မတ္တရာမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး (ရုပ်/သံ)
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ နိုဝင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် အင်အား ၅၀ ခန့်ဖြင့် မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာ၌ ၄ ရက်ကြာတပ်စွဲပြီး မတ္တရာမြို့ဘက်သို့ ပြန်ထွက်လာစဉ် ဥဒိန်ကျေးရွာအထွက်နှင့် သစ်ပုဒ်ပင်ရွာတို့အ ရောက် ဒရုန်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးသီး ၁၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ် သား ၂ ဦးသေဆုံးခဲ့ ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် သစ်ပုဒ်ပင်ရွာမှ ပြည်သူ့နေအိမ်တစ်လုံး ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အနီးအနားရှိ ဖရဲခင်းစိုက်ပျိုးနေသူ ပြည်သူများကို ပစ်ခတ်ခဲ့ရာ ပြည်သူ … Read more