရီ ၄ မိနစ်တွင် ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာနေ ရဲတပ်သား ထက်အာကာ၏ ဖခင်ဖြစ်သူ ပျူစောထီး စာရင်းဝင် အသက် ၅၀ နှစ်အရွယ် ကျော်ဝင်း ဆိုသူ သည် မုက္ခကျေးရွာထိပ်၌ … Read more

စစ်ကောင်စီက လျှို့ဝှက် ကန့်ကွက်စာပေးပို့သော်လည်း ဆက်လက်ကျင်းပနေ

ထိုင်းလွှတ်တော်တွင် NUG နိုင်ငံခြားရေးဝန်ကြီး၊ KNU နှင့် NUCC တို့ ပါဝင်တက်ရောက်နေသည့် မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီက လျှို့ဝှက် ကန့်ကွက်စာပေးပို့သော်လည်း ဆက်လက်ကျင်းပနေ ထိုင်းလွှတ်တော်တွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကိုယ်စားလှယ်များ ၊ KNU နှင့် NUCC တို့ပါဝင်တက်ရောက်နေသည့် မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီက လျှို့ဝှက် ကန့်ကွက်စာပေးပို့သော်လည်း ယမန်နေ့မှစတင်၍ ကျင်းပနေကြောင်း ထိုင်းနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။ မြန်မာစစ်ကောင်စီ၏ ကန့်ကွက်မှုများ ရှိနေသော်လည်း ထိုင်းလွှတ်တော်တွင် မြန်မာစစ်အာဏာရှင် ကို ဆန့်ကျင်သူများ အပါအဝင် မြန်မာနှင့်ထိုင်းလွှတ် တော် အမတ်များ တက်ရောက်နေသည့် မြန်မာ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲကို မတ်လ ၂ ရက်နေ့တွင် ဖွင့်လှစ်စတင်ခဲ့ကြောင်း သိရှိရသည်။ “ဒီနေ့ ဆွေးနွေးပွဲက သက်ဆိုင်သူအားလုံး အပြန်အလှန် ဆွေးနွေးဖို့ … Read more

မင်းလှမှာ ကလေး ၃ ဦးပျောက်ဆုံးနေ၊ ၁၇ ရက်ကြာတဲ့အထိ ပြန်မတွေ့သေး

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကြို့ကုန်း(၁)အုပ်စု၊ ရွာသာယာကျေးရွာက ကလေး ၃ ဦး ပျောက်ဆုံးနေပြီး ၁၇ ရက်ကြာတဲ့အထိ ပြန်မတွေ့သေးဘူးလို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။ ပျောက်ဆုံးနေတဲ့ကလေးတွေဟာ အသက် ၁၃ နှစ်အရွယ်ကလေးတွေဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက် ကတည်းက ပျောက်ဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။ ပျောက်ဆုံးနေသူတွေထဲက ဦးမိုးကြူ+ဒေါ်ချိုမာတို့ရဲ့ သား အသက် ၁၃ နှစ်အရွယ် မောင်သက်ဝေယံ(ခ) မောင်ဗျော့ကြီးဆိုသူဟာ မိဘတွေ ပဲနုတ်သွားတဲ့အချိန်မှာ ပျောက်ဆုံးသွားတာဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူအမျိုးသမီးက ဆိုပါတယ်။ “အဲ့နေ့က လူကြီးတွေက ပဲသွားနုတ်တော့ အိမ်မှာ မရှိကြဘူး။ သူ့ညီတွေ ညီမတွေနဲ့သူပဲရှိတာ။ ညနေပြန် လာတော့ အိမ်မှာသူ့ကိုမတွေ့တော့ လိုက်ရှာတာ။ နေရာနှံ့နေပြီ ဒီနေ့အချိန်ထိ ပြန်မတွေ့သေးဘူး။ သူကရွာထဲတောင်နှံ့အောင်မရောက်ဖူးဘူး။ ခြေထောက်တဖက်ကလည်း သိပ်မကောင်းဘူး” … Read more

စစ်အုပ်စုနဲ့ပျူတွေအတွက် လစာနဲ့ရိက္ခာ သယ်ပေးတဲ့ ဘုန်းကြီးတစ်ပါးကို မင်းကင်း တောင်တွင်း-PDF က ဖမ်းဆီး

စစ်အုပ်စုနဲ့ပျူတွေအတွက် လစာနဲ့ရိက္ခာ သယ်ပေးတဲ့ ဘုန်းကြီးတစ်ပါးကို မင်းကင်း တောင်တွင်း-PDF က ဖမ်းဆီး စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မအူကျေးရွာမှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေအတွက် လစာနဲ့ရိက္ခာ သယ်ယူလာတဲ့ ဘုန်းကြီးတစ်ပါးကို မတ်(၁)ရက်‌ မနေ့က ဖမ်းဆီးရမိတယ်လို့ မင်းကင်းနယ် တောင်တွင်း-PDF တပ်ဖွဲ့၀င်တစ်ဦးကပြောပါတယ်။ “ပျူစောထီးတွေက ဘုန်းကြီးကို ခိုင်းတာပေါ့။ ကားကို သေနတ်နဲ့ ထောက်ပြီး တင်ပေးလိုက်တာ မအူပျူရွာကနေ။ အဲ့ဒါ သတင်းရလို့ ကလေး၀-မင်းကင်း (ယာကြီးလမ်း)မှာ စစ်ဆေးတော့ အထောက်အထားတွေ တွေ့ရတယ်။ ပျုနာမည်တွေ၊ စစ်သားနာမည်တွေ။ ဒါနဲ့ ထိန်းသိမ်းလိုက်တာ” စစ်အုပ်စုနဲ့ပျူတွေအတွက် လစာနဲ့ရိက္ခာ သယ်ယူပေးသူ‌ကတော့ မအူကျေးရွာမှာ သီတင်းသုံး နေထိုင်တဲ့ ဝါတော် (၅၀)နီးပါးနဲ့ အသက် (၇၀)ဝန်းကျင်အရွယ် ဘုန်ကြီး ဖြစ်တယ်လို့ တောင်တွင်း PDF … Read more

ကဲ— ဘာဆက်လုပ်ကြမှာလဲ

ကဲ— ဘာဆက်လုပ်ကြမှာလဲ။ ပြဿနာအများကြီးနော်၊ လက်ရှိ တပ်ထဲက နောက်ထပ်ပြဿနာတစ်ခုက သူတို့ကိုယ်တိုင် စား၀တ်နေရေးခက်ခဲလာတာပဲ။ တပ်ထဲကနောက်တန်းမှာလည်း ရိက္ခာပြသနာတွေရှိလာသလို ရှေ့တန်းကိုလည်း ရိက္ခာမပို့နိုင်တော့ဘူး။ နောက်ဆုံးကြားရတဲ့ သတင်းအရ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းပေါ်က စစ်သားတွေ ရိက္ခာမရလို့ အစာရေစာပြတ်လပ်ပြီး သေတာတွေ၊ စိတ်ဓါတ်ကျလို့ ကိုယ့်ကိုယ်ကို သတ်သေတာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဘောမရပ်ကွက်မှာတော့ ဒီလိုသတင်းတွေ သေတဲ့အထိဖုံးဖိထားကြမယ်ဆိုပေမဲ့ ကာယကံရှင်ရဲ့ ကျန်ရစ်သူတွေ အသိဆုံးပဲ။ ရမ်းဗြဲကျွန်းဆိုတာ သင်္ဘောနဲ့ သွားမှရောက်နိုင်တဲ့ နေရာတစ်ခုလေ— လက်ရှိမှာ AAက ရခိုင်ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်တဲ့အတွက် စစ်ကောင်စီဘက်က ရှေ့တန်းမှာသူ့လူတွေရှိတဲ့ အထိုင်စခန်းကို ရိက္ခာနဲ့ လက်နက်ပို့ဖို့ရာ မလွယ်ကူတော့ဘူး မဟုတ်လား။ ကုန်းလမ်းကနေလည်း မသွားနိုင်တော့သလို ၊ ရေလမ်းကြောင်းကလည်း သွားဖို့ရာ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ ရခိုင်ဘက်က ရှေ့တန်းစခန်းတွေမှာ … Read more