စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကို ပြည်သူများ မလိုက်နာရန် နှင့် ရှောင်တိမ်းနိုင်ရေး သတိပေးချက်များ KNU တပ်မဟာ ၅ က ထုတ်ပြန်

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကို ပြည်သူများ မလိုက်နာရန် နှင့် ရှောင်တိမ်းနိုင်ရေး သတိပေးချက်များ KNU တပ်မဟာ ၅ က ထုတ်ပြန် အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကို ပြည်သူများ မလိုက်နာရန် နှင့် ရှောင်တိမ်းနိုင်ရေး သတိပေးချက် များကို KNU တပ်မဟာ ၅ က မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။ တိုင်းပြည်အာဏာအတင်းလုယူ သိမ်းပိုက်သည့် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီ က ပြည်တွင်းစစ်ကို သက်ဆိုးရှည်စေရန် ဖန်တီးနေကြကြောင်း၊ လက်ရှိတွင် ပြည်သူများကို အတင်းအဓမ္မ ခေါ်ယူ စစ်တိုက်ခိုင်းတော့မည်ဖြစ်ကြောင်း KNU တပ်မဟာ ၅ က ထုတ်ပြန်ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကို မလိုက်နာဘဲ ဆန့်ကျင်ကြရန်၊ ပြည်သူများ … Read more

စစ်အရာရှိ ၁၉ ဦးသေဆုံးပြီး အရာရှိ ၁၇ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ

နိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလတိုက်ပွဲများတွင်း ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ စစ်အရာရှိ ၁၉ ဦးသေဆုံးပြီး အရာရှိ ၁၇ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ မြန်မာနိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလတိုက်ပွဲများတွင်း ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ စစ်အရာရှိ ၁၉ ဦးသေဆုံးပြီး အရာရှိ ၁၇ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိကြောင်း စာရင်းဇယားများအရ သိရှိပြီး လက်တွေ့မြေပြင်တွင် ထိုပမာဏထက် ပိုမိုနိုင်ဖွယ်ရှိသည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးချုပ် အဆင့်မှ ဗိုလ်မှူးအဆင့်အထိ စစ်အရာရှိ (၁၁)ဦး သေခဲ့ပြီး ဗိုလ်မှူးချုပ် ၁ ဦး ပျောက်ဆုံးနေကြောင်း၊ စစ်အရာရှိ ကြီး ၇ ဦးကို စစ်သုံ့ပန်းအဖြစ် တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးရရှိကြောင်း၊ထို့ပြင် အငယ်တန်းအရာရှိ အဆင့်ဖြစ်သော ဗိုလ်ကြီး ၇ ဦး … Read more

ရေသည် ဟန်ငြိမ်းဦးရဲ့နောင်တ—

‘နိုင်ငံ့ဝန်ထမ်းအယောင်ဆောင်ပြီး ဓါးပြတိုက်နေတဲ့အဖွဲ့’ ဆိုခေါင်းစဉ်နဲ့ ရေသည် ဟန်ငြိမ်းဦးဆီမှာ အဲ့ဒီ့ဓာတ်ပုံတွေတက်လာတာ— အခုဖမ်းမိတဲ့ကောင်တွေပုံကို ရေသည် ထော့ကျိုး ချန်နယ်က မျက်နှာလိုမျက်နှာရနဲ့ အရင်တင်တာဟ။ ပြီးလည်းပြီးရော အယောင်ဆောင်တွေမဟုတ်ဘဲ သူဘက်ကလူအစစ်တွေမှန်းလည်းသိရော၊ အဲ့မှာ နားကားတာ၊တင်ထားတဲ့ postပါ ဖျက်ပြီးပြေးတော့တာပါပဲ။ သူခိုးလူမိ.. ကျော်စွာတို့၊ ဟန်ငြိမ်းဦး တယ်လီချန်နယ်တို့ဆိုတာ အတူတူပဲ— အညစ်အကြေးတို့က ပေါက်ဖွားလာတဲ့ စက်ဆုပ်ရွံရှာဖွယ် သမိုင်း အမှတ်တရတွေလေ။

တေးရေး မြင့်မိုးအောင် အနုပညာလောကရဲ့ သက်တမ်းသေပြီ..

တိုင်းပြည်ပျက်စီးဒုက္ခရောက်နေတာကို ပုံမှန်အခြေနေ ဖြစ်နေပါတယ်ဆိုတဲ့ ပုံစံဖန်တီးပေးနေသော ဘောမ ကောင် မြင့်မိုးအောင်😡 Photo ကာတွန်း နာနတ်သီး မြင့်မိုးအောင် ထီးလိုမှိုလို စကား ပြောတာ ခုမှ သေချာ နားထောင်မိလို့ ဆဲချင်တာ … လူငယ် တစ်ယောက် အရက်သောက်တာ ၊ ( တစ်ခါတလေ ) ဆေးသုံးမိတာ ၊ မိဘ အိမ်မှာ မနေပဲ တခြားနေရာတွေမှာ နေဖြစ်တာ … ဒါတွေ နဲ့ တင် လူငယ်ဆိုး ဖြစ်ရောလား … ပိုဆိုးတာက “တောခိုတာ” ကိုပါ ဆိုးတဲ့ လုပ်ရပ်တစ်ခု အနေနဲ့ ထည့် ဥပမာ ပေးသွားသေးတယ် … 😡ေ-ာက်တလွဲ ပါကွာ … ⚽️ မ … Read more

ကလေးတက္ကသိုလ်တိုက်ပွဲတွင် ကယ်ထုတ်ခဲ့သည့် ဝန်ထမ်းမိသားစုနှင့် ကျောင်းသူကျောင်းသားများကို နေရပ်သို့ ပြန်လည်ပို့ဆောင်

ကလေးတက္ကသိုလ်တိုက်ပွဲတွင် ကယ်ထုတ်ခဲ့သည့် ဝန်ထမ်းမိသားစုနှင့် ကျောင်းသူကျောင်းသားများကို နေရပ်သို့ ပြန်လည်ပို့ဆောင် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ရက်နေ့တွင် ကလေးခရိုင်၊ တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်းပိတ်မိနေသည့် တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းမိသားစုများနှင့် ကျောင်းသူကျောင်းသားများကို ဘေးလွတ်ရာသို့ကယ်ထုတ်ခဲ့ပြီး ယခုအခါ နေရပ်သို့ ပြန်လည်ပို့ဆောင် နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်အထိခိုက်ရှိခဲ့ကာ Non-CDM ဝန်ထမ်း ၇၀ခန့်နှင့် ကျောင်းသူကျောင်းသား ၄၀ခန့်ကို ဘေးလွတ်ရာသို့ကယ်ထုတ်ခဲ့ရပြီး ယခုအခါ ပထမတစ်သုတ်ကို နေရပ်သို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း ကလေးခရိုင်၊ တပ်ရင်း တာဝန်ရှိသူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “တက္ကသိုလ်ထဲမှာ စစ်ကောင်စီက ၁၂၀ မမ လက်နက်ကြီးတွေချထားပြီး အဲ့ဒီကနေ ချင်းပြည်ဖက်ကို ၂၀၂၂ လောက်ကတည်းက လက်နက်ကြီးတွေနဲ့ပစ်နေတာ။ ကျောင်းလို့ပြောပြီး … Read more

လက်ပံတန်းမှာ စစ်ကောင်စီသတင်းပေးဆိုသူ ပစ်သတ်ခံရ

လက်ပံတန်းမှာ စစ်ကောင်စီသတင်းပေးဆိုသူ ပစ်သတ်ခံရ လက်ပံတန်း၊ မတ် ၁၊ ၂၀၂၄။ ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ် အရှေ့ဘက်က စစ်ကောင်စီသတင်းပေးလို့ သတင်းထွက်နေသူ တဦးကို မတ် ၁ ရက် ဒီမနက် ၁၁ နာရီခွဲကျော်လောက်က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသူဟာ လက်ပံတန်းမြို့နယ်၊ ရေငံအုပ်စု၊ ထန်းပင်ချောင်ရွာက အသက် ၅၀ နှစ်အရွယ် ကိုဝင်းအောင်ဖြစ်ပြီး နန်းထိုက်‌အောင်စစ်ဆင်ရေးအဖြစ် သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ပြောပါတယ်။ ”သူရဲ့နေအိမ်မှာပဲ ပစ်သတ်ခဲ့တာပါ။ ပွဲချင်းပြီးသေသွားတယ်။ မိသားစုဝင်တွေရှိပေမယ့် ဘာမှ အန္တရာယ် မပြုခဲ့ပါဘူး” လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က ကိုဥက္ကာက ပြောပါတယ်။ အဲဒီရွာအနီးမှာ စစ်ကောင်စီဂိတ်ရှိနေတဲ့အတွက် ပစ်ခတ်မှုအပြီးမှာ ခြောက်လှန်တဲ့အနေနဲ့ သေနတ်နဲ့ အချက် ၃၀ လောက် ပစ်ခတ်ခဲ့တယ်လို့ … Read more

စွပု ရဲ့ ကြေကွဲသံစဥ်

ဝယ်ထားတဲ့ လေယာဥ်က အကြွေးမကြေသေးလို့ ငိုချင်နေရတဲ့အထဲ လေယာဥ်ဆီတင်တဲ့ သင်္ဘောကပါ ဖောက်ခွဲခံလိုက်ရပြန်တယ် အခုလည်း ရခိုင်က သံချပ်ကာကားတွေကို မီးဖုတ်လိုက်ပြန်ပြီတဲ့ မအလကို ကျိန်စာတွေဆူးတာများ စောက်အကုသိုလ်ဆိုတာ ဝင်ပြီဆိုရင် အဖော်နဲ့အပေါင်းနဲ့ တပြုံတမကြီးလာတာ ပျော်ရဲ့လား ဟေ့ ! မောင်တို့ ရေ ! ပျော်တယ်ဟေ့ ! ပျော်တယ်ဟေ့ !!! GenZPhoeMaung

ရန်ကုန်-ပဲခူးကားလမ်းဟောင်း တွင် စစ်ကောင်စီတပ်များ ဂိတ်ချစစ်ဆေးနေသော လှည်းကူး ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်

ရန်ကုန်-ပဲခူးကားလမ်းဟောင်း တွင် စစ်ကောင်စီတပ်များ ဂိတ်ချစစ်ဆေးနေသော လှည်းကူး ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ရန်ကုန်-ပဲခူးကားလမ်းဟောင်း တွင် စစ်ကောင်စီတပ်များ ဂိတ်ချစစ်ဆေးနေသော လှည်းကူး ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာ ဝန် ရှိသူတစ်ဦးက ပြောဆိုသည်။ မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် လှည်းကူးမြို့၊ ရန်ကုန်-ပဲခူးကားလမ်းဟောင်း ဇီးရိုးမိုင်တွင် ပြည်သူများကို ဒုက္ခပေါင်းစုံပေးငွေကောက်ခံနေသောစစ်သားများနှင့် ယာဉ်ထိန်းရဲများကို အ​နောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် Yangon Army (YA)တို့က ပူးပေါင်း၍ ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် ထိထိရောက်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူများကို နည်းမျိုးစုံဖိနှိပ်နေသော စစ်ကောင်စီနှင့် ဒေါက်တိုင်များအားလုံးကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။ လှည်းကူးမြို့မှ ပြည်သူတချို့ကမူ ရန်ကုန်-ပဲခူးကားလမ်းဟောင်း … Read more

ပလက်ဝတွင် လမ်းဖောက်လုပ်ရေး အိန္ဒိယ မီဇိုရမ်ပြည်နယ်မှ လွှတ်တော်အမတ်ဦးဆောင်သော အဖွဲ့က AA နှင့် တွေ့ဆုံ ဆွေးနွေး

ပလက်ဝတွင် လမ်းဖောက်လုပ်ရေး အိန္ဒိယ မီဇိုရမ်ပြည်နယ်မှ လွှတ်တော်အမတ်ဦးဆောင်သော အဖွဲ့က AA နှင့် တွေ့ဆုံ ဆွေးနွေး ရက္ခိုင်တပ်တော်-AA က တိုက်ခိုက်သိမ်းပိုက်ထားသော ပလက်ဝမြို့နယ်တွင် လမ်းဖောက်လုပ်ရေးအတွက် အိန္ဒိယ မီဇိုရမ်ပြည်နယ်မှ လွှတ်တော်အမတ် Pu Valalvena ဦးဆောင်သော အဖွဲ့က AA နှင့် တွေ့ဆုံ ဆွေးနွေးကြောင်း The Lairam Timesက သတင်းဖော်ပြသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က မီဇိုရမ်ပြည်နယ် ဇိုရင်ပူ Zorinpui ဒေသသို့ မီဇိုရမ်အမတ် Pu Valalvena အဖွဲ့ ရောက်ရှိလာပြီး ရက္ခိုင့်တပ်တော် AA မှ တာဝန်ရှိသူများဖြင့် တွေ့ဆုံကာ မီဇိုရမ်ပြည်နယ် အရှေ့လိုင်ရမ်မှ ပလက်မြို့သို့ ဖောက်လုပ်မည့် လမ်းပိုင်းကို ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါ … Read more

ပုဏ္ဏားကျွန်းတွင် စစ်ကူလာသော စစ်ကောင်စီတပ်၏ သံချပ်ကာ ကား ၂ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ဟု AA ထုတ်ပြန်(ရုပ်/သံ)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းတွင် စစ်ကူလာသော စစ်ကောင်စီတပ်၏ သံချပ်ကာ ကား ၂ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၂၈ မိနစ်အချိန် ပုဏ္ဏားကျွန်းမြို့သို စစ်တွေမြိံမှ စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းကို အမြင့်ကျွန်း တံတားထိပ်တွင် ရက္ခိုင့်တပ်တော်AA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုစစ်ကူ စစ်ကြောင်းကို ဟန့်တားနိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ သံချပ် ကာကား ၂ စီးကိုလည်း အမြင့်ကျွန်းတံတား(မင်းချောင်းတံတား) ထိပ်တွင် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။ AA က ထုတ်ပြန်သော ဗီဒီယိုတွင် စစ်ကောင်စီတပ်၏ သံချပ်ကာကား မီးလောင် နေသည်ကို မြင်တွေ့ရသည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ … Read more