ကောလင်း အရှေ့ခြမ်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ကောလင်းအရှေ့ဘက်ခြမ်းတွင် ယနေ့ ဧပြီ ၂၁ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များမှ နယ်မြေရှင်းလင်းမှုများလုပ်ဆောင်စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ရှစ်လောင်းရရှိခဲ့ကြောင်း သိရသည်။ ကောလင်းအရှေ့ခြမ်း တံဇူးရွာဘုရားကုန်းအနီးတွင် ယနေ့ နံနက် ၅နာရီခန့်က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း Kawlin People Defense Force KLPDF ကထုတ်ပြန်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များ အထိနာခဲ့ပြီး နေ့လယ် ၁၂ နာရီခန့်တွင် ကောလင်း မြို့အတွင်းမှ စစ်ကူအင်အား ၈၀ ခန့် ရောက်ရှိလာကာ တိုက်ပွဲဆက်လက် ပြင်းထန်ခဲ့ ကြောင်းသိရသည်။ “ဝန်းသိုဘက်ကနေလည်း ဟောင်ဝစ်ဇာတွေနဲ့လှမ်းထုတယ်။ နေ့လယ် ၁နာရီခွဲကျော်မှာ ကန့်ဘလူ ၆၀၀၆ တပ်ရင်းထဲကို MI-17 ဆင်းတယ်။ စစ်ကူကတော့ … Read more