ဝရမ်းရှင် ကြင်စိုး
(က) စိမ်းသရဖူစိမ်း တောင်ကျောင်းဆရာတော်က အားရပါးရ မိန့်တော်မူနေလေရာ အစိမ်းဒကာကျော် အဘစိမ်းမောင်က အားတက်သရော ထောက်ခံလျက် ရှိပေ၏။ အရွှင်အဘ စောမူးသာနှင့် စစ်ပြန်ကြီး အဘလုံးတုံးတို့က ပြုံးစ ပြုံးစနှင့် အလိုက်သင့် ခေါင်းတွေတညိတ်ညိတ် လုပ်နေကြကာ ကျွန်ုပ်ဖေကြီးအား အဓိပ္ပာယ်ပါပါ လှမ်းကြည့်ကြပါလေရာ များမကြာခင် တိုက်စစ်မြင်ရမည်ဟု ခန့်မှန်းရပါလေ၏ ခင်ဗျာ။ “ ‘ဝရမ်း’ ထုတ်တာတို့၊ ဝင်ဖမ်းမှာတို့ကို ခေါင်းမရှိတဲ့ကောင်တွေပဲ စွတ်ယုံကြတာ စိမ်းမောင်ရ” “မှန်ပါဘုရာ့၊ သူတို့ လုပ်ချင်တိုင်းလုပ်လို့ရ မတဲ့လား၊ တပည့်တော်တို့က ကိုယ့်အချုပ်အချာနဲ့ ကိုယ်နေတာလေ” “အေးလကွာ၊ ပြီးတော့ တပ်ချုပ်ကြီးကို ဖမ်းဝရမ်းထုတ်ရအောင်ကလည်း ငါတို့နိုင်ငံက အဲသည် ‘ICC’ အဖွဲ့ထဲ ဝင်ထားတဲ့နိုင်ငံလည်း မဟုတ်ဘူးဟ” “အဲဒါကြောင့် ပြောတာပေါ့၊ ‘တဖက်ပိတ်’ တွေဆိုတာ” “ဝါး […]
ဝရမ်းရှင် ကြင်စိုး Read More »