တောင်ငူ လေတပ်စခန်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်
ပဲခူးတိုင်း တောင်ငူလေတပ်စခန်းကို အောက်တိုဘာလ ၂၀ ရက် ညက ၁၀၇ မမ ရှော့တိုက်ဒုံးသုံးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ပစ်မှတ်ကို နှစ်လုံးထိမှန်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ လေကြောင်းစစ်ဆင်ရေးတွေကို ဆောင်ရွက်နေပြီး အရပ်သားပြည်သူတွေ နေ့စဉ်သေဆုံးနေရသလို တောင်ငူလေတပ်က တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ အဓိကအားထားရတဲ့ လေတပ်ဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Brave Warriors for Myanmar (BWM) က ထုတ်ပြန်ပါတယ်။ ဒီပစ်ခတ်မှုကို Brave Warriors for Myanmar (BWM)ရဲ့ ဦးဆောင်မှုနဲ့အတူ NSA 31 မြို့ပြပြောက်ကျားအဖွဲ့နဲ့ စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တွေက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို … Read more