ပွဲဆူ​နေသည့် အလှမယ်ပြိုင်ပွဲ

Miss Grand International ပြိုင်ပွဲ၏ National Costume ပြိုင်ပွဲတွင် Stop The War စာတန်းကို ကိုင်ဆောင်ပြခဲ့သည့် ဟေတီအလှမယ် နှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ နေ့စဉ်သေဆုံးနေရသော်လည်းနှုတ်ဆိတ်နေသည့် မြန်မာအလှမယ်ကို နှိုင်းယှဉ်ဝေဖန်နေသည်။ ယင်းပြိုင်ပွဲကို ထိုင်းနိုင်ငံ၌ ပြုလုပ်နေခြင်းဖြစ်ပြီး National Costume ပြိုင်ပွဲဝင်ဓာတ်ပုံများ တက်လာပြီးနောက်‌ မြန်မာအလှမယ်ကို ပိုမိုဝေဖန်နေခြင်းဖြစ်သည်။ “(​ဟေတီအလှမယ်)ကိုယ့်နိုင်ငံသူမဟုတ်ပေမယ့် အဓိပ္ပါယ်များစွာပါသော ၀တ်စုံဖြစ်လို့ လေးစားချစ်ခင်မိပါတယ်။ သူရဲ့မျက်နာဟန်ပန်ကကို အကူညီလိုအပ် မေတ္တာလိုအပ် ၊ မျှော်လင့် တောင်းဆိုနေတဲ့ မျက်နာဟန်ပန်ဖြစ်တယ်။အမှန်တကယ်ဆိုရင် ကိုယ့်နိုင်ငံကိုယ်စားပြုတဲ့ miss က နိုင်ငံရေးစိတ်မ၀င်စားဘူးဆိုရင်တောင် ဘယ်ဘက်မှမလိုက်ဘဲ့ စစ်ရေးကြောင့် ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် Speak out လုပ်ပေးစေချင်ပါတယ်။”ဟု ဓာတ်ပုံများကိုနှိုင်းယှဉ်၍ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးကရေးသားထားသည်။ Miss Grand … Read more

ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်

ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း Yangon Army (YA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများကို မြို့ပြ UG ရဲဘော်များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း သိရသည်။ ထို့သို့ တိုက်ခိုက်ခြင်းသည် ပြည်သူများကို … Read more

စစ်တပ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြိုးပမ်းမှုများ ရှိလာနိုင်

စစ်တပ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြိုးပမ်းမှုများ ရှိလာနိုင်ဟု ICG အစီရင်ခံစာက သုံးသပ် အာဏာသိမ်းစစ်တပ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် မကျေနပ်မှုများ မြင့်တက်လာနိုင်ပြီး အကြီးတန်းစစ်ဖက်အရာရှိများက မင်းအောင်လှိုင်ကို ရာထူးမှ ဖြုတ်ချရန် ကြိုးပမ်းကောင်းကြိုးပမ်းလာနိုင်သည် ဆိုပြီး နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) အစီရင်ခံစာတရပ်တွင် ဖော်ပြသည်။ စစ်တပ်လိုလားသည့် အသိုင်းအဝိုင်းအနေဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် သဘောမကျ၊ မကျေမချမ်းဖြစ်မှုတို့ မြင့်တက်ခြင်းကို တွေ့မြင်ရနိုင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။ အတိုက်အခံတို့သည် စစ်အုပ်စု၏ ရွေးကောက်ပွဲပြင်ဆင်မှုများကို ပွဲဖျက်ဟန့်တားရန် ကြိုးပမ်းသွားဖွယ်ရာ ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ မင်းအောင်လှိုင်အပေါ် အများပြည်သူဝေဖန်မှု၊ အမြင်သဘောကွဲလွဲမှုတို့ ကြီးထွားလာခြင်းကို ညွှန်ပြနိုင်သည့် အကြီးတန်းစစ်တပ်အရာရှိများ ဖမ်းဆီးခံရမှုများ၊ စစ်အုပ်စု၏ စစ်မြေပြင်အရှုံးများနှင့် ၂၀၂၅ တွင် ဖြစ်နိုင်ဖွယ် … Read more

စခန်းဦးစီး စစ်အရာရှိက တပ်ဖွဲ့ဝင်များကို ချန်ခဲ့ပြီး ထွက်ပြေးသွား၍ လွတ်မြောက်

ဝေါ၊ ရှမ်းကိုင်းရွာ စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်စဉ် စခန်းဦးစီး စစ်အရာရှိက တပ်ဖွဲ့ဝင်များကို ချန်ခဲ့ပြီး ထွက်ပြေးသွား၍ လွတ်မြောက်၊ စစ်အရာရှိ ဖုန်းထဲမှ ပျူစောထီး အမည်စာရင်းများ ရရှိထား ပဲခူးတိုင်း၊ ဝေါမြို့နယ် ၊ ရှမ်းကိုင်းရွာ အကြမ်းဖက် စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်စဉ် စခန်းဦးစီး စစ်အရာရှိက တပ်ဖွဲ့ဝင်များကို ချန်ခဲ့ပြီး ထွက်ပြေးသွား၍ လွတ်မြောက်သွားပြီး စစ်အရာရှိ ဖုန်းထဲမှ ပျူစောထီး အမည်စာရင်းများ ရရှိထားကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရှမ်းကိုင်းကျေးရွာ ရေတံခါးဂိတ်ရှိ အကြမ်းဖက် စစ်သား နှင့် ပျူစောထီးများ ရှိနေသော ရွာအဝင်ဂိတ်ကို KNLA ဦးဆောင်သော ဝေါမြို့နယ် … Read more

နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သင်တန်းသားသစ် ၂၀၀ ခေါ်ယူ၍ စစ်သင်တန်းပေးမည်

နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် သင်တန်း သားသစ် ၂၀၀ ခေါ်ယူနေပြီး ဌာနလေးခုတွင် စစ်သင်တန်းပေးမည်ဖြစ်ကြောင်း တပ်ဖွဲ့ထံက သိရသည်။ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွင် လက်နက်ကိုင်တိုက်ခိုက်ရေးအဖွဲ့၊ လက်နက်ငယ် တိုက်ခိုက် ရေးအဖွဲ့၊ လက်နက်ကြီးတိုက်ခိုက်ရေးအဖွဲ့၊ ဒရုန်းတပ်နှင့် ရုံးပိုင်းဆိုင်ရာ စသည့် ဖွဲ့စည်းထား သည့်ဌာနများတွင် တာဝန်ထမ်းဆောင်ရန်အတွက် သင်တန်းသားသစ် ၂၀၀ ကို ခေါ်ယူသင်တန်း ပေးမည်ဖြစ်ကြောင်း သိရသည်။ “လတ်တလောရောက်လာတဲ့ သင်တန်းသားသစ်တွေကို အခြေခံသင်တန်းတွေပေးနေတာ ရှိပါတယ်။ ထပ်ပြီးဆော့ သင်တန်းသားသစ် ၂၀၀ ခေါ်ယူပြီးတော့ သင်တန်းပေးပါမယ်။ ဝင်ရောက်ချင်သူများရှိရင် ဖိတ် ခေါ်ပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDO ရုံးအဖွဲ့မှူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ လက်ရှိတွင် နေပြည်တော်တပ်ဖွဲ့သည် မဟာမိတ်တပ်များနှင့် ပူးပေါင်းပြီး တိုက်ပွဲများတွင် ပါဝင် ဆင်နွှဲတိုက်ခိုက်နေပြီး နောက်တန်းရဲဘော်များမှလည်း ပြင်ဆင်စုဖွဲ့‌ဆောင်ရွက်နေကြောင်း … Read more

မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် ဒရုန်းဖြင့် ဗုံးကျဲမှု စစ်တပ်ဘက်မှ ၄ ဦး သေဆုံး

စစ်ကိုင်း၊ ဆားတောင်ရဲစခန်းတွင် စစ်သား မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် ဒရုန်းဖြင့် ဗုံးကျဲမှု စစ်တပ်ဘက်မှ ၄ ဦး သေဆုံးပြီး သတို့သား အပါအဝင် ၁၂ ဦး ဒဏ်ရာရဟုဆို စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းအတွင်း မင်္ဂလာပွဲကျင်းပနေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး သတို့သား အပါအဝင် စစ်သား၊ ပျူစောထီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကြောင်လက်သည်းအဖွဲ့ တာဝန်ခံ ကိုဖက်တီးက ပြောကြားသည်။ ယမန်နေ့ အောက်တိုဘာလ ၂၂ ရက် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က စစ်ကိုင်းမြို့နယ်၊ ဆားတောင် ရဲစခန်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးနှင့် ညောင်ငုတ်တို ပျူစောထီးကျေးရွာမှ ပျူ စောထီးခေါင်းဆောင်၏ … Read more

ချစ်သူအမျိုးသမီးကို ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူးကို NUG တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်

ဝက်လက်တွင် ချစ်သူအမျိုးသမီးကို ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူးကို NUG တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာတွင် ချစ်သူအမျိုးသမီးကို သေနတ်ဖြင့် ပစ်သတ် ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦးအား အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တော ကျေးရွာနေ ချစ်သူ သမီးရည်းစားချင်း စကားများရန်ဖြစ်ရာ PDF ရွှေဘိုခရိုင်တပ်ရင်း ၂ ၊ တပ်ခွဲ ၁ – ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်း နိုင် (ခ) လင်းစေ သေနတ်ဖြင့် … Read more

AA ထိုးစစ်ကြောင့် အမ်းဆေးတပ်က စစ်ဆေးရုံကို ရွှေ့ပြောင်းရ

အာရက္ခတပ်တော်(AA) မှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)အနီးရှိ စရဖတပ်နှင့် ဆေးတပ်တို့ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေရာ ဆေးတပ်အတွင်းရှိ စစ်ဆေးရုံမှ လူနာများကို အမ်းမြို့ထဲရှိ အထက (၂)ကျောင်းသို့ ပြောင်းရွှေ့သွားသည်ဟု သတင်းရရှိသည်။ အမ်းမြို့ရှိ ပြည့်သူ့ဆေးရုံကြီးကိုလည်း ပြည်သူများ ဆေးကုသခွင့်ကို ပိတ်ထားလိုက်ပြီဟု သိရသည်။ AA က ထိုးစစ်နှင့်အတူ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အောက်တိုဘာ ၂၀ ရက်က ညတွင်းချင်း ဒဏ်ရာရလူနာများကို စစ်ဆရာဝန်အတူ ကားများဖြင့် ရွှေ့ပြောင်းသွားခဲ့သည်ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောကြားသည်။ “ဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်တွေ တော်တော်များပုံရတယ်။ ကား ၇ စီးနဲ့ ၃ ခေါက်ရွှေ့ပြောင်းရတယ်။ စစ်ဆရာဝန်တွေလည်းပါတယ်။ အခုကသူတို့ဟာ အထက ( ၂) စာသင်ကျောင်းမှာပါ။ စရဖနဲ့ ဆေးတပ်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်။ … Read more

မြင်းမူမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာနှင့် ဆက်ကြေး ကောက်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာနှင့် ဆက်ကြေး ကောက်နေသော စစ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြောင်-မြင်းမူ-ချောင်းဦး လမ်းဆုံ‌တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ စိန်ပြောင်းများဖြင့် ပစ်ခိုက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မြင်းမူမြိုနယ် ဂွေးပင်တောကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲ၍ ခရီးသွား ပြည်သူများထံမှ အတင်း အဓမ္မ ငွေကြေး တောင်းခံခြင်း ပြုလုပ်လျက်ရှိသော စစ်ကောင်စီ တပ်များကို ဒရုန်း ၁၁ … Read more

တပ်သားသစ်ရရှိရေး ပုံစံ ၃ မျိုးဖြင့် လုပ်ဆောင်နေ

စစ်ကောင်စီက စစ်မှုထမ်းရန် လူငယ် ၂၀၀၀၀ ကျော်ကို စုဆောင်း၍ တပ်သားသစ်ရရှိရေး ပုံစံ ၃ မျိုးဖြင့် လုပ်ဆောင်နေ စစ်ကောင်စီက ၎င်းတို့အတွက် စစ်မှုထမ်းရန် လူငယ်အမျိုးသား နှစ်သောင်းကျော်ကို စုဆောင်းထားပြီး တပ်သားသစ် ရရှိရေးအား ပုံစံသုံးမျိုးဖြင့် လုပ်ဆောင်နေကြောင်း မြန်မာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ထံက သိရသည်။ အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ ရှုံးနိမ့်လာသော စစ်ကောင်စီက ၎င်းတို့၏ တပ်အင်အား ပြုန်းတီးလာသည့်အတွက် စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့ပြီး လူငယ်များကို စုဆောင်းခဲ့ရာ လက်ရှိတွင် အမှတ်စဉ် ၆ အထိ ရောက်ရှိနေကြောင်း သိရသည်။ အဆိုပါဥပဒေဖြင့် တပ်သားသစ်စုဆောင်းမှုသည် အပတ်စဉ် တစ် မှ ငါးအထိ စုစုပေါင်းအင်အား ၂၁၀၀၀ ထက်မနည်း တွေ့ရှိရပြီး အပတ်စဉ် … Read more