ဇီးဖြူကုန်းပျူစောထီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ရိက္ခာနှင့် လက်နက် ခဲယမ်း အထုတ် ၉၆ ထုတ် ကျဲချ ပို့ဆောင်

ပုလဲမြို့နယ်တွင် စားနပ်ရိက္ခာပြတ်လပ်နေသော ဇီးဖြူကုန်းပျူစောထီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ရိက္ခာနှင့် လက်နက် ခဲယမ်း အထုတ် ၉၆ ထုတ် ကျဲချ ပို့ဆောင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စားနပ်ရိက္ခာပြတ်လပ်နေသော ဇီးဖြူကုန်းပျူစောထီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ရိက္ခာနှင့် လက်နက် ခဲယမ်း အထုတ် ၉၆ ထုတ် ကျဲချ ပို့ဆောင်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာ ရှမ်းတဲ လေတပ်မှ Y-8 လေယာဉ်ဖြင့် စားနပ်ရိက္ခာပြတ်လပ်နေသော ဇီးဖြူကုန်းပျူစောထီးရွာကို ရိက္ခာနှင့် လက်နက် ခဲယမ်း အထုတ် ၉၆ ထုတ် ကျဲချ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ လေယာဉ်ပေါ်က … Read more

စစ်မှုထမ်းရန်အလှည့်ကျသည်ဟုလိမ်လည်ခေါ်ဆောင်ပြီး သိန်း ၈၀ ဖြင့်ရောင်းစားခံရသူ ရခိုင်တွင် သေဆုံး

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ စစ်မှုထမ်းရန်အလှည့်ကျသည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင် ပြီးရောင်းစားခံရသည့်အမျိုးသားတဦး ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း သေဆုံးသွားကြောင်း မိသားစုနှင့်နီး စပ်သူများက ပြောသည်။ ကျုံပျော်မြို့နယ်၊ အင်းရဲကျေးရွာအုပ်စု၊ သုံးပင်ဆိုင်ကျေးရွာနေ အသက် ၃၅ နှစ်အရွယ် ကိုစိန်အောင်မင်း ဆိုသူ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဖြစ်စဥ်မှာ စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ်(၄)အတွက် အင်းရဲကျေးရွာအုပ်စုတွင် မဲနှိုက်ရာမှ မဲပေါက် ထားသူကိုအောင်မင်းစိန်အား စစ်မှုထမ်းရန်အလှည့်ကျသည်ဟုဆိုကာ အင်းရဲကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ဦးအောင်မြင့်စိုးနှင့် သုံးပင်ဆိုင်ကျေးရွာ ရာအိမ်မှူး ဦးသက်အောင်မြင့်တို့က ဇူလိုင်လ ၁၉ ရက်နေ့တွင် လာရောက်ခေါ်ဆောင်သွားခဲ့သည်။ ထို့သို့ခေါ်ဆောင်သွားပြီးနောက် အင်းရဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးနှင့် သုံးပင်ဆိုင် ကျေးရွာ ရာအိမ်မှူးဦးသက်အောင်မြင့်တို့က ကိုစိန်အောင်မင်းကို ရေကြည်မြို့နယ်၊ ကွင်းချောင်းကျေးရွာ အုပ်စုမှ စစ်ကောင်စီလက်အောက်ခံများထံ ငွေကျပ် သိန်း ၈၀ ဖြင့်ရောင်းစားခဲ့သည်ဟု မိသားစုနှင့်နီးစပ်သူက … Read more

ထောက်ကြန့်ရှိ ခမရ(၁၀၆)တပ်ရင်းအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ ထောက်ကြန့်မြို့နယ် လှော်ကားလမ်းဆုံ အနီးရှိ စစ်ကောင်စီ၏ ခမရ(၁၀၆) တပ်ရင်းအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Dark Shadowတာဝန်ခံ ရဲဘော်အရိပ်ကပြောသည်။ အောက်တိုဘာ ၁၆ ရက် ညနေ ၆နာရီခွဲခန့်တွင် ‌ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုနှင့်ပတ်သက်၍ အတိအကျမသိရသေးကြောင်း ၎င်းက ပြောသည်။ ရန်ကုန်မြေပြင်သတင်းများကိုဖော်ပြပေးနေသည့် Rangoon Scout Network-RSNက အောက်တိုဘာ ၁၆ရက်ညတွင် ထောက်ကြန့်ဘက်၌ ပေါက်ကွဲသံကြားရကြောင်း အသိပေးထားသည်။ စစ်ကောင်စီလက်အောက်ခံများကို သတိပေးသည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး အခြားပစ်မှတ်များကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဟု ရဲဘော်အရိပ်က ပြောသည်။ “မိဘပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သော နေရာများ၊ စစ်ကောင်စီ မှ ရခ၊ စခနှင့် ပျူစောထီးများ၊ အရပ်ဝတ်စစ်ခွေးများ စုဝေးရာနေရာများသို့ မသွားကြရန် နှင့်ဝေးဝေးမှရှောင်ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်”ဟု Dark Shadow ကထုတ်ပြန်ထားသည်။ … Read more

ကန်ပိုက်တီရှိ နယ်ခြားစောင့်တပ်ရင်း(၁၀၀၃) ဌာနချုပ်ကို KIA စတင်တိုက်ခိုက်

တရုတ်နိုင်ငံနှင့် နယ်စပ်ဖြစ်‌သော ကန်ပိုက်တီမြို့မှ စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၁၀၀၃)ဌာနချုပ်ကို KIA က တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။ ကန်ပိုက်တီမြို့နယ် စင်ကျိုင်ကျေးရွာရှိ BGF တပ်ရင်း(၁၀၀၃)ဌာနချုပ်ကို ယနေ့ (အောက်တိုဘာ ၁၇ရက်) နံနက်တွင် KIA က စတင်ထိုးစစ်ဆင်ခြင်းဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။ “သိပ်မကြာလှပါဘူး။ စင်ကျိုင်ကကျမှာ။ BGF တွေ တောင့်မခံနိုင်လောက်ဘူး”ဟု ၎င်းက ပြောသည်။ စင်ကျိုင်ကျေးရွာသည် BGFတပ်ရင်း(၁၀၀၃) ဌာနချုပ် ရှိပြီး ဒေသခံများသည် ဘေးလွတ်ရာ တိမ်းရှောင် နေကြရသည်။ ” ဒီပန်ဝါ မရောက်ခင်နားက ချန်းရင်းခူးဆိုတဲ့ အဲဒီမှာ တပ်ရင်းကုန်း ရှိတယ်။ အဲဒီမှာ စစ်ဖြစ်နေတယ်။ ဒီမနက် ၅နာရီခွဲလောက်က ဖြစ်တာ အခုထိဖြစ်နေဆဲလို့ ပြောတယ်။ အဲဒီနေရာကနေ ပန်ဝါဆိုရင်တော့ (၆)မိုင်၊ … Read more

NUG တောင်ပိုင်းစစ်ဒေသတွင် ၁ လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄၇ ဦး သေဆုံး

NUG တောင်ပိုင်းစစ်ဒေသတွင် ၁ လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄၇ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ၁၇ ဦးသေဆုံးခဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တောင်ပိုင်း စစ်ဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာ တစ်လတာအတွင်း စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲပေါင်း ၆၆ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၇ ဦးသေဆုံးပြီး ၉၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ ကထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်နှင့် ထိ‌တွေ့တိုက်ပွဲပေါင်း ၆၆ ကြိမ်ဖြစ်ပွားခဲ့ရာ စခန်းသိမ်းတိုက်ပွဲ သုံး ကြိမ်အထိ ပါဝင်ခဲ့သည်။ ထို့အတူ တော်လှန်ရေးပူး‌ပေါင်း တပ်ဖွဲ့များဘက်မှလည်း ထိခိုက်မှုများရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ၁၇ ဦးကျဆုံးခဲ့ရပြီး ၄၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိတွေ့တိုက်ပွဲများအပြင် စစ်ကောင်စီဒေါက်တိုင်များကို … Read more

ဒီပဲယင်းမြို့မရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်

ဒီပဲယင်းမြို့မရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၁ ဦး သေဆုံးပြီး ၁ ဦးအရှင်မိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး ၁ ဦးအရှင်မိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒီပဲယင်း အဖြူရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဒီပဲယင်းမြို့ မြို့မရဲစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးများက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှု အတွင်း … Read more

ယုန်လေး ရိုက်ကူးသည့် Original Gangster 3 ရုပ်ရှင်ဇတ်ကား လူမကြည့်မှာ စိုးရိမ်၍ သာကေတ လူမိုက်များက ရုပ်ရှင် လက်မှတ် အတင်းအကျပ် ခြိမ်းခြောက်ရောင်းနေ

စစ်တပ်ဘက်တော်သား ယုန်လေး ရိုက်ကူးသည့် Original Gangster 3 ရုပ်ရှင်ဇတ်ကား လူမကြည့်မှာ စိုးရိမ်၍ သာကေတ လူမိုက်များက ရုပ်ရှင် လက်မှတ် အတင်းအကျပ် ခြိမ်းခြောက်ရောင်းနေ အကြမ်းဖက် စစ်ကောင်စီဘက်တော်သား ယုန်လေး ရိုက်ကူးသည့် Original Gangster 3 ရုပ်ရှင်ဇတ်ကား လူမကြည့်မှာ စိုးရိမ်၍ သာကေတ လူမိုက်များဖြစ်ကြသည့် ၀င်းထွဋ်၀င်းနှင့် သံဗုဒ္ဓေတို့က ရုပ်ရှင်လက်မှတ် အတင်းအကျပ် ခြိမ်းခြောက်ရောင်းနေကြောင်း သာကေတနှင့်မြို့ တွင်း သွားလာနေသည့် ပြည်သူများကပြောဆိုသည်။ ယုန်လေးရိုက်ကူးသည့် Original Gangster 3 ရုပ်ရှင်ဇတ်ကားကို သာကေတ လူမိုက်များဖြစ်ကြသည့် ၀င်းထွဋ်၀င်းနှင့် သံဗုဒ္ဓေတို့က ဝန်းရံကြပြီး ယင်းရုပ် ရှင်ဇတ်ကားကို သွားရောက်ကြည့်ရှုကြရန်၊ ရုပ်ရှင်လက်မှတ်များ ဝယ်ကြရန် သာကေတနှင့် မြို့တွင်းမှ ပြည်သူများ၊ စီးပွား … Read more

စစ်တပ်က ကျင်းပရန် ပြင်ဆင်နေသည့် သပိတ်မျှောပွဲကို SGDF အဖွဲ့က ၂ ရက်ဆက် ဖောက်ခွဲ တိုက်ခိုက်

ထားဝယ်မြို့တွင် စစ်တပ်က ကျင်းပရန် ပြင်ဆင်နေသည့် သပိတ်မျှောပွဲကို SGDF အဖွဲ့က ၂ ရက်ဆက် ဖောက်ခွဲ တိုက်ခိုက်၊ ပြည်သူများ ပွဲတော်ကို လာရောက်ခြင်း မပြုလုပ်ရန် အသိပေး တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် အကြမ်းဖက် စစ်တပ်က ကျင်းပရန် ပြင်ဆင်နေသည့် သပိတ်မျှောပွဲကို SGDF အဖွဲ့က ၂ ရက်ဆက် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ပွဲတော်ကို လာရောက်ခြင်းမပြုလုပ်ရန် အသိပေးလိုကြောင်း Sky Ghost Drone Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ အောက်တိုဘာလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တွင် ထားဝယ်မြို့ ကမ်းနားလမ်းရှိ အကြမ်းဖက် စစ်တပ်က ကျင်းပရန် ပြင်ဆင်နေသည့် သပိတ်မျှောပွဲနေရာကို Sky Ghost … Read more

စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA၊ PDF ပူးပေါင်း တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်

လေ့ကေ့ကော်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA၊ PDF ပူးပေါင်း တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက် တပ်မ ၄၄ ဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများ ထွက်ပြေး ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေ့ကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA ဦးဆောင်သော တော် လှန်ရေးတပ်များ ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KNLAနှင့်PDF သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီအချိန် လေ့ကေ့ကော်မြို့သစ်အနီး စွယ်တော်ကုန်း(ခ) ခွေးကုန်း စစ်တပ်ဗျူဟာစခန်းကို KNLA ၊ ကော်ဘရာစစ်ကြောင်း၊ PDF ပူးပေါင်းစစ်ကြောင်းများက သိမ်းပိုက်ရရှိကြောင်း၊ လက် နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိကြောင်း၊ သိမ်းဆည်းရရှိသော … Read more

ရှမ်း-မန်း စစ်ဆင်ရေး အတွင်းက အညာသား တော်လှန်ရေး ရဲဘော်တွေ

အညာဒေသ ရွှေဘိုခရိုင် PDF တပ်ရင်း – ၂၆ က ရဲဘော်‌ ‌ကျော်လှိုင်မင်း တစ်ယောက် စစ်ရေး အတွေ့အကြုံ ရဖို့နဲ့ လက်နက် ရရှိဖို့အတွက် ညီနောင်မဟာမိတ်သုံးဖွဲ့ရှိရာ ရှမ်းမြောက်ဒေသကို တပ်ရင်းက ရဲဘော်ရဲဘက် ၁၀၀ ကျော်နဲ့ အတူ အခုနှစ် ဖေဖော်ဝါရီလမှာ ထွက်ခွာခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ရဲဘော်ကျော်လှိုင်မင်းဟာ လေးနှစ်အရွယ် သားတစ်ဦး၊ ချစ်ရတဲ့ ဇနီးသည်နဲ့ အတူ ပျော်ရွှင်ဖွယ်ရာ မိသားစု ဘဝကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမယ့် အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်ရေး လက်နက်ကိုင် တော်လှန်ဖို့ ရွေးချယ်ခဲ့ပြီးနောက် လိုအပ်တဲ့ စစ်ရေး အတွေ့အကြုံနဲ့ လက်နက် ရရှိဖို့အတွက် အခုလို ရှမ်းမြောက် ဒေသဆီ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ “သူကတော့ … Read more