ဘုတ်ပြင်း၊ လောင်းလုံးနှင့် ရေဖြူ တို့တွင် စစ်တပ် စခန်းနှင့် စစ်ကြောင်းတို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ချောင်းမွန်ကျေးရွာအနီး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၂ ခုနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ ဒုရဲအုပ်လပြည့်က ပြောဆိုသည်။ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ချောင်းမွန်ကျေးရွာအနီးရှိ တော်လှန်ရေး တပ်ဖွဲ့များ၏ R Zero ဂိတ်ကို လေညာတပ်နယ်ကို တပ်သားသစ်များပို့ဆောင်ရန် လာရောက်သည့် အင်အား ၄၅ ဦးပါ စစ်ကြောင်းနှင့် တပ်သားသစ်များ လာရောက်ခေါ်ဆောင်သော အင်အား ၃၀ ပါ စစ်ကြောင်းတို့က R Zero ဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ဒရုန်းများဖြင့် […]