မဟုတ်တာမှန်သမျှလုပ်ချင်တိုင်းလုပ်နေခဲ့တာတွေကို ကာဗာပေးပြီးရပ်တည်ခဲ့ချိန်က “ဆွေမျိုးနဲ့ ပေါက်ဖော်”

မဟုတ်တာမှန်သမျှလုပ်ချင်တိုင်းလုပ်နေခဲ့တာတွေကို ကာဗာပေးပြီးရပ်တည်ခဲ့ချိန်က “ဆွေမျိုးနဲ့ ပေါက်ဖော်” အပေးအယူမတည့်တဲ့အချိန်ရောက်လာတော့ “မအေရိုးပါတဲ့စောက်ဆော်”လို့.ပြောနေကြပြီး သံရုံးရှေ့အထိ.စာတန်းတွေကိုင်. အော်ချင်ရာတွေ သွားအော်ပြီး.ငယ်သံပါနေကြပါပြီ ၁၉၆၇.ဇွန်လ စိန/ဗမာအရေးအခင်းအပြီး သံတမန်ဆက်သွယ်ရေးအနိမ့်ဆုံးအဆင့်ကျခဲ့ရာကနေ ၁၉၇၀မှာ.ထိုစဥ်က. မော်စီတုံးရဲ့ဝန်ကြီးချုပ်ချူအင်လိုင်းက နေဝင်းကို ဖိတ်ကြားခဲ့ပြီး.စိနပြည်ကို.သွားလည်ရာက ပြန်လည်ကောင်းမွန်လာခဲ့တဲ့စိန/မြန်မာဆက်ဆံရေးဟာ ၁၉၈၈မှာ.အာဏာထပ်သိမ်းခဲ့ချိန်ကအစပြုလို့ နိုင်ငံတကာပိတ်ဆို့မှု့တွေကို.စိနအားကိုးနဲ့ရပ်တည်ခဲ့ပြီး ထိုစဥ်ကမီးရထားဝန်ကြီးဖြစ်ခဲ့သူအောင်မင်းက “တရုတ်ကိုကြောက်နေရပါတယ်”လို့ သမိုင်းဝင်စကားနဲ့ဝန်ခံခဲ့ရတဲ့အထိ စိနကို.တပည့်ခံလာခဲ့ပြီးမှ… ဒီတခေါက်.မျောက်ဖိုးစိန်က ဆရာ့.ဆရာကြီးများလမ်းစဥ်ကိုသွေဖည်ပြီး ရိုးရာမပျက်.စိနကိုးကွယ်မှု့ကို.ကာပြန်ခဲ့ကာ အတတ်ဆန်းပြီး.အဝေးကြီးက.ရုရှားကို ပြောင်းလဲပူဇော်လိုက်တဲ့အခါ နတ်ကိုင်ခံရသလို.တစ္ဆေကြီးစိနရဲ့ပြုစားခြင်းတွေကြောင့် ဆောက်တည်ရာမရဖြစ်နေခဲ့ပါပြီ. မျောက်ဖိုးစိန်ဟာ. အာဏာကိုသာအငမ်းမရလိုချင်နေပေမဲ့ စိနနဲ့ပတ်သက်တဲ့.ရာဇဝင်ကြောင်းကိုမေ့ထားခဲ့ပုံပါ စိနဟာ.စိန/ဗမာအရေးအခင်းမတိုင်ခင်ကတည်းက သူ့အကူအညီကိုမယူဘဲ. ထိုစဥ်ကဆိုဗီယက်ပြည်ထောင်စု(အခု.ရုရှား)ဆီက နည်းပညာနဲ့အကူအညီရယူခဲ့မှု့ကြောင့် အစာမကြေဖြစ်ခဲ့ပြီး. စိန/ဗမာအရေးအခင်း.မြစ်ဖျားခံရာပြဿနာဖြစ်တဲ့ တရုတ်ကျောင်းတွေကကျောင်းသားတွေကို မော်စီတုံးတံဆိပ်တပ်ပြီး.ကျောင်းတက်စေခဲ့ခြင်း စိနသံရုံးက.ယဥ်ကျေးမှု့တော်လှန်ရေးရဲ့စာအုပ်နီများကို တရုတ်ကျောင်းသားများကိုဖြန့်ဝေခဲ့ခြင်းတို့ ပြုလုပ်ခဲ့ခြင်းကြောင့် မော်စီတုံးတံဆိပ်တပ်ဆင်ကျောင်းတက်သူများကို. မြန်မာဆရာ/ဆရာမများက တားမြစ်ခဲ့ရာကနေ အခြားသော.ကောလဟဠသတင်းများပါ.ပါလာခဲ့ပြီး စိန/ဗမာအရေးအခင်းကြီးဖြစ်လာခဲ့ပါတယ် ဒီအရေးအခင်းကြီးဖြစ်အောင် စိနကလည်း.တမင်လုပ်ယူခဲ့သလို ထိုစဥ်က အာဏာရှင်နေဝင်းကလည်း နိုင်ငံတွင်းမှာ.သူ့ရဲ့လမ်းစဥ်ညံဖျင်းမှု့များဖြစ်တဲ့ ပြည်သူပိုင်သိမ်းယူမှု့၊..စီးပွားရေးနယ်ပယ်တွေမှာ … Read more

“လက်နက်တွေ ယူနီဖောင်းတွေကို မြှုပ်ပြီးတော့ အရပ်သားအနေနဲ့ ပြေးချင်တာပေါ့”

မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်တွင် အစည်ကားဆုံးနှင့် အတိုးတက်ဆုံးမြို့ဖြစ်သော လောက်ကိုင်သည် တရုတ်နိုင်ငံ၏ ကျားဖြန့်နှိမ်နင်းရေးနှင့် မြောက်ပိုင်းမဟာမိတ်တို့၏ စစ်ဆင်ရေးတို့ကြောင့် လူသူကင်းမဲ့ကာ တိတ်ဆိတ်ခြောက်ကပ်သွားသည်။ မကြာမီ စစ်တလင်းဖြစ်တော့မည့် အခြေအနေကြောင့် ထောင်နှင့်သောင်းနှင့်ချီသော မြို့ခံများနှင့် အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းအလုပ်သမားများ လောက်ကိုင်ကို စွန့်ခွာထွက်ပြေးကြရသည်။ ကိုးကန့်ဒေသမြို့တော် လောက်ကိုင်ကို စွန့်ခွာလာသူများအနက် လူငယ်တစ်ဦးကိုဆက်သွယ်မေးမြန်းထားသည်။ ရန်ကုန်မြို့ဇာတိ အသက် ၃၀ အရွယ် ထိုလူငယ်မှာ လောက်ကိုင်ရှိ စားသောက်ဆိုင်တစ်ခုမှ ဝန်ထမ်းဖြစ်သည်။ နိုဝင်ဘာ ၉ ရက်နေ့တွင် လောက်ကိုင်မြို့မှ ထွက်ခွာလာပြီးနောက် သီတင်းနှစ်ပတ် ခက်ခက်ခဲခဲကျော်ဖြတ်ပြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးကို ရောက်ရှိခဲ့သည်ဟု ဆိုသည်။ လမ်းခရီးတွင် အရပ်ဝတ်ဖြင့် ထွက်ပြေးရန် ကြိုးစားသည့် စစ်သားများလည်း တွေ့ခဲ့ရသည်ဟု ထိုလူငယ်က ပြောသည်။ ဆက်သွယ်မေးမြန်းထားသည်များအနက် စိတ်ဝင်စားဖွယ်အကြောင်းအရာတချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ မေး – … Read more

ပြည်သူ​တွေကို အာရုံ​ပြောင်းဖို့ကြိုးစား​နေသည့် 7th Sense ၏ ကိုယ်ပွား​ခြေလှမ်းများ

V7 Entertainment ၊ W Entertainment ၊M Entertainment Channel ၊ မီးမီးမွှေးကုမ္ပဏီ ၊SM Winner ၊ဆုံမှတ်၊ Hey Play စသဖြင့် ထုတ်လုပ်ရေးလုပ်ငန်းများစွာကို အမည်ခွဲများစွာဖြင့် ပြန်လည်လှုပ်ရှားလာသည်။ အထူးသဖြင့် အာဏာသိမ်းထားမှု အနည်းငယ်ကြာလာ​သောအခါ လူထုကို အာရုံ​ပြောင်းလှည့်စားရန်ပိုလုပ်လာခြင်းဖြစ်သည်။ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်ဦးဆောင်၍ စစ်တပ်အပေါင်းအပါများ၊ ခရိုနီများပူး​ပေါင်း တည်​ထောင်ထား​သောရုပ်ရှင် ထုတ်လုပ်ရေးဖြစ်သည်။ စစ်အုပ်စုအာဏာသိမ်းမှု ​ကြောင့် မင်းအောင်လှိုင်နှင့် သားသမီးများ ပိုင်ဆိုင်သော စီးပွါးရေး လုပ်ငန်းများကို အ​မေရီကန် အစိုးရက ၂၀၂၁ မတ်လတွင် ပထမဆုံးအသုတ် အဖြစ်အ​ရေးယူပိတ်ဆို့ဒဏ်ခတ်ခဲ့ရာ 7th Sense ထုတ်လုပ်ရေးလည်းပါဝင်ခဲ့သည်။ ပြည်သူများကလည်း ဝိုင်းဝန်း သပိတ်​မှောက် ခဲ့ကြသည်။ … Read more

မန္တလေးမြို့နှင့် အနီးဆုံး ရောက်လာသော “၁၀၂၇ စစ်ဆင်ရေး”

မတ္တရာအနီး စစ်ရေးစီမံချက် စတင်ချမှတ်စဉ်ကတည်းက မန္တလေးမြို့အထိ ထိုးဖောက်ဝင်ရောက်နိုင်ရေး ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု MDY-PDF ဘက်က ဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ စတင်သည့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်း တိုက်ပွဲများမှာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ အစပြုခဲ့သည့် “၁၀၂၇“ စစ်ဆင်ရေး၏ အစိတ်အပိုင်းဖြစ်ကြောင်း တအာင်းတပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့က ပြောသည်။ မန္တလေးမြို့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ၊ ကားဖြင့် တစ်နာရီခရီးသာရှိသော မတ္တရာမြို့နယ်အရှေ့ခြမ်း ကင်းကျေးရွာအနီး နိုဝင်ဘာ ၁၃ မှ ၁၆ ရက်အထိ ၃ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ သေဆုံး၊ ဒဏ်ရာရခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ … Read more

လေကြောင်းပစ်မှတ်အမိန့် ဘယ်ကလာသလဲ

စစ်ကောင်စီလေတပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုကို အခြေအနေ နှစ်မျိုးမှာသုံးပါတယ်။ ခြေလျင်တပ်က စစ်ကူတောင်းတဲ့အချိန်နဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ဝေဟင်ကနေ ဗုံးကြဲတာမျိုးဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်တဲ့နေရာတွေမှာ အနီးကပ်လေကြောင်းပစ်ကူပေးတာနဲ့ တစ်ဖက်လက်နက်ကိုင်အဖွဲ့ရဲ့ အခြေစိုက်စခန်းတွေကို ဗုံးကြဲတာမျိုးလို့လည်း ပြောနိုင်ပါတယ်။ ဒီပုံစံနှစ်မျိုးအတွက် လေတပ်အကူအညီရယူတဲ့အခါမှာ အဆင့်ဆင့်သတင်းပေးပို့မှုတွေ လုပ်ပြီး ပစ်မှတ်အတွက် အတည်ပြုချက်ယူတယ်လို့ CDM လုပ်လာခဲ့တဲ့ လေတပ်အရာရှိတစ်ဦးကပြောပြပါတယ်။ ပစ်မှတ်ရှိတဲ့ ဒေသနဲ့ဧရိယာ၊ ပြုလုပ်ရမယ့် စစ်ဆင်ရေးအခြေအနေကိုအရင်ဆုံး စိစစ်ပြီး လေယာဥ် အလိုက် ပစ်ခတ်ရမယ့် ဗုံးအမျိုးအစားတွေကို တပ်ဆင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဂူးဂဲလ်မြေပုံကိုအသုံးပြုသလို Air Navigation Pro လို လေကြောင်းသုံးအက်ပလီ ကေးရှင်းတွေနဲ့ တည်နေရာလမ်းကြောင်းတွေကို လေယာဥ်မှူးက စစ်ဆေးတာကို အရင်ဆုံး စတင်လုပ်ဆောင်တာပါ။ စစ်ဆေးမှုတွေပြီးစီးရင် သွားမယ့်ဒေသနဲ့ ဧရိယာအတွင်းက ဗျူဟာမှူး၊ တိုင်းမှူ နဲ့ ကစထမှူး … Read more

စာကျက်သံတွေပျောက်သွားတဲ့ရွာ

လေကြောင်းပစ်ခတ်မှု တစ်ခုအတွက် စစ်တပ်ဘယ်လောက်သုံးလဲ ဝေလူးရွာရဲ့ ညစာသင်ဝိုင်းက စာကျက်သံတွေကို ‌ခပ်နိမ့်နိမ့်ပျံနေတဲ့ ‌စစ်လေယာဥ်သံက ဖုံးလွှမ်းသွားပါတယ်။ ‌‌ချင်းပြည်နယ်ရဲ့ တောင်ဘက်အကျဆုံး မတူပီမြို့နယ်နဲ့ မိုင် ၄၀ ဝေးတဲ့ ဝေလူးရွာမှာ ညတိုင်းနီးပါး စာကျက်သံတွေဖုံးလွှမ်းနေတာ လချီကြာခဲ့ပါပြီ။ ဒေသတွင်းက ပဋိပက္ခတွေကြားမှာ စာမသင်ရတဲ့ ဝေလူးရွာက ကလေးတွေကို CDM ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးဟာလောင်းက သူ့ အိမ်မှာနေ့တိုင်း စာသင်ပေးနေခဲ့တာပါ။ ဒါပေမဲ့ နိုဝင်ဘာ ၁၅ ရက် ည ၇ နာရီ‌လောက်မှာတော့ ဆရာဟာလောင်းနဲ့ ကလေးငယ်တွေဆီကို ကံကြမ္မာဆိုးက ရောက်လာခဲ့ပါတယ်။ ပလက်ဝနဲ့ မတူပီမြို့နယ်အစပ်တဝိုက်ကိုလာတဲ့ စစ်တပ်လေယာဥ်ရဲ့ ဗုံးဆံတွေက စာကျက်သံတွေညံနေတဲ့ ကျောင်းဆရာ ဦးဟာလောင်းရဲ့ အိမ်ပေါ်တည့်တည့် ကျရောက်ခဲ့ပါတယ်။ ” အဲဒီညက လေယာဥ်သံတွေကိုရွာကအကုန်ကြားကြတယ်။ပုံမှန်ပျံနေကြတာလို့ပဲထင်ကြတယ်။ ရွာကိုလာပစ်တယ်လို့မထင်ဘူး။ အဲဒီလိုကြားပြီးသိပ်မကြာဘူး။ … Read more

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက တပြည်လုံးအနှံ့အပြားမှ တော်လှန်ပုန်ကန်ခဲ့၏။ မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲ၊ လှုပ်ရှားစစ်ကြောင်းများအား တိုက်ခိုက်သည့်တိုက်ပွဲ၊ မြို့ပြပြောက်ကျားတိုက်ပွဲ စသည့် တိုက်ပွဲပေါင်းများစွာကို ပြီးခဲ့သည် နှစ်နှစ်ခွဲကျော်အတွင်း တွေ့ခဲ့ရသည်။ ထိုများပြားသည့် တိုက်ပွဲများထဲက စစ်တပ်အာဏာသိမ်းသည့် ရက် ၁,၀၀၀ ပြည့်ဖြစ်သော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့ ဆင်နွှဲသည့် ၁၀၂၇ စစ်ဆင်ရေးသည် ရိုက်ချက်အပြင်းဆုံး ဖြစ်ခဲ့ပြီး ပြည်တွင်းပြည်ပမှ အာရုံစိုက်ခဲ့ကြရသည့် စစ်ဆင်ရေးတရပ် ဖြစ်သည့်အပြင် ပြိုကျနေသော စစ်ကောင်စီတပ်၏ သရုပ်မှန်ကို မြင်တွေ့ခဲ့ရ၏။ စစ်အင်အားစုစည်းမှု ၁၀၂၇ စစ်ဆင်ရေး၏ စစ်ရေးအရ … Read more

Premium Petrol Vs Regular Petrol: What’s the Difference?

A lot of Singaporeans believe that premium petrol (98-octane etc.) will increase the performance of your car and is generally better for your car. But is this belief true? Or even justified? Is the (significantly) higher price worth it? Let’s find out. Difference between Octane Ratings Most petrol kiosks in Singapore offer petrol with octane … Read more

SMART goals

Many companies use the SMART goal setting process as a guide to set goals that could be converted into an executable plan. SMART is a mnemonic, which stands for Specific, Measurable, Achievable, Relevant, and Timely, and it does help in keeping things realistic and objective. An Introduction to SMART Goal Setting Specific goals are always … Read more

မဟာသမ္ဘဝနှင့် စူဠသမ္ဘဝ အမြွှာညီနောင် (ပန်ထွာမင်းသမီး၏ ဝိညာဉ် ကျိန်စာ)

ပန်ထွာမင်းသမီး၏ မျိုးရိုးကား မင်းမျိုးများဖြစ်ကြသည်။ တကောင်းပြည် အဆက်အနွယ်များ ဖြစ်ကြသည်။ တကောင်းမင်း၏ သားတော် “သတိုးမဟာရာဇာ”(သတိုးမင်းဆက် ၁၇-ဆက်မြောက်)နှင့် မိဖုရားကြီးတို့မှ အမြွှာသားတော်၂ ဦး မွေးဖွားရာ ယင်းတို့အား-မဟာသမ္ဘဝ -စူဠသမ္ဘဝဟု မှည့်ခေါ်ခဲ့သည်။ ထိုအမြွှာညီနောင်အား သာသနာသက္ကရာဇ် ၄၀ (ဘီစီ ၅၀၄) တွင် မွေးဖွားသည်ဟု သမိုင်းတွင် အမှတ်အသားထား၏။ထိုအမြွှာညီနောင်မှာ မိဖုရားကြီး ကိုယ်ဝန်ရှိခိုက် နဂါးမျက်သင့်ခံရလေသောကြောင့် မွေးဖွားလာသောအခါ မျက်စိနှစ်ကွင်း အလင်းမရရှာသော “မျက်မမြင်” ကလေးများအဖြစ် လူ့လောကသို့ ခြေချလာခဲ့ရှာလေသည်။ ထိုအခါ သတိုးမင်းကြီးသည် သားတော် ၂-ပါးအတွက် အရှက်ရလေသောကြောင့် မိဖုရားကြီးအား “ယခုဖွားသော သူ၂-ယောက်ကို တစ်ပါးသူတို့ မသိလေအောင် ဖျောက်ဖျက်လေ”ဟုမိန့်တော်မူလေ၏။ သို့သော်လည်း မိဖုရားကြီးသည် ဝမ်းနှင့်လွယ်မွေးခဲ့ရသော မိမိရင်သွေးတော် ကလေး၂-ဦးအား လွယ်လွယ်ဖြင့် မဖျက်ဆီးနိုင်။ ဆိုးသော … Read more